တ ရုတ်နဲ့ထိုင်းတို့ရဲ့ ကျေးဇူးကြောင့်သာ ပြည်သူများ ကိုဗစ်ရောဂါဖြစ်ပွားမှု လျော့ကျတာဟု စစ်ကောင်စီပြော

ကိုဗစ်ကာလ တ ရုတ်နဲ့ထိုင်းတို့ရဲ့ကူညီတဲ့ ကျေးဇူးကြောင့် ပြည်သူတွေရောဂါဖြစ်ပွားမှု လျော့ကျသွားတာလို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ ယင်းက “ အကူအညီများပေးခဲ့သည့်

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

အိမ်နီးချင်းတ ရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံနှင့် မိတ်ဆွေနိုင်ငံတို့ကြောင့်ဖြစ်ပြီး ယင်းအတွက် ကျေးဇူးတင်ရှိပြီး ၎င်းတို့ကူညီ ပေးခဲ့မှုများကြောင့် ပြည်သူများ ကိုဗစ်ဖြစ်ပွားမှုမှ

များစွာလျော့ပါးစေခဲ့တာ” လို့ နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့်ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၂)မှာ ပြောတာ ဖြစ်ပါတယ်။

ဒုတိယလှိုင်းကာလအတွင်း ပိုးတွေ့လူနာ ၁၄၂,၉၄၁ ဦး ရှိခဲ့ပြီး တတိယလှိုင်း ဖြစ်ပွားခဲ့ချိန်တွင်လည်း ရောဂါဖြစ်ပွားမှု ပိုမိုပြင်းထန်ခဲ့ပြီး ပိုးတွေ့လူနာ ၃၉၁,၃၅၃ ဦး၊ ‌ေသဆုံးသူ ၁၆,၀၉၅ ဦးရှိခဲ့ပြီး

အပြင်းထန်ဆုံးကာလ ဖြစ်ခဲ့ကာ အခက်အခဲများကြားမှ ကျော်ဖြတ်ခဲ့ရတယ်ဆိုပြီး ပြောပါတယ်။ ယင်းက “ စတုတ္ထလှိုင်း ဖြစ်ပွားသည့် ကာလအစမှ ယခုလ ၂၁ ရက်အထိ ပိုးတွေ့လူနာ ၇၉,၉၈၃ ဦး တွေ့ရှိခဲ့ပြီး

‌ေသဆုံးလူနာ ၁၂၇ ဦး ရှိခဲ့ပြီး ယခင် ဒုတိယလှိုင်းနှင့် တတိယလှိုင်းကာလများထက်များစွာ ကျဆင်းသွားတယ်” လို့လည်း ပြောပါတယ်။ အခြားနိုင်ငံများအနေဖြင့်လည်း အထိုက်အလျောက် ကူညီမှုများရှိပြီး

အိမ်နီးချင်းနိုင် ငံများ၊ အခြားနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ဖြင့် မိတ်ဝတ်မပျက် ဆက်ဆံရေးဖြင့် ဆက်ဆံဆောင်ရွက်နေတယ်လို့လည်းပြောပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

ကိုဗစ္ကာလ တ ႐ုတ္နဲ႕ထိုင္းတို႔ရဲ႕ကူညီတဲ့ ေက်းဇူးေၾကာင့္ ျပည္သူေတြေရာဂါျဖစ္ပြားမႈ ေလ်ာ့က်သြားတာလို႔ စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာပါတယ္။ ယင္းက “ အကူအညီမ်ားေပးခဲ့သည့္

အိမ္နီးခ်င္းတ ႐ုတ္နိုင္ငံႏွင့္ ထိုင္းနိုင္ငံႏွင့္ မိတ္ေဆြနိုင္ငံတို႔ေၾကာင့္ျဖစ္ၿပီး ယင္းအတြက္ ေက်းဇူးတင္ရွိၿပီး ၎တို႔ကူညီ ေပးခဲ့မႈမ်ားေၾကာင့္ ျပည္သူမ်ား ကိုဗစ္ျဖစ္ပြားမႈမွ

မ်ားစြာေလ်ာ့ပါးေစခဲ့တာ” လို႔ ေနျပည္ေတာ္ရွိ စစ္ေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမတြင္ က်င္းပသည့္ျပည္ေထာင္စု အစိုးရအဖြဲ႕ အစည္းအေဝး အမွတ္စဥ္(၆/၂၀၂၂)မွာ ေျပာတာ ျဖစ္ပါတယ္။

ဒုတိယလွိုင္းကာလအတြင္း ပိုးေတြ႕လူနာ ၁၄၂,၉၄၁ ဦး ရွိခဲ့ၿပီး တတိယလွိုင္း ျဖစ္ပြားခဲ့ခ်ိန္တြင္လည္း ေရာဂါျဖစ္ပြားမႈ ပိုမိုျပင္းထန္ခဲ့ၿပီး ပိုးေတြ႕လူနာ ၃၉၁,၃၅၃ ဦး၊ ‌ေသဆုံးသူ ၁၆,၀၉၅ ဦးရွိခဲ့ၿပီး

အျပင္းထန္ဆုံးကာလ ျဖစ္ခဲ့ကာ အခက္အခဲမ်ားၾကားမွ ေက်ာ္ျဖတ္ခဲ့ရတယ္ဆိုၿပီး ေျပာပါတယ္။ ယင္းက “ စတုတၳလွိုင္း ျဖစ္ပြားသည့္ ကာလအစမွ ယခုလ ၂၁ ရက္အထိ ပိုးေတြ႕လူနာ ၇၉,၉၈၃ ဦး ေေေေတြ႕ရွိခဲ့ၿပီး

‌ေသဆုံးလူနာ ၁၂၇ ဦး ရွိခဲ့ၿပီး ယခင္ ဒုတိယလွိုင္းႏွင့္ တတိယလွိုင္းကာလမ်ားထက္မ်ားစြာ က်ဆင္းသြားတယ္” လို႔လည္း ေျပာပါတယ္။ အျခားနိုင္ငံမ်ားအေနျဖင့္လည္း အထိုက္အေလ်ာက္ ကူညီမႈမ်ားရွိၿပီး

အိမ္နီးခ်င္းနိုင္ ငံမ်ား၊ အျခားနိုင္ငံမ်ားႏွင့္ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးမူႀကီး (၅)ရပ္ျဖင့္ မိတ္ဝတ္မပ်က္ ဆက္ဆံေရးျဖင့္ ဆက္ဆံေဆာင္႐ြက္ေနတယ္လို႔လည္းေျပာပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*