နဂါးလေးဝင်းနိုင်လို့ ပရိသတ်ကသိကြတဲ့ ဦးဝင်းနိုင် (အနုပညာ) တစ်ယောက်ဟာဆိုရင် မြန်မာဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီးတော့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
မြန်မာပရိသတ်ရဲ့ အားပေးမှုကိုလည်း အစဉ်အမြဲပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ငယ်ဘဝအချိန်တော်တော်များများကိုတော့
အနုပညာနဲ့ အချိန်ကုန်ခဲ့ပြီးတော့ အခုအချိန်မှာတော့ သူဟာ ဇရာအိုနဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေကို ယာယီရပ်နားထားရပါတယ်။
သူဟာဆိုရင် လက်ရှိမှာ အိမ်အတွက် မပူရပေမယ့် သူ့ကျန်းမာရေးအတွက် ဘိုးဘွားရိပ်သာကို သွားမယ်လို့လည်း သူကပြောပြပါတယ်။ အဓိက သွားရတာကတော့ ဟိုမှာက
ကျန်းမာရေးအတွက်လမ်းလျောက်ဖို့ လေ့ကျင့်ခန်းလုပ်ဖို့ မြေနေရာရှိသလို၊မိတ်ဆွေဟောင်းတွေလည်းရှိတာကြောင့် သွားတာဖြစ်တယ်လို့ သိရပါတယ်။ အိမ်မှာတော့ လမ်းလျောက်ဖို့ ကျဉ်းတာတစ်ကြောင်း
အထီးကျန်တာက တစ်ကြောင်းကြောင့်လို့ သူက ပြောဆိုပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာကျန်းမာရေးအတွက် အထူးကြိုးစားနေသလို သူချစ်တဲ့ပရိသတ်တွေအတွက်လည်း
ကျန်းမာရေးကောင်းတာနဲ့ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သူက စကားဆိုပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply