မိတ်ဆွေတို့ရေ တစ်ခေတ်တစ်ခါက အနှစ်သာရရှိပြီး နားဆင်ချင်စဖွယ်ကောင်းလွန်းတဲ့ သီချင်းကောင်းများကို ဖန်တီးသီဆိုခဲ့ပြီး ပရိသတ်အကြိုက် အချစ်အလွမ်းအဆွေးသီချင်းများဖြင့် နာမည်ကျော်ကြားလာတဲ့ ဂျေညီညီကတော့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
နာမည်ကြီးထိပ်တန်းအဆိုတော်ကြီးအဖြစ်နဲ့ အောင်မြင်မှုတွေကို များစွာသိမ်းပိုက်ထားနိုင်ခဲ့တဲ့ အဆိုတော်ကြီးတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ချစ်တဲ့ တေးသီချင်းတွေကို သီဆိုနေရင်း
ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိနေဆဲဖြစ်ကာ အနုပညာလောကမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။ အဆိုတော် ဂျေညီညီဟာ “ဒီမိုး၊ လူပျိုကြီးပဲလုပ်တော့မယ်၊ ပလက်ဖောင်းရှိုး၊
ငယ်ငယ်တုန်းကထက်ပိုချစ်တယ်၊ စွဲနေပြီ၊ အလွမ်းကဖီး၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ” အစရှိတဲ့ အခုထိတိုင် လူကြိုက်များနေဆဲဖြစ်တဲ့ တးသီချင်းကောင်းများစွာကို ဖန်တီးသီဆိုခဲ့သူဖြစ်ပါတယ်။
လတ်တလောမှာတော့ အဆိုတော် ဂျေညီညီဟာ တင်ပါးစုံရို.းကျို းသွားတာကြောင့် ခွဲစိတ်ကုသမှုခံယူရဖို့ရှိတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တစ်ဆင့် အသိပေးလာခဲ့ပါတယ်။ “ကဲ ဆွေတော်ရှစ်သောင်း
မျိုးတော်အပေါင်းတို့ရေ ဖြစ်နေတဲ့ရောဂါက တင်ပုဆုံအရိုးဆုံကျို းသွားတာပါတဲ့ ခွဲပြီး ball အသစ်လဲရမှာပါတဲ့ဗျား” ဆိုတဲ့ စားသားလေးနဲ့အတူ လက်ရှိ ဝှီးချဲပေါ်မှာ ထိုင်နေရတဲ့ သူရဲ့ လက်ရှိပုံလေးနဲ့အတူ
မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရေ အဆိုတော်ကြီး ဦးဂျေညီညီတစ်ယောက် ခွဲစိတ်ကုသမှုအောင်မြင်ပြီး အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply