
အွန်လိုင်းအသုံးပြုမှုတွင်ကျယ်လာတာနဲ့အမျှ လူတချို့မှာလည်းအလေ့အကျင့် တစ်ခုစွဲကပ်လာပါတယ်။အဲဒီအလေ့အကျင့် ကတော့
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
အစားအသောက်တွေကိုမစားမီ အင်တာနက်ပေါ်တင်ခြင်းဖြစ်ပါတယ်။ ဒီလိုအင်တာနက်ပေါ်တင်ရာမှာလည်း ပုံနဲ့တွဲဖက်ရေးသားလေ့ရှိတဲ့ စာသားက“စားပါဦး” တို့၊ “အရသာရှိလိုက်တာ” တို့
စသည်ဖြင့် ဖြစ်ပါတယ် တစ်ဖက်က အဲဒီဓာတ်ပုံတွေကိုကြည့်သူ တွေကလည်း။“ငါတို့က စခရင်ကိုလျှာနဲ့ လျက်ရမှာလား” ဆိုတဲ့ ပြောဆိုမှုမျိုး တွေနဲ့ တုံ့ပြန်လေ့ရှိပါတယ်။ အခုတော့ စခရင်ကို
လျှာနဲ့လျက်ရုံနဲ အစားအသောက်တွေရဲ့အရသာကို ခံစား နိုင်တော့မှာပါ ဒါဟာ နည်းပညာရဲ့ကျေးဇူး ကြောင့်ပါပဲဂျပန်ပါမောက္ခတစ်ဦးက လျှာနဲ့လျက် လိုက်ရင် အရသာကိုရရှိစေနိုင်မယ့် တီဗွီဖန်သားပြင်တစ်မျိုးကို
တီထွင်ဖန်တီးခဲ့တာပါ။ ဒါ့အပြင် ကမ္ဘာ့ကပ်ရောဂါဖြစ်နေစဉ် ကာလမှာ အိမ်ထဲကနေအိမ်အပြင်မထွက်ဘဲ ကိုယ်စားချင်တဲ့အရာတွေရဲ့ အရသာကို ခံစားနိုင်စေဖို့ အတွက် ဒီလိုဖန်တီးနိုင်မှုက
အရေးကြီးတဲ့အဆင့်တစ်ဆင့်ဖြစ်နေပါတယ် တီဗွီကိုမြည်းကြည့်ပါလို့ အဓိပ္ပာယ်ရတဲ့ နာမည်ပေးထားတဲ့ အဲဒီဖန်သားပြင်ဟာ သီးခြားသတ်မှတ်ထားတဲ့ အစားအသောက် ရဲ့အရသာကိုဖန်တီးဖို့
အရသာမှုန့်ပါဘူး ၁၀ ဘူးနဲ့ဖျန်းပေးနေမှာဖြစ်ပါတယ် အဲဒီတီဗွီဖန်သားပြင်ကို တီထွင်ဖန်တီးသူကတော့ မေဂျီတက္ကသိုလ်မှပါမောက္ခဟိုမေ မီယာရှီတာဖြစ်ပြီး သူ့ရဲ့အန္တိမရည်မှန်းချက်က လူတွေအနေနဲ့
ကိုယ့်အိမ်မှာပဲကိုယ်နေ သည့်တိုင် ကမ္ဘာရဲ့တခြားဘက်မှာရှိတဲ့ စားသောက်ဆိုင်ကနေ ကိုယ်စားချင်တဲ့အစားအသောက်ရဲ့အရသာကို စားသောက်ဆိုင်မှာ ထိုင်စားနေ သလိုမျိုး
အတွေ့အကြုံကိုရ ရှိစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ မီယာရှီတာနဲ့ကျောင်းသားအယောက် ၃၀ ဟာ အရသာမှုန့်နဲ့ပတ်သက်တဲ့ ပစ္စည်း အမျိုးမျိုးကိုလည်း ဖန်တီးထားနိုင်ခဲ့ပါတယ်အလားတူ
အစားအသောက်တွေကိုအရသာပိုရှိစေမယ့် ခက်ရင်းတစ်မျိုးကိုလည်း ဖန်တီးနေပါတယ်။ အခု လျှာနဲ့လျက်နိုင်တဲ့ တီဗွီ ဖန်သားပြင် ဆိုရင်လည်း လူသားရဲ့လျှာနဲ့ထိတွေ့လိုက်တဲ့အခါအစားအသောက်နဲ့ပတ်သက်တဲ့
အရသာအာရုံခံစားမှုတွေကို ပြန်လည် ဖန်တီးပေးနိုင်ပါလိမ့်မယ် လက်ရှိအချိန်မှာတော့ ရှေ့ပြေးပုံစံသာရှိ နေသေးတဲ့ အဲဒီတီဗွီဖန်သားပြင်ကို ပါမောက္ခမီယာရှီတာကိုယ်တိုင် ပြီးခဲ့တဲ့နှစ် ကတည်းက ဖန်တီးခဲ့တာဖြစ်ပြီး
ရောင်းချဖို့အထိထုတ်လုပ်မယ်ဆိုရင်တော့ သူ့အနေနဲ့တီဗွီဖန်သားပြင်တစ်ခုကို အကြမ်းဖျင်း ယန်းတစ်သိန်းအထိ ကျသင့်မယ်လို့ဆိုပါတယ်။ အခုရှေ့ပြေးပုံစံကို ကျောင်းသူတစ်ဦး ဖြစ်တဲ့
ယူကီဟိုကသတင်းထောက်တွေ အတွက် သရုပ်ပြသ ပေးခဲ့တာဖြစ်ပါတယ် ဒီလိုသရုပ်ပြသပေးရာမှာ သူ့အနေနဲ့ ချော ကလက်စားချင်တယ်လို့ တီဗွီဖန်သားပြင်ကို အသိပေးလိုက်တဲ့အခါ အရသာမှုန့်ဘူးတွေက
ပလတ်စတစ်အခင်းတစ်ခုပေါ်မှာ အရသာမှုန့်တွေကိုဖျန်းပေးလိုက်ပါတယ် အဲဒီအခင်းပေါ်ကအရသာမှုန့်တွေကို လျှာနဲ့လျက်ကြည့်ပြီးအရသာခံရာမှာတော့ တကယ့်ကို နို့ချောကလက်အရသာရရှိ တယ်လို့ သူကဆိုပါတယ်
ဒါကြောင့် လျှာနဲ့လျက်ပြီးအရသာခံနိုင်တဲ့ တီဗွီဖန်သားပြင်ဟာ မည်သည့်ညစ်ပေရှုပ်ပွမှုမျှမရှိဘဲ ရေခဲမုန့် အရသာကို ပေးစွမ်းနိုင် သည်သာမက အဖျော်ဆရာတွေ၊ စားဖိုမှူး တွေကိုလည်း
အဝေးကနေသင်ကြားပြသမှုတွေ ပေးစွမ်း နိုင်ဦးမှာပါ အခုလက်ရှိမှာတော့ ပါမောက္ခမီယာရှီတာဟာ သူ့ရဲ့နည်းပညာကိုကုမ္ပဏီတွေအနေနဲ့ မူပိုင်ခွင့်ရယူအသုံးပြုကာ တခြားသော အရာများ ထုတ်လုပ်နိုင်စေဖို့ ဆွေးနွေးမှုတွေလုပ်နေဆဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
အြန္လိုင္းအသုံးျပဳမႈတြင္က်ယ္လာတာနဲ႕အမွ် လူတခ်ိဳ႕မွာလည္းအေလ့အက်င့္ တစ္ခုစြဲကပ္လာပါတယ္။အဲဒီအေလ့အက်င့္ ကေတာ့
အစားအေသာက္ေတြကိုမစားမီ အင္တာနက္ေပၚတင္ျခင္းျဖစ္ပါတယ္။ ဒီလိုအင္တာနက္ေပၚတင္ရာမွာလည္း ပုံနဲ႕တြဲဖက္ေရးသားေလ့ရွိတဲ့ စာသားက“စားပါဦး” တို႔၊ “အရသာရွိလိုက္တာ” တို႔
စသည္ျဖင့္ ျဖစ္ပါတယ္ တစ္ဖက္က အဲဒီဓာတ္ပုံေတြကိုၾကည့္သူ ေတြကလည္း။“ငါတို႔က စခရင္ကိုလွ်ာနဲ႕ လ်က္ရမွာလား” ဆိုတဲ့ ေျပာဆိုမႈမ်ိဳး ေတြနဲ႕ တုံ႕ျပန္ေလ့ရွိပါတယ္။ အခုေတာ့ စခရင္ကို
လွ်ာနဲ႕လ်က္႐ုံနဲ အစားအေသာက္ေတြရဲ႕အရသာကို ခံစား နိုင္ေတာ့မွာပါ ဒါဟာ နည္းပညာရဲ႕ေက်းဇူး ေၾကာင့္ပါပဲဂ်ပန္ပါေမာကၡတစ္ဦးက လွ်ာနဲ႕လ်က္ လိုက္ရင္ အရသာကိုရရွိေစနိုင္မယ့္ တီဗြီဖန္သားျပင္တစ္မ်ိဳးကို
တီထြင္ဖန္တီးခဲ့တာပါ။ ဒါ့အျပင္ ကမာၻ႔ကပ္ေရာဂါျဖစ္ေနစဥ္ ကာလမွာ အိမ္ထဲကေနအိမ္အျပင္မထြက္ဘဲ ကိုယ္စားခ်င္တဲ့အရာေတြရဲ႕ အရသာကို ခံစားနိုင္ေစဖို႔ အတြက္ ဒီလိုဖန္တီးနိုင္မႈက
အေရးႀကီးတဲ့အဆင့္တစ္ဆင့္ျဖစ္ေနပါတယ္ တီဗြီကိုျမည္းၾကည့္ပါလို႔ အဓိပၸာယ္ရတဲ့ နာမည္ေပးထားတဲ့ အဲဒီဖန္သားျပင္ဟာ သီးျခားသတ္မွတ္ထားတဲ့ အစားအေသာက္ ရဲ႕အရသာကိုဖန္တီးဖို႔
အရသာမႈန႔္ပါဘူး ၁၀ ဘူးနဲ႕ဖ်န္းေပးေနမွာျဖစ္ပါတယ္ အဲဒီတီဗြီဖန္သားျပင္ကို တီထြင္ဖန္တီးသူကေတာ့ ေမဂ်ီတကၠသိုလ္မွပါေမာကၡဟိုေမ မီယာရွီတာျဖစ္ၿပီး သူ႕ရဲ႕အႏၲိမရည္မွန္းခ်က္က လူေတြအေနနဲ႕
ကိုယ့္အိမ္မွာပဲကိုယ္ေန သည့္တိုင္ ကမာၻရဲ႕တျခားဘက္မွာရွိတဲ့ စားေသာက္ဆိုင္ကေန ကိုယ္စားခ်င္တဲ့အစားအေသာက္ရဲ႕အရသာကို စားေသာက္ဆိုင္မွာ ထိုင္စားေန သလိုမ်ိဳး
အေတြ႕အႀကဳံကိုရ ရွိေစဖို႔ျဖစ္တယ္လို႔ ဆိုပါတယ္။ မီယာရွီတာနဲ႕ေက်ာင္းသားအေယာက္ ၃၀ ဟာ အရသာမႈန႔္နဲ႕ပတ္သက္တဲ့ ပစၥည္း အမ်ိဳးမ်ိဳးကိုလည္း ဖန္တီးထားနိုင္ခဲ့ပါတယ္အလားတူ
အစားအေသာက္ေတြကိုအရသာပိုရွိေစမယ့္ ခက္ရင္းတစ္မ်ိဳးကိုလည္း ဖန္တီးေနပါတယ္။ အခု လွ်ာနဲ႕လ်က္နိုင္တဲ့ တီဗြီ ဖန္သားျပင္ ဆိုရင္လည္း လူသားရဲ႕လွ်ာနဲ႕ထိေတြ႕လိုက္တဲ့အခါအစားအေသာက္နဲ႕ပတ္သက္တဲ့
အရသာအာ႐ုံခံစားမႈေတြကို ျပန္လည္ ဖန္တီးေပးနိုင္ပါလိမ့္မယ္ လက္ရွိအခ်ိန္မွာေတာ့ ေရွ႕ေျပးပုံစံသာရွိ ေနေသးတဲ့ အဲဒီတီဗြီဖန္သားျပင္ကို ပါေမာကၡမီယာရွီတာကိုယ္တိုင္ ၿပီးခဲ့တဲ့ႏွစ္ ကတည္းက ဖန္တီးခဲ့တာျဖစ္ၿပီး
ေရာင္းခ်ဖိဳ႕အထိထုတ္လုပ္မယ္ဆိုရင္ေတာ့ သူ႕အေနနဲ႕တီဗြီဖန္သားျပင္တစ္ခုကို အၾကမ္းဖ်င္း ယန္းတစ္သိန္းအထိ က်သင့္မယ္လို႔ဆိုပါတယ္။ အခုေရွ႕ေျပးပုံစံကို ေက်ာင္းသူတစ္ဦး ျဖစ္တဲ့
ယူကီဟိုကသတင္းေထာက္ေတြ အတြက္ သ႐ုပ္ျပသ ေပးခဲ့တာျဖစ္ပါတယ္ ဒီလိုသ႐ုပ္ျပသေပးရာမွာ သူ႕အေနနဲ႕ ေခ်ာ ကလက္စားခ်င္တယ္လို႔ တီဗြီဖန္သားျပင္ကို အသိေပးလိုက္တဲ့အခါ အရသာမႈန႔္ဘူးေတြက
ပလတ္စတစ္အခင္းတစ္ခုေပၚမွာ အရသာမႈန႔္ေတြကိုဖ်န္းေပးလိုက္ပါတယ္ အဲဒီအခင္းေပၚကအရသာမႈန႔္ေတြကို လွ်ာနဲ႕လ်က္ၾကည့္ၿပီးအရသာခံရာမွာေတာ့ တကယ့္ကို နို႔ေခ်ာကလက္အရသာရရွိ တယ္လို႔ သူကဆိုပါတယ္
ဒါေၾကာင့္ လွ်ာနဲ႕လ်က္ၿပီးအရသာခံနိုင္တဲ့ တီဗြီဖန္သားျပင္ဟာ မည္သည့္ညစ္ေပရႈပ္ပြမႈမွ်မရွိဘဲ ေရခဲမုန႔္ အရသာကို ေပးစြမ္းနိုင္ သည္သာမက အေဖ်ာ္ဆရာေတြ၊ စားဖိုမႉး ေတြကိုလည္း
အေဝးကေနသင္ၾကားျပသမႈေတြ ေပးစြမ္း နိုင္ဦးမွာပါ အခုလက္ရွိမွာေတာ့ ပါေမာကၡမီယာရွီတာဟာ သူ႕ရဲ႕နည္းပညာကိုကုမၸဏီေတြအေနနဲ႕ မူပိုင္ခြင့္ရယူအသုံးျပဳကာ တျခားေသာ အရာမ်ား ထုတ္လုပ္နိုင္ေစဖို႔ ေဆြးေႏြးမႈေတြလုပ္ေနဆဲျဖစ္ပါတယ္။ ခရက္ဒစ္
Leave a Reply