ရခိုင်မှာ ဆင်ဖြူတော်ပေါ်တာ ငြိမ်းချမ်းရေးအတွက် နိမိတ်ကောင်းပဲလို့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့က စစ်ကောင်စီနဲ့တွေ့ဆုံကာ အရူးဘုံမြှောက်ပြောဆို
ရခိုင်မှာ ဆင်ဖြူတော်ပေါ်တာ ငြိမ်းချမ်းရေးအတွက် နိမိတ်ကောင်းပဲလို့ တိုင်းရင်းသား လ က်နက်ကိုင် ၃ ဖွဲ့က စစ်ကောင်စီနဲ့ ဒုတိယအကြိမ်တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဩဂုတ်၂၂ရက်နေ့ကနေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ စစ်ကောင်စီ ဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ပအိုဝ်း၊ လားဟူနှင့် ရခိုင်တိုင်းရင်း သား လ က်နက် ကိုင်
အဖွဲ့ ၃ ဖွဲ့တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။တွေ့ဆုံပွဲမှာ အခုလိုငြိမ်းချမ်းရေးဆွေးနွေးဆောင်ရွက်နေချိန်မှာ ဆင်ဖြူရတနာပေါ် ထွန်း လာ မှုက နိုင်ငံအေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အတိတ် နိမိတ် ကောင်း ဖြစ်တာကြောင့် အောင်မြင်အောင်ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းနဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့
ပြည်ထောင်စု တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို တိုင်းရင်းသား ၃ ဖွဲ့ရဲ့ ခေါင်းဆောင်တွေက ဆွေးနွေးတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ
မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်ဝိုင်းမှ ထူးခြား အသွင်သဏ္ဍာန်ရှိသည့် ဆင် (အထီး) လေး တစ်ကောင် မွေးဖွားခဲ့ပြီး မွေးဖွားခဲ့ပြီး ယင်းသည် ဆင်ဖြူတော်များ၏
ကြန်အင် လက္ခဏာများအနက် အချက် ၈ ချက်တွင် ၇ ချက် ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရလို့ အဆိုပါ ဆင်အထီးကလေးကို ဆင်ဖြူတော်အဖြစ် သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ သယံဇာတနှင့်
သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။စစ်ကောင်စီ ဥက္ကဌနဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU) နှင့်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည် ဒုတိယအကြိမ်တွေ့ဆုံတာ ဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*