ရုရှားရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းတဲ့ လ က်နက်တွေကို မဝယ်ယူကြဖို့ အရှေ့တောင်အာရှနိုင်ငံတွေကို တိုက်တွန်းစကားဆိုလာတဲ့ ယူကရိန်း

စစ်မြေပြင်မှာ မော်စကိုရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုဟာ သူတို့လ က်နက်တွေရဲ့ အရည်အသွေး မကောင်းတာကြောင့်ဖြစ်ကြောင်း ယူကရိန်းက ပြောကြားပြီး အရင်က ရုရှားဆီက

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

လ က်နက် ဝယ်ယူထားတဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အနေနဲ့ ပြန်လည်စဉ်းစားသင့်ကြောင်း ယူကရိန်းက ပြောကြားပါတယ်။ အာရှဂျာနယ်လစ်တွေနဲ့ သြဂုတ်လ ၂၄ရက်ကတွေ့ဆုံမေးမြန်းမှု အတွင်း

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက သူတို့မေးတဲ့ မေးခွန်းတွေကို ဖြေကြားချိန်မှာ အထက်ပါအတိုင်း တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ယူကရိန်း-ရုရှား ပဋိပက္ခစတင်ပြီးနောက်ပိုင်း

နိုင်ငံအများဟာ လ က်နက်အမျိုးမျိုး တင်သွင်းထားကြကြောင်း ကာကွယ်ရေးဆိုင်ရာ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ ရုရှားဟာ အမေရိကန်ပြီးနောက် ကမ္ဘာမှာ ဒုတိယမြောက် လက်နက် အများဆုံး တင်ပို့ရောင်းချနေတဲ့ နိုင်ငံဖြစ်ပေမယ့်

အရှေ့တောင်အာရှကို မော်စကိုက လ က်နက်အများဆုံး တင်ပို့ရောင်းချနေပါတယ်။ ဒေသဆိုင်ရာ အစိုးရတွေအနေနဲ့ ရုရှားလ က်နက်တွေကို သတိထားဝယ်ယူသင့်တယ်လို့ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားပါတယ်။

မော်စကို မြို့အပြင်ဖက်မှာ ပြုလုပ်ခဲ့တဲ့ လ က်နက် ပြပွဲတစ်ခုအတွင်း ရုရှားလ က်နက်တွေဟာ အခြားနိုင်ငံတွေက ထုတ်လုပ်တဲ့ လ က်နက်တွေနဲ့ ယှဉ်ရင် နှစ်များစွာ ရှေ့ရောက်နေတယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က

ပြောကြားခဲ့ပြီးနောက် ကူလီဘာရဲ့ အထက်ပါပြောဆိုချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားလ က်နက်တွေကို ဝယ်ယူဖို့ စဉ်းစားနေတဲ့ နိုင်ငံတွေအနေနဲ့ စစ်ပွဲအတွင်း ရုရှားလ က်နက်တွေကို ယူကရိန်းတပ်တွေက

ဖျက်ဆီးလိုက်တဲ့ အတွေ့အကြုံကို အရင်ဆုံး လေ့လာသင့်တယ်လို့ ကူလီဘာက ပြောကြားပါတယ်။ ပြပွဲတွေမှာ အရည်အသွေးအရမ်းကောင်းပုံပေါ်ပေမယ့် စစ်မြေပြင်မှာ မရှင်သန်နိုင်ဖြစ်ရမယ့် လ က်နက်တွေ အတွက်

ဒေါ်လာ သန်းချီ ဘီလီယံနဲ့ချီပြီး မသုံးသင့်ဘူးလို့ ကူလီဘာက ပြောကြားပါတယ်။ မိမိတို့ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ရုရှားမှာ အဆင့်မြင့်၊ တိတိကျကျ ပ စ်ခတ်နိုင်တဲ့ လ က်နက်တွေ ပြတ်လပ်နေပေမယ့်

ဆိုဗီယက်ခေတ်က လ က်နက်တွေတော့ အများအပြားရှိနေတုန်းပဲဖြစ်ကြောင်း ကူလီဘာက ပြောကြားပါတယ်။ ၂၀၂၀နဲ့ ၂၀၂၁ကြားကာလမှာ ရုရှားက အရှေ့တောင်အာရှကို ၁၀ဒဿမ၈၇ ဘီလီယံတန်ဖိုးရှိ လ က်နက်တွေ

တင်ပို့ခဲ့ပြီး အမေရိကန်ရဲ့ အဲ့ဒီကာလအတွင်း လ က်နက် တင်ပို့ဟာ ကန်ဒေါ်လာ ၈ဒဿမ ၄ဘီလီယံ တန်ဖိုးပဲ ရှိခဲ့ကာ တ ရုတ်က ကန်ဒေါ်လာ ၂ဒဿ၉ ဘီလီယံဖိုး တင်ပို့ခဲ့ပါတယ်။အရှေ့တောင်အာရှမှာ

ရုရှားဆီက လ က်နက်ဝယ်ယူမှု အများဆုံးနိုင်ငံတွေကတော့ ဗီယက်နမ်၊ မြန်မာ၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ပဲဖြစ်ပါတယ်။ ရုရှားက အရှေ့တောင်အာရှကို အရင်က လ က်နက်အများဆုံး တင်ပို့ခဲ့ပေမယ့်

ယူကရိန်းစစ်ပွဲအပါအဝင် လက်ရှိ အခြေအနေတွေကြောင့် အရင်လောက် တင်ပို့နိုင်ခြေမရှိတော့ဘူးလို့ ကူလီဘာက ပြောကြားပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

စစ္ေျမျပင္မွာ ေမာ္စကိုရဲ႕ စြမ္းေဆာင္ရည္ ညံ့ဖ်င္းမႈဟာ သူတို႔လ က္နက္ေတြရဲ႕ အရည္အေသြး မေကာင္းတာေၾကာင့္ျဖစ္ေၾကာင္း ယူကရိန္းက ေျပာၾကားၿပီး အရင္က ႐ုရွားဆီက

လ က္နက္ ဝယ္ယူထားတဲ့ အေရွ႕ေတာင္အာရွနိုင္ငံေတြ အေနနဲ႕ ျပန္လည္စဥ္းစားသင့္ေၾကာင္း ယူကရိန္းက ေျပာၾကားပါတယ္။ အာရွဂ်ာနယ္လစ္ေတြနဲ႕ ၾသဂုတ္လ ၂၄ရက္ကေတြ႕ဆုံေမးျမန္းမႈ အတြင္း

ယူကရိန္းနိုင္ငံျခားေရးဝန္ႀကီး ဒီမီထရို ကူလီဘာက သူတို႔ေမးတဲ့ ေမးခြန္းေတြကို ေျဖၾကားခ်ိန္မွာ အထက္ပါအတိုင္း တိုက္တြန္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ယူကရိန္း-႐ုရွား ပဋိပကၡစတင္ၿပီးေနာက္ပိုင္း

နိုင္ငံအမ်ားဟာ လ က္နက္အမ်ိဳးမ်ိဳး တင္သြင္းထားၾကေၾကာင္း ကာကြယ္ေရးဆိုင္ရာ ေလ့လာမႈေတြက ေဖာ္ျပထားပါတယ္။ ႐ုရွားဟာ အေမရိကန္ၿပီးေနာက္ ကမာၻမွာ ဒုတိယေျမာက္ လက္နက္ အမ်ားဆုံး တင္ပို႔ေရာင္းခ်ေနတဲ့ နိုင္ငံျဖစ္ေပမယ့္

အေရွ႕ေတာင္အာရွကို ေမာ္စကိုက လ က္နက္အမ်ားဆုံး တင္ပို႔ေရာင္းခ်ေနပါတယ္။ ေဒသဆိုင္ရာ အစိုးရေတြအေနနဲ႕ ႐ုရွားလ က္နက္ေတြကို သတိထားဝယ္ယူသင့္တယ္လို႔ ယူကရိန္းနိုင္ငံျခားေရး ဝန္ႀကီးက ေျပာၾကားပါတယ္။

ေမာ္စကို ၿမိဳ႕အျပင္ဖက္မွာ ျပဳလုပ္ခဲ့တဲ့ လ က္နက္ ျပပြဲတစ္ခုအတြင္း ႐ုရွားလ က္နက္ေတြဟာ အျခားနိုင္ငံေတြက ထုတ္လုပ္တဲ့ လ က္နက္ေတြနဲ႕ ယွဥ္ရင္ ႏွစ္မ်ားစြာ ေရွ႕ေရာက္ေနတယ္လို႔ သမၼတ ဗလာဒီမာ ပူတင္က

ေျပာၾကားခဲ့ၿပီးေနာက္ ကူလီဘာရဲ႕ အထက္ပါေျပာဆိုခ်က္ ထြက္ေပၚလာတာျဖစ္ပါတယ္။ ႐ုရွားလ က္နက္ေတြကို ဝယ္ယူဖို႔ စဥ္းစားေနတဲ့ နိုင္ငံေတြအေနနဲ႕ စစ္ပြဲအတြင္း ႐ုရွားလ က္နက္ေတြကို ယူကရိန္းတပ္ေတြက

ဖ်က္ဆီးလိုက္တဲ့ အေတြ႕အႀကဳံကို အရင္ဆုံး ေလ့လာသင့္တယ္လို႔ ကူလီဘာက ေျပာၾကားပါတယ္။ ျပပြဲေတြမွာ အရည္အေသြးအရမ္းေကာင္းပုံေပၚေပမယ့္ စစ္ေျမျပင္မွာ မရွင္သန္နိုင္ျဖစ္ရမယ့္ လ က္နက္ေတြ အတြက္

ေဒၚလာ သန္းခ်ီ ဘီလီယံနဲ႕ခ်ီၿပီး မသုံးသင့္ဘူးလို႔ ကူလီဘာက ေျပာၾကားပါတယ္။ မိမိတို႔ ရရွိထားတဲ့ သတင္းအခ်က္အလက္ေတြအရ ႐ုရွားမွာ အဆင့္ျမင့္၊ တိတိက်က် ပ စ္ခတ္နိုင္တဲ့ လ က္နက္ေတြ ျပတ္လပ္ေနေပမယ့္

ဆိုဗီယက္ေခတ္က လ က္နက္ေတြေတာ့ အမ်ားအျပားရွိေနတုန္းပဲျဖစ္ေၾကာင္း ကူလီဘာက ေျပာၾကားပါတယ္။ ၂၀၂၀နဲ႕ ၂၀၂၁ၾကားကာလမွာ ႐ုရွားက အေရွ႕ေတာင္အာရွကို ၁၀ဒႆမ၈၇ ဘီလီယံတန္ဖိုးရွိ လ က္နက္ေတြ

တင္ပို႔ခဲ့ၿပီး အေမရိကန္ရဲ႕ အဲ့ဒီကာလအတြင္း လ က္နက္ တင္ပို႔ဟာ ကန္ေဒၚလာ ၈ဒႆမ ၄ဘီလီယံ တန္ဖိုးပဲ ရွိခဲ့ကာ တ ႐ုတ္က ကန္ေဒၚလာ ၂ဒႆ၉ ဘီလီယံဖိုး တင္ပို႔ခဲ့ပါတယ္။အေရွ႕ေတာင္အာရွမွာ

႐ုရွားဆီက လ က္နက္ဝယ္ယူမႈ အမ်ားဆုံးနိုင္ငံေတြကေတာ့ ဗီယက္နမ္၊ ျမန္မာ၊ မေလးရွားနဲ႕ အင္ဒိုနီးရွားတို႔ပဲျဖစ္ပါတယ္။ ႐ုရွားက အေရွ႕ေတာင္အာရွကို အရင္က လ က္နက္အမ်ားဆုံး တင္ပို႔ခဲ့ေပမယ့္

ယူကရိန္းစစ္ပြဲအပါအဝင္ လက္ရွိ အေျခအေနေတြေၾကာင့္ အရင္ေလာက္ တင္ပို႔နိုင္ေျခမရွိေတာ့ဘူးလို႔ ကူလီဘာက ေျပာၾကားပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*