နှစ်စဉ်လာရောက်ကန်တော့လေ့ရှိတဲ့ ဒီဇိုင်နာမင်းသက်စံကို တန်ဖိုးကြီး စိန်လက်စွပ်ကြီးလက်ဆောင်ပြန်ပေးလိုက်တဲ့ နေတိုး
မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတလက်ဖြစ်တဲ့နေတိုးကတော့ဘယ်လိုဇာတ်ရုပ်မျိုးမှာမဆိုပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဘက်စုံတော်တဲ့အနုပညာရှင်တယောက်ဘဲဖြစ်ပါတယ်။ နေတိုးကတော့အေးအေးဆေးဆေးနေတတ်ပြီးတည်ကြည်ခန့်ညားလို့မိန်းကလေးပရိသတ်တွေက
ကြွေဆင်းနေရတာပဲဖြစ်ပါတယ်နော်။ နေတိုးကမိသားစုကိုလည်းလိုလေသေးမရှိအောင်ဂရုစိုက်ပေးပြီးမိခင်ကိုလည်းစိတ်ချမ်းသာအောင်ထားပေးတဲ့သားလိမ္မာလေးဖြစ်ပါတယ်နော်။
နေတိုးတို့မိသားစုဝင်တွေအကုန်လုံးကစိတ်ဓာတ်ရိုးသားကြပြီးအေးအေးချမ်းချမ်းနေတတ်ကြလို့ လူချစ်လူခင်လည်းပေါများပါတယ် အခုဆိုရင်လည်းဒီဇိုင်နာမင်းသက်စံက နေတိုးတို့အိမ်ကိုသွားပြီး
သီတင်းကျွတ်အတွက်ကန်တော့ခဲ့တာဖြစ်ပါတယ်နော်။ ဒီဇိုင်နာမင်းသက်စံကတော့သီတင်းကျွတ်မှာအမေအရီး၊အဖေ၊အစ်ကိုကိုနေတိုးတို့ကိုသွားကန်တော့တာပါ၊
ဒီနှစ်ဝါကျွတ်မှာရတနာတွေထပ်ဝင်အောင်လာဘ်ဖွင့်တဲ့အနေနဲ့ စိန်လက်စွပ်လက်ဆောင်အစ်ကိုနဲ့အမေတို့ဆီကရပါတယ်၊ကျေးဇူးတင်ပါတယ်ဗျ၊ပျော်စရာကြီးအဲ့ဒါလာကြွားတာဆိုပြီး
အပျော်တွေကိုမျှဝေလာတာဖြစ်ပါတယ်၊နေတိုးတို့မိသားစုကလည်းမိသားစုဝင်တစ်ယောက်လိုချစ်ခင်ရတဲ့ဒီဇိုင်နာမင်းသက်စံကိုမေတ္တာအပြည့်နဲ့လက်ဆောင်ပြန်ပေးလိုက်တာပါနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*