သရုပ်ဆောင် မော်ဒယ်လ် မင်းသားချော ပိုင်တံခွန်ကတော့ ပြည်တွင်း အနုပညာလောကတွင်မှာ သာမက ပြည်ပ အာရှနိုင်ငံများအထိပါ အောင်မြင် ကျော်ကြားသော မော်ဒယ်လ်သရုပ်ဆောင်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
တစ်ယောက်ပဲ ဖြစ်ပါတယ် နော်။ ပိုင်တံခွန် ဟာဆိုရင် နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတုန်းက စကစရဲ့ဖမ်းဆီး အကျဉ်းချခြင်း ခံခဲ့ရသူ တစ်ယောက် ဖြစ်ပြီး လအတန်ကြာပြီးမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့
ပြန်လည် လွတ်မြောက်လာ ခဲ့တာပဲဖြစ် ပါတယ်။ ပိုင်တံခွန် အကျဉ်းကျနေစဉ် အချိန်အတွင်း မှာတော့ သူ့ရဲ့မိခင်ဟာလည်း ကိုဗစ်ရောဂါကြောင့် ဆေးရုံမှာ အချိန်အကြာကြီး ကုသမှုခံယူခဲ့ ရသလို
သားဖြစ်သူကို လွမ်းဆွတ် သတိရစိတ်၊ ပူပန်သောက စိတ်တွေနဲ့ မိခင်သောကကို ပြင်းပြစွာ ခံစားခဲ့ရပြီး ကျန်းမာရေး ချို့ယွင်းမှု အကြီးအကျယ် ဖြစ်ခဲ့ ခံစားခဲ့ ရတာကို အားလုံး အသိပါပဲနော်။
သားဖြစ်သူပိုင်တံခွန် လွတ်မြောက်လာပြီးတဲ့နောက် ပိုင်တံခွန်ရဲ့မိခင်ဟာ သားဖြစ်သူ ပြန်ရောက်လာတဲ့ အတွက် သောကတွေ ကင်းစင်ဝေးပြီး အင်အားတွေ ပြည့်ဝကာ အမြန်ပင် ပြန်လည်ကျန်းမာကာ
ထူထူထောင်ထောင် ပြန်ဖြစ်လာခဲ့ပါ တယ်။ သို့ပေမယ့်လည်း အသက်အရွယ်တစ်ခုရရှိ နေပြီဖြစ်တဲ့ ပိုင်တံခွန်ရဲ့ မေမေဟာ ဒီကနေ့ မှာတော့ တချိန်က ဖြစ်ခဲ့တဲ့ ကိုဗစ်ရဲ့နောက်ဆက်တွဲကျန်းမာရေး
ထိခိုက်မှု အခြေအနေတွေကြောင့်ဆေးရုံတက်ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရ ပြန်တယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းကိုတော့ ပိုင်တံခွန်ရဲ့အစ်မဖြစ်သူ ဓာတ်ပုံဆရာမလေး မေချစ်သွေးက ကျန်းမာရေး အခြေအနေကြောင့်
ဆေးရုံတက်နေရရှာတဲ့ မိခင်ဖြစ်သူရဲ့ဓာတ်ပုံလေးကို ဝေမျှ ပြသလာပြီး “ကိုဗစ် နောက်ဆက်တွဲရဲ့ ဆိုးကျိုးတွေ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက် ဖေ့ဘုတ်စ် စာမျက်နှာထက် ကနေပြီးတော့ ပရိသတ်ပြည်သူများအား
ဝမ်းနည်းစွာ အသိပေးလို့ လာခဲ့တာပဲဖြစ် ပါတယ်နော်။ ပရိသတ်ကြီးရေ ပိုင်တံခွန်ရဲ့မေမေကတော့ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ တုန်းကလည်း အချိန်အကြာကြီး ကြာခဲ့သည်အထိ ဆေးရုံတက်ပြီး ကုသခဲ့ရပြီးကာမှ
ပြန်လည်ကျန်းမာလာခဲ့ ရပေမယ့် ဒီတစ်ခါမှာတော့ ချစ်ရတဲ့ သားတွေ သမီးတွေနဲ့ မြေးလေးလည်း အနီးကပ် ရှိကာ ပြုစုပေးနေကြတာမို့ အမြန်ဆုံး ပြန်လည်ကျန်းမာ လာမယ်ဆိုတာ အသေအချာပါပဲ။ ပိုင်တံခွန်ရဲ့မိခင်တစ်ယောက် အနေနဲ့
ပရိသတ်တွေက စတင် သိခဲ့ရပြီး ရိုးသားဖြောင့်မတ်တဲ့ စိတ်ထားနဲ့ ရိုးရှင်းတဲ့ ပြောဟန်လေးတွေကြောင့် ပြည်သူက ချစ်နေကြရသော ပိုင်တံခွန်၏မိခင်ကြီး ဖြစ်သူ အန်တီကြူ တစ်ယောက်
ပရိသတ်ပြည်သူတွေ ပို့သတဲ့ မေတ္တာကြောင့် အမြန်ဆုံး နေကောင်း ကျန်းမာပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply