ပရဟိတကိုအသုံးချနေတယ်ဆိုပြီး လုပ်ကြံလီဆယ် ဝေဖန်နေကြတဲ့အပေါ် သူမရဲ့ခံယူချက်ကို ပြတ်သားစွာထုတ်ပြောလာတဲ့ ခိုင်နှင်းဝေ
မိတ်ဆွေတို့ရေ ခိုင်နှင်းဝေဆိုတဲ့ ပရဟိတမင်းသမီးကြီးကို အားလုံးပဲသိကြမယ်လို့ထင်ပါတယ်။ သူမဟာ သူမ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း ပရဟိတလုပ်ငန်းတွေကိုပါ တက်တက်ကြွကြွလုပ်ဆောင်နေသူပါ။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပရဟိတမိခင်ကြီးအဖြစ် အများကသတ်မှတ်ထားတဲ့ ခိုင်နှင်းဝေဟာ စွန့်ပစ်ကလေးငယ်တွေကို ခေါ်ယူမွေးစားကာ ခိုင်နှင်းဝေဂေဟာကြီးဦးစီတည်ထောင်လျက်ရှိတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမရဲ့ မိဘမဲ့ကလေးဂေဟာလေးဟာလည်း
အရမ်းကို ကြည်နူးစရာကောင်းပြီး လူတိုင်းအားကျလေးစားနေမှုကို ခံရသူလေးပါနော်။ သူထိန်းကျောင်းကျွေးမွေးပြုစုထားတဲ့ ကလေးလေးတွေ အများကြီးရှိသလို အားလုံးကိုလည်း မိခင်သဖွယ်စောင့်ရှောက်ပေးသူပါ။
စေတနာအကျိုးပေးတယ်ဆိုသလို သူ့ဂေဟာက‌ကလေးတွေကလည်း ခိုင်နှင်းဝေအပေါ်ချစ်ခင်ပြီး ကျေးဇူးသိတတ်ကြပါတယ်။ အမြဲအလှူအတန်းပရဟိတအလုပ်တွေကိုဆက်တိုက်ပြုလုပ်နေတဲ့ ခိုင်နှင်းဝေကတော့ လူတန်းစားမခွဲခြားဘဲ
ကိုယ်ချင်းစာတရားလက်ကိုင်ထားတဲ့ သူဆိုတာ အမှန်ပါပဲနော်။ ဒီနေ့မှာတော့ သရုပ်ဆောင် ခိုင်နှင်းဝေကပရဟိတကို ဗန်းပြပြီး လုပ်စားနေတယ်လို့ ဝေဖန်ခံရတဲ့အပေါ် သူမရဲ့ခံစားချက်ကို ထုတ်ဖော်ဖြေရှင်းလာတာလည်းဖြစ်ပါတယ်။
ခိုင်နှင်းဝေက “ဘုရား တရားလုပ်ပီဆို အကုသိုလ်ကစပြီပရဟိတလုပ်ရင် Brand မဝတ်ရဘူး၊စားစရာမရှိလို့ ထ,လုပ်တယ်၊ အလှူငွေတွေ တအားရတယ် ဆိုပြီးပဲ ဝေဖန်ကြတာကို စိတ်ထဲ မထားပဲနေလို့ရပေမဲ့ ကျမ စွန့်ပစ်ကလေးတွေကို
မကယ်ပဲထားနိုင်တဲ့ စိတ်တော့ မရှိလို့ ဆက်လက်ပြီး ကယ်တင်ဖြစ်ဦးမှာပါ။ ကျမ အနောက်မှာ လက်မဲလဲ မရှိသလို လက်ဖြူလဲ မရှိပါဘူး။ အသက် (၁၈)နှစ်ထဲက အနုပညာလောကကို ခြေချလာတဲ့အတွက် ကျမက ကလေးတွေရော၊
ပရဟိတကိုရော ဗန်းပြမှ စားနိုင်သောက်နိုင်လဲ မဟုတ်ပါဘူးရှင်။ ကျမ ကလေးတွေနဲ့ ကျမ ပျော်သလိုနေပြီး ကျမ လုပ်နိုင်သလောက် ဆက်လုပ်သွားမှာမို့ ကျမကို ဝေဖန်တိုက်ခိုက်ရင်လဲ ကျမအတွက် ဘာမှမဖြစ်သလို အကိုတို့ အမတို့အတွက်လဲ
တရက်အပြင် အပျင်းမပြေနိုင်ပါဘူးရှင်ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။ အခုလို စိတ်သဘောထားပြည့်ဝလွန်းတဲ့ ပရဟိတမင်းသမီးကြီးခိုင်နှင်းဝေကိုတောင် အပြစ်မရှိအပြစ်ရှာ ဝေဖန်ပြစ်တင်တဲ့သူတွေလဲ ရှိပါလားနော်။ အံသြမိပါရဲ့။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*