မော်ဒယ်လ်တစ်ယောက်လည်းဖြစ်သလို ဖေ့စ်ဘုတ်ဆယ်လီတစ်ယောက်လည်းဖြစ်တဲ့ ပိုင်စိုးစံကတော့ မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပေမယ့်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သူ့ရဲ့စိတ်ဟာ ယောကျာ်းလေးတစ်ယောက်ဖြစ်ချင်တာကြောင့် ဘဝကို သူလိုချင်သလို ပုံဖော်ယူခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
အခုဆိုရင် ယောကျာ်းလေးတစ်ယောက်နီးပါး တစ်ကိုယ်လုံးပြုပြင်ပြောင်းလဲခဲ့ပြီးပြီဖြစ်တဲ့ ပိုင်စိုးစံဟာ သူ့ကိုအားပေးကြတဲ့ မိန်းကလေးပရိသတ်အချို့ကိုလည်း
ပိုင်ဆိုင်ထားပြီးပြီပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ ယောကျာ်းလေးတစ်ယောက်အဖြစ် ပြုပြင်ပြောင်းလဲခဲ့သည်ဖြစ်စေ သူ့ရဲ့နဂိုမူရင်းက
မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် ပိုင်စိုးစံက ပြီးခဲ့တဲ့ရက်သတ္တပတ်ကပဲ သီလရှင်ဝတ်ကုသိုလ်ယူခဲ့ပါတယ်။ ပိုင်စိုးစံဟာ သီလရှင်ဝတ်ရာကနေ ထွက်လာခဲ့ပြီး
သြဂုတ်လ (၂၄) ရက်နေ့မှာတော့သီလရှင်ဆရာလေးတွေကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ပိုင်စိုးစံကတော့ သူရဲ့ဖြစ်တည်မှုကိုလက်ခံပြီး
သီလရှင်လည်းဝတ်ခဲ့သလို သူဖြစ်ချင်တဲ့ပုံစံကိုလည်း ရအောင်ဖန်တီးတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်စိုးစံရဲ့ ကုသိုလ်အတွက် ထပ်တူပီတိဖြစ်ဝမ်းသာနေမယ်ထင်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply