သူမလက်ခံ ရိုက်ကူးခဲ့တဲ့ ကြော်ငြာတစ်ခု‌ကြောင့် သူမကို ဝေဖန်နေသူတွေကို တုန့်ပြန် ပြောလာတဲ့ သရုပ်ဆောင် လမင်းကဗျာ
မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ဇာတ်ပို့ သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ သရုပ်ဆောင်လမင်းကဗျာ ကတော့ ချစ်စရာကောင်းတဲ့ သူမရဲ့ အမူအရာတွေ နဲ့အတူ ဗီဒီယိုခေတ်ထဲက
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဇာတ်ကားတွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင် ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးမှုကို ယနေ့ထိတိုင် အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်နော်။
ယခုအချိန်ကာလမှာ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ လမင်းကဗျာဟာ အွန်လိုင်းကြော်ငြာ အလုပ်လေးတွေသာ လုပ်ကိုင်နေတာကို တွေ့ရပါတယ်နော်။ ယခုအခါ မှာတော့ သူမအနေနဲ့ လောင်းကစား ဂိမ်းတစ်ခုကို
ကြော်ငြာလိုက်တာနဲ့ ပတ်သက်ပြီး ဆဲဆိုဝေဖန်ခံ နေရသဖြင့် ယခုလိုပဲ ပြန်လည် တုန့်ပြန်လာပါတယ်။လမင်းကဗျာက “ဂိမ်းကြော်ငြာ Post လက်ခံပေးတယ် ရှင့်၊ ကိုယ်ကျေနပ်တဲ့
Post တင်ပေးခ ရရင်သူများတွေ လိုတော့ ဂိမ်းကြော်ငြာလက်မခံဘူးတို့ ဘာတို့တော့ မပြောတက်ဘူး။ အားလုံးလည်း သိပြီးသားလေ လောင်းကစားလုပ်ရင် အရှုံး အနိုင်၂ခုပဲ ရှိမယ်။ ရှုံးတာများမယ်
သိပြီးသားကိစ္စ တစ်ခုကို အပိုတွေ လုပ်ပြီး Game ကြော်ငြာPost တင်တာကို လာဆဲတဲ့ သူတွေကို တစ်ခုပဲ ပြောချင်တယ်။ ကြော်ငြာပေးနေတာ ချင့်ယုံပြီး ယုံချင်ယုံ မယုံချင်နေပေါ့ မကောင်းဘူးထင်ရင်မဆော့နဲ့ပေါ့။
အကုန်လုံး ဦးနှောက်ရှိကြတယ်၊ အရမ်းတောမဆန်နဲ့။ ရှင်တို့ မကောင်းမှန်းသိနေတာပဲ ငါ့postကို ကျော်သွားလိုက်ပေါ့ လာဝင်လောင် မနေနဲ့ Okနော်” ဆိုပြီး ရေးသားကာ တုန့်ပြန်လာတာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးရေ
လမင်းကဗျာ ကတော့ လောင်းကစားဆိုတာ မကောင်းမှန်း အားလုံး သိပြီးသားဖြစ်သလို၊ သူမအနေနဲ့ ကျေနပ်လောက်တဲ့ ပိုက်ဆံရလို့ ကြော်ငြာတာဖြစ်ပြီး ကိုယ့်ဦးနှောက်နဲ့ ကိုယ် ဆုံးဖြတ်ကာ
မကောင်းဘူးထင်ရင် ရှုံးမှာစိုးရင် မဆော့နဲ့၊ ပိုက်ဆံရလို့ ဂိမ်းကြော်ငြာ မကျေနပ်ရင် ကျော်သွား လာမဆဲနဲ့ ဆိုပြီးတုန့်ပြန် ပြောဆိုလာတာပဲ ဖြစ် ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*