
၅၀၅(က)၊ ၅၂ နဲ့ တရားစွဲဆိုခံထားရတဲ့ ရုပ်ရှင်မင်းသား အကယ်ဒမီကျော်သူပိုင် မရမ်းကုန်း၊ ၅ ရပ်ကွက်၊ အာဇာနည်လမ်းမှာရှိတဲ့ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူ ပိုင်
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
အမှတ် (မ/ ၆၆ ) အိမ်ဝန်းခြံမြေနဲ့ နေအိမ် အဆောက်ဦးကို မရမ်းကုန်းမြို့နယ် တရားရုံးတော်က ချိပ်ပိတ်သိမ်းဆည်ဖို့ အမိန့်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ မရမ်းကုန်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက်အတွင်း
နေထိုင်သူတစ်ဦးက”ဒီနေ့ နေ့လည် ၂ နာရီ လောက်က ကိုကျော်သူတို့အိမ်ကို ချိပ်ပိတ်သွားတယ်၊ ရဲတွေနဲ့ ထွေအုပ်တွေရယ်၊ ရပ်ကွက်က အုပ်ကြီးတွေရောပါ ပါတယ်။ ပြောသံကြားတာကတော့
တရားရင်မဆိုင်ပဲ ထွက်ပြေးနေလို့ သိမ်းတာလို့ပြောတယ်” လို့ ပြောပါတယ်။ရုပ်ရှင်မင်းသား အကယ်ဒမီ ဦးကျော်သူဟာ နာရေးကူညီမှုအသင်းကို စတင်တည်ထောင်သူတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး
နွေဦးတော်လှန်ရေးအတွင်းပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဦးကျော်သူနဲ့ ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ ကို ၅၀၅-က၊ ၅၂ နဲ့ တရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
၅၀၅(က)၊ ၅၂ နဲ႕ တရားစြဲဆိုခံထားရတဲ့ ႐ုပ္ရွင္မင္းသား အကယ္ဒမီေက်ာ္သူပိုင္ မရမ္းကုန္း၊ ၅ ရပ္ကြက္၊ အာဇာနည္လမ္းမွာရွိတဲ့ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ အကယ္ဒမီ ဦးေက်ာ္သူ ပိုင္
အမွတ္ (မ/ ၆၆ ) အိမ္ဝန္းၿခံေျမနဲ႕ ေနအိမ္ အေဆာက္ဦးကို မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးေတာ္က ခ်ိပ္ပိတ္သိမ္းဆည္ဖို႔ အမိန့္ထုတ္ခဲ့တယ္လို႔ သိရပါတယ္။ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္ ၅ ရပ္ကြက္အတြင္း
ေနထိုင္သူတစ္ဦးက”ဒီေန႕ ေန႕လည္ ၂ နာရီ ေလာက္က ကိုေက်ာ္သူတို႔အိမ္ကို ခ်ိပ္ပိတ္သြားတယ္၊ ရဲေတြနဲ႕ ေထြအုပ္ေတြရယ္၊ ရပ္ကြက္က အုပ္ႀကီးေတြေရာပါ ပါတယ္။ ေျေျပာသံၾကားတာကေတ
တရားရင္မဆိုင္ပဲ ထြက္ေျပးေနလို႔ သိမ္းတာလို႔ေျပာတယ္” လို႔ ေျပာပါတယ္။႐ုပ္ရွင္မင္းသား အကယ္ဒမီ ဦးေက်ာ္သူဟာ နာေရးကူညီမႈအသင္းကို စတင္တည္ေထာင္သူေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး
ေႏြဦးေတာ္လွန္ေရးအတြင္းပါဝင္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႕ ဦးေက်ာ္သူနဲ႕ ဇနီး ေဒၚျမင့္ျမင့္ခင္ေဖ ကို ၅၀၅-က၊ ၅၂ နဲ႕ တရားစြဲဆိုထားတာလည္းျဖစ္ပါတယ္။ ခရက္ဒစ္
Leave a Reply