တမြေခြားကို အလည်သွားယုံမှ တစ်ပါးသွားရောက်ခိုလှုံဖို့ စိတ်ကူးမရှိကြောင်း ဆိုလာတဲ့ ထျန်ခေး
ချစ်လွန်းလို့ပါ သီချင်းနဲ့ပရိသတ်တွေ ရင်ထဲရောက်ရှိခဲ့ပြီး နာမည်ကြီး လူသိများလာခဲ့တဲ့ အဆိုတော် တျန်ခေး ကိုတော့ အားလုံးပဲ မှတ်မိကြမှာပါပဲနော်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
တျန်ခေး ဟာ အမှန်တရားကို ချစ်မြတ်နိုးတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး စစ်ကောင်စီကို တော်လှန်ဖို့ကြိုးစားနေသူတစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရပြီး
တောတွင်းတစ်နေရာမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီလိုတိမ်းရှောင်နေရင်း တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို ကြိုးစားထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။
ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ထျန်ခေး ကတော့ စိတ်ဓာတ်ခိုင်မာပြတ်သားတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လဲ ခံဝန်ထိုးပြီး သီချင်းတွေပြန်ဆိုဖို့မရှိဘူးဆိုတဲ့ သူ့ရဲ့ပြတ်သားတဲ့ စိတ်ဓာတ်ကို
ပြည်သူတွေသိအောင် ထုတ်ဖော်ပြခဲ့ပါသေးတယ်။ အဆိုတော် ထျန်ခေး ကတော့ တာဝန်ဆိုတာထက် မတရားမှု့ကို မကြိုက်လို့အခုချိန်ထိ ဆက်လက်တော်လှန်နေတာလို့ ရင်ဖွင့်လိုက်ပါတယ်။
” ပြည်သူ ထဲကပြည်သူတစ်ယောက်မို့ တာဝန် ဆိုတာထက် ဝတ်တရား ရှိလို့ ကို အတူတကွ ဆက်ပြီး ရပ်တည်နေတာ အမုန်းတရား နဲ့ အငြိုးစိတ်နဲ့ မတရားမှူ့ကို တွန်းလှန်နေတာထက် အမှန်တရားရဲ့ စွမ်းအားနဲ့ပဲ
ဖုံးလွမ်းနေတဲ့ မတရားမှူ့ကို ထိုးဖောက် ဖြိုခွင်းပစ်ချင်တာ သွေးအေးသွားကြသူများ အေးပေမဲ့ သွေးပူနေတဲ့ ကျန်တော်တို့တွေက ပြည်သူတွေ မျက်ရည်ကျတာမြင်တိုင်း ထပ်တူပူလောင်တယ်
အိပ်မပျော်ဘူးဗျ”လို့ ထျန်ခေး ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။အဆုံးထိ ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*