အမဲပေါ်ခံရ‌တော့မည့်နွားတစ်ကောင်ကို ပေါက်ဈေးထက် သုံးဆပေး ကယ်တင်ပြီး မွေးစားလိုက်မိတဲ့ အပျိုကြီးမမရဲ့ထူးဆန်းတဲ့ ဖြစ်ရပ်
ပဲခူးမြို့ဈေးကြီး ၁၉လမ်း မှ ဟင်္သာဧကရီ အထည်ဆိုင်ပိုင်ရှင် အပျိုးကြီး မမြတ်သီရိသည် သူ့အထည်ဆိုင် ရှေ့ကနေ ဖြတ်ဆွဲသွားတဲ့ နွားတစ်ကောင် ကိုမြင်ပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
နွားဆွဲလာတဲ့ ကလိကျေးရွာက နွားပွဲစား ကိုမောင်ထွန်းကို ဒီနွားကိုဘာလုပ်မှာလဲ ဟု အမှတ်မထင် မေးမြန်းခဲ့ပါတယ်။ သူမနှင့် နွားပွဲစားတို့ စကားပြောနေစဉ် နွားကြီးက မျက်ရည်တွေစီးကျပြီး
သူမကို ကြည့်နေတာကြောင့် သနားပြီး ဒီနွားကြီးကို ပေါက်ဈေးထက် ၃ဆခန့် ၃၄သိန်း ပေးပြီး ဝယ်ယူထား လိုက်ပါတယ်။ အခုဆို သူကယ်တင်ထားတဲ့ နွားကြီးကို
ရေမိုးချိုး အမွှေးနဲ့သာများ လိမ်းကျံပြီး သူ့အထည်ဆိုင်ထဲမှာ မွေးမြူထားပါတယ်။ ဒီသတင်းကို စိတ်ဝင်စားပြီးတော့ နွားကြီးကို လာရောက်ကြည့်ရှူသူများဖြင့်
အထူးစည်ကား နေပါတယ်။ နွားကြီးကို ဝယ်ပြီး နာရီးပိုင်းအတွင်းမှာပဲ သူ့ဆိုင်ဟာ မထင် မှတ်လောက်အောင် ဈေးရောင်းကောင်းခဲ့ပါတယ်။ သူ့တစ်သက် ဒီနွားကြီး မသေမချင်း
ပြုစုကျွေးမွေးသွား မယ်လို့လည်း လာရောက် ကြည့်ရှူတဲ့သူတွေကို အပျိုကြီးမမက ဂရုဏာသံလေးနဲ့ ရှင်းပြနေပါတယ် ဒီနွားကြီးကို သူနှစ်သက်တဲ့ အနုပညာရှင် ဖြစ်တဲ့
ပဲခူးသားသရုပ်ဆောင် တစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထွန်းကိုကို လို့နာမည်ပေးထားပါတယ် Credit:မေတ္တာရှင် ရွှေပြည်သာ
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*