ညီမဖြစ်သူ သုသုလင်းထက်ရဲ့ မွေးနေ့လေးကို အစ်ကိုကြီး ပီသစွာ ချစ်ခြင်းမေတ္တာ‌တွေအပြည့်နဲ့ မွေးနေ့ ဆုမွန်ကောင်းတောင်းပေးလာတဲ့ ဟန်ဘုန်းထက်
မင်္ဂလာပါ ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက သရုပ်ဆောင်မင်းသားချော တစ်လက်ဖြစ်တဲ့ သရုပ်ဆောင်ညိုလင်းထက်နဲ့ သရုပ်ဆောင်မင်းသမီးချော တစ်ယောက် ဖြစ်တဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သူရီလင်းသစ်တို့ကိုတော့ ပရိသတ်ကြီးတို့ မှတ်မိကြအုံးမယ် ထင်ပါတယ်နော်။ ညိုလင်းထက်နဲ့ သူရီလင်းသစ်တို့ဟာနှစ်ကိုယ်တူ ချစ်ကြည်မျှကာ ရွှေလက်တွဲခဲ့ပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ကြပြီး
ရှေ့ရေးအတွက် ပြင်ပစီးပွားရေး အလုပ်တွေကိုသာ လုပ်ကိုင်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။ ယခုနှစ်ပိုင်းမှာတော့ သရုပ်ဆောင်ညိုလင်းထက်နဲ့ သူရီလင်းသစ်တို့ရဲ့ သားလေး ဟန်ဘုန်းထက်ဟာ
မိဘနှစ်ပါးရဲ့ အနုပညာဗီဇပါ လာပြီးအနုပညာ အလုပ်တွေကို စတင်လုပ်ကိုင်နေ လာတာကို တွေ့ရပါတယ်နော်။ ဟန်ဘုန်းထက်က မိခင်နဲ့ ဖခင်တို့နည်းတူ ချောမော ခန့်ညားသော ရုပ်ရည်လေးကို ပိုင်ဆိုင်ထားပြီး
အချိန်တိုအတွင်းမှာပဲ အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေ ကိုလည်း ရရှိထားပြီး အမာခံပရိသတ်တွေကိုပါ ပိုင်ဆိုင်ထားတဲ့ အထိ အနုပညာလောကမှာနေရာတစ်နေရာကို စတင်လို့ ရရှိ လာနေခဲ့ပြီပဲဖြစ် ပါတယ်။
အင်တာဗျူးတွေမှာ တွေ့ရတဲ့ သူတို့မိသားစုရဲ့ပုံရိပ်လေးတွေကြောင့် အနုပညာလုပ်ငန်းတွေကို စတင်လုပ်လာခဲ့တဲ့ ဟန်ဘုန်းထက်ကို သာမက ဟန်ဘုန်းထက်ရဲ့ ချစ်စရာ ညီမငယ်လေးဖြစ်တဲ့ သုသုလင်းထက်လေးကိုလည်း
ပရိသတ်တွေက ချစ်ပေးကြတာကို တွေ့မြင် ရပါတယ်နော်။ ယနေ့မှာတော့ တက်သစ်စ သရုပ်ဆောင် မော်ဒယ်လ်မင်းသားလေး ဟန်ဘုန်းထက်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ချစ်ရတဲ့ ညီမလေးဖြစ်သူ သုသုလင်းထက်ရဲ့
မွေးနေ့အတွက် မွေးနေ့ဆုတောင်း ပေးလာခဲ့တာကို တွေ့ရပါတယ်။ ဟန်ဘုန်းထက် က “Happy birthday ပါ သျှားသု။ ကိုကို့ ကို ဒီထက်မက ပိုဂျီကျ နိုင်ပါစေ ” ဆိုပြီး ချစ်ညီမလေးကို ချစ်စနိုးလေးနဲ့ စနောက်ကာ
မွေးနေ့ဆုတောင်းပေး လာတာပဲဖြစ်ပါတယ်နော်။ ပရိသတ်တွေကလည်း ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ သုသုလင်းထက်လေး အတွက် မွေးနေ့ဆုမွန်ကောင်းတွေ ဝိုင်းဝန်းတောင်းပေး နေကြတာလည်း ဖြစ်ပါတယ်။
ညိုလင်းထက်နှင့် သူရီလင်းသစ်တို့ကိုချစ်ကြသော ပရိသတ်ကြီးများအတွက် သူတို့ရဲ့ အနုပညာမျိုးဆက်သစ်ရင်သွေးလေး နှစ်ဦးဖြစ်တဲ့ ဟန်ဘုန်းထက်နဲ့ သုသုလင်းထက်လေးတို့ရဲ့ ပုံရိပ်လေးများကို
ဖော်ပြပေးလိုက် ပါတယ်နော်။ သူတို့မောင်နှမ နှစ်ယောက်ရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ကြည့်ပြီး သုသုလေးအတွက် မွေးနေ့ဆုမွန်ကောင်း စကားလေးများ ချီးမြှင့် ပြောကြား ပေးခဲ့ကြပါအုံးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*