ပိုက်ဆံအတု ၁၈ သိန်းခန့်ကိုင်ဆောင်ပြီး ဈေးလာဝယ်သည့် အမျိုးသားကို ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီး

ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်ရှိ ဈေးတွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများဖြင့် ဈေးလာဝယ်သည့် အမျိုးသားတစ်ဦးကို ယနေ့ နေ့လယ် ၁၂ နာရီခန့်က

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်းသိရသည်။ တစ်သောင်းတန် ငွေစက္ကူအတု ၁၈ သိန်းခန့် ကိုင်ဆောင်ကာ ဈေးလာဝယ်သည့် အမျိုးသားနှစ်ဦးမှ တစ်ဦးအား

ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သော်လည်း ကျန်တစ်ဦးမှာ လွတ်မြောက်သွားကြောင်း ဖမ်းဆီးရာတွင်ပါဝင်ခဲ့သော အမျိုးသားတစ်ဦးက The ၇၄ Media ကိုပြောသည်။“ဆိုင်မှာ အထည်ဝယ်သွားတယ်။

တတိယအကြိမ်လောက်မှ အတုမှန်းသိသွားတာ။ ဘေးနားကဆိုင်တွေက ဒါအတုပဲလို့ပြောမှ သူကစိတ်မကောင်းဖြစ်နေတာ။ တတိယအကြိမ်မှ အဲ့လူကို ဖမ်းပြီးတော့မှ လာကူကြပါ။ လာဖမ်းကြပါလို့

ဆိုင်ဘေးနားကလူတွေခေါ်တော့ ကျွန်တော်တို့ သွားကူပေးတယ်။ တတိယအကြိမ်မှ အန်တီက သိရတာ။ ရုပ်ဖျက်ပြီးမှ လာတာပေါ့။ တတိယအကြိမ်တော့ အင်္ကျီလဲပြီးမှ လာတာပေါ့။

အင်္ကျီလဲပြီးမှ လာဝယ်တာ။ ဒီမှာဝယ်လို့ရတယ်ဆိုပြီးမှ ပြန်လာတာပေါ့။ တစ်ရက်တည်းကို သုံးခါလာတာ” ဟုပြောသည်။ အဆိုပါအထည်ဆိုင်မှ အထည်ဖိုး နှစ်သိန်းရှစ်သောင်းကျော်ဖိုး ပစ္စည်းဝယ်ယူခဲ့ပြီး

တတိယအကြိမ် လာဝယ်သည့်အချိန်မှ ပြန်လည်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းလည်း သူကဆက်ပြောသည်။ ပိုက်ဆံအတုဖြင့် လာရောက်ဈေးဝယ်သူမှာ ဧရာဝတီတိုင်းမှ ဖြစ်ပြီး

မူလာရှီးဒီတံတားရှိ ရဲစခန်းသို့ အပ်နှံလိုက်ကြောင်းသိရသည်။ အလားတူ မြစ်ကြီးနားမြို့တွင်လည်း ငွေစက္ကူအတုများကို ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များနှင့် ငွေသွင်း၊ ငွေလွှဲပြုလုပ်သည့် ဆိုင်များတွင်

လာရောက်အသုံးပြုမှုများ ရှိနေကြောင်းသိရသည်။ ထို့အပြင် လူမူကွန်ယက်စာမျက်နှာ ဖေ့စ်ဘုတ်တွင် ငွေစက္ကူအတုများကို ပွင့်လင်းမြင်သာစွာ အရောင်းအဝယ်ပြုလုပ်နေသည့် ပေချ့်များကိုလည်း မြင်တွေ့နေရသည်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

ပူတာအိုၿမိဳ႕ မူလာရွီးဒီရပ္ကြက္ရွိ ေဈးတြင္ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴအတုမ်ားျဖင့္ ေဈးလာဝယ္သည့္ အမ်ိဳးသားတစ္ဦးကို ယေန႕ ေန႕လယ္ ၁၂ နာရီခန႔္က

ျပည္သူမ်ား ဝိုင္းဝန္းဖမ္းဆီးခဲ့ေၾကာင္းသိရသည္။ တစ္ေသာင္းတန္ ေငြစကၠဴအတု ၁၈ သိန္းခန႔္ ကိုင္ေဆာင္ကာ ေဈးလာဝယ္သည့္ အမ်ိဳးသားႏွစ္ဦးမွ တစ္ဦးအား

ျပည္သူမ်ား ဝိုင္းဝန္းဖမ္းဆီးနိုင္ခဲ့ေသာ္လည္း က်န္တစ္ဦးမွာ လြတ္ေျမာက္သြားေၾကာင္း ဖမ္းဆီးရာတြင္ပါဝင္ခဲ့ေသာ အမ်ိဳးသားတစ္ဦးက The ၇၄ Media ကိုေျပာသည္။“ဆိုင္မွာ အထည္ဝယ္သြားတယ္။

တတိယအႀကိမ္ေလာက္မွ အတုမွန္းသိသြားတာ။ ေဘးနားကဆိုင္ေတြက ဒါအတုပဲလို႔ေျပာမွ သူကစိတ္မေကာင္းျဖစ္ေနတာ။ တတိယအႀကိမ္မွ အဲ့လူကို ဖမ္းၿပီးေတာ့မွ လာကူၾကပါ။ လာဖမ္းၾကပါလို႔

ဆိုင္ေဘးနားကလူေတြေခၚေတာ့ ကြၽန္ေတာ္တို႔ သြားကူေပးတယ္။ တတိယအႀကိမ္မွ အန္တီက သိရတာ။ ႐ုပ္ဖ်က္ၿပီးမွ လာတာေပါ့။ တတိယအႀကိမ္ေတာ့ အကၤ်ီလဲၿပီးမွ လာတာေပါ့။

အကၤ်ီလဲၿပီးမွ လာဝယ္တာ။ ဒီမွာဝယ္လို႔ရတယ္ဆိုၿပီးမွ ျပန္လာတာေပါ့။ တစ္ရက္တည္းကို သုံးခါလာတာ” ဟုေျပာသည္။ အဆိုပါအထည္ဆိုင္မွ အထည္ဖိုး ႏွစ္သိန္းရွစ္ေသာင္းေက်ာ္ဖိုး ပစၥည္းဝယ္ယူခဲ့ၿပီး

တတိယအႀကိမ္ လာဝယ္သည့္အခ်ိန္မွ ျပန္လည္ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္းလည္း သူကဆက္ေျပာသည္။ ပိုက္ဆံအတုျဖင့္ လာေရာက္ေဈးဝယ္သူမွာ ဧရာဝတီတိုင္းမွ ျျဖစ္ၿပီ

မူလာရွီးဒီတံတားရွိ ရဲစခန္းသို႔ အပ္ႏွံလိုက္ေၾကာင္းသိရသည္။ အလားတူ ျမစ္ႀကီးနားၿမိဳ႕တြင္လည္း ေငြစကၠဴအတုမ်ားကို ကုန္စုံဆိုင္မ်ား၊ ဖုန္းဆိုင္မ်ားႏွင့္ ေငြသြင္း၊ ေငြလႊဲျပဳလုပ္သည့္ ဆိုင္မ်ားတြင္

လာေရာက္အသုံးျပဳမႈမ်ား ရွိေနေၾကာင္းသိရသည္။ ထို႔အျပင္ လူမူကြန္ယက္စာမ်က္ႏွာ ေဖ့စ္ဘုတ္တြင္ ေငြစကၠဴအတုမ်ားကို ပြင့္လင္းျမင္သာစြာ အေရာင္းအဝယ္ျပဳလုပ္ေနသည့္ ေပခ့်္မ်ားကိုလည္း ျမင္ေတြ႕ေနရသည္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*