အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် အောင်ပွဲရမသန်စွမ်းအားကစားသမားများအား အကြမ်းဖက် စစ်ကောင်စီ ဥက္ကဋ္ဌမှ ဂုဏ်ပြုဆုများချီးမြှင့်

အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲမှာဆုရရှိသူတွေကို ကျပ်သိန်း ၁၀၀၀၀ ကျော် ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှ ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

အားကစား ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပခဲ့ပြီး

ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ယင်းပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခုရရှိခဲ့ကာ ပြေးခုန်ပ စ်မှ

ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၁၁ ခု၊ ရေကူးမှ ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခု၊ မသန်စွမ်းဘောလုံးမှ ကြေးတံဆိပ် ၁ ခု၊ အလေးမမှ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၂ ခု၊

မြားပ စ်မှ ကြေးတံဆိပ် ၁ ခု(စုစုပေါင်း ၄၃ ခု)ရရှိခဲ့ခြင်းဖြစ်သလို နိုင်ငံအလိုက်ဆုတံဆိပ်ရရှိမှုတွင် အဆင့် ၆ နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဆုချီးမြှင့်ပွဲမှာတော့ တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိသူများကို

ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၂၀၀ ၊ ကြေးတံဆိပ်ရရှိသူများကို ငွေကျပ် သိန်း ၁၀၀ စီ ချီးမြှင့်ခဲ့ပါတယ်။ အလားတူ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သည့် အသင်းသားတစ်ဦးလျှင်

ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့သည့် အသင်းသား တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ ၊ ကြေးတံဆိပ်ရရှိခဲ့သည့် အသင်းသားတစ်ဦးလျှင် ငွေကျပ် ၃၅ သိန်းစီချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ယင်းအပြင် ရွှေတံဆိပ်ရရှိခဲ့ အောင်

စွမ်းဆောင်နိုင်ခဲ့သူ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀ စီကို လည်းကောင်း၊ အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များကိုလည်း ရွှေတံဆိပ်ရရှိ ခဲ့ပါက

အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ရရှိခဲ့ပါကငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀ နှုန်းဖြင့်လည်းကောင်း၊ စုစုပေါင်းငွေကျပ် သိန်းပေါင်း ၁၀၀၆၀ ကို ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

အာဆီယံမသန္စြမ္းသူမ်ားအားကစားၿပိဳင္ပြဲမွာဆုရရွိသူေတြကို က်ပ္သိန္း ၁၀၀၀၀ ေက်ာ္ ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရပါတယ္။ အင္ဒိုနီးရွားနိုင္ငံမွ က်င္းပသည့္ (၁၁)ႀကိမ္ေျမာက္ အာဆီယံမသန္စြမ္းသူမ်ား

အားကစား ၿပိဳင္ပြဲတြင္ ဆုတံဆိပ္ရရွိခဲ့ေသာ ျမန္မာအားကစားအဖြဲ႕မ်ားအား နိုင္ငံေတာ္က ဂုဏ္ျပဳဆု ခ်ီးျမႇင့္ျခင္းအခမ္းအနားကို ေနျပည္ေတာ္ရွိ ဝဏၰသိဒၶိ အားကစား႐ုံ(B)၌ က်င္းပခဲ့ၿပီး

ဂုဏ္ျပဳဆုေငြမ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့တာ ျဖစ္ပါတယ္။ ယင္းၿပိဳင္ပြဲတြင္ ျမန္မာမသန္စြမ္းအားကစားအဖြဲ႕သည္ ေ႐ႊတံဆိပ္ ၁၄ ခု၊ ေငြတံဆိပ္ ၁၂ ခု၊ ေၾကးတံဆိပ္ ၁၇ ခုရရွိခဲ့ကာ ေျပးခုန္ပ စ္မွ

ေ႐ႊတံဆိပ္ ၉ ခု၊ ေငြတံဆိပ္ ၇ ခု၊ ေၾကးတံဆိပ္ ၁၁ ခု၊ ေရကူးမွ ေ႐ႊတံဆိပ္ ၅ ခု၊ ေငြတံဆိပ္ ၃ ခု၊ ေၾကးတံဆိပ္ ၂ ခု၊ မသန္စြမ္းေဘာလုံးမွ ေၾကးတံဆိပ္ ၁ ခု၊ အေလးမမွ ေငြတံဆိပ္ ၂ ခု၊ ေၾကးတံဆိပ္ ၂ ခု၊

ျမားပ စ္မွ ေၾကးတံဆိပ္ ၁ ခု(စုစုေပါင္း ၄၃ ခု)ရရွိခဲ့ျခင္းျဖစ္သလို နိုင္ငံအလိုက္ဆုတံဆိပ္ရရွိမႈတြင္ အဆင့္ ၆ ေနရာတြင္ ရပ္တည္နိုင္ခဲ့ေၾကာင္း သိရပါတယ္။ ဆုခ်ီးျမႇင့္ပြဲမွာေတာ့ တစ္ဦးခ်င္းၿပိဳင္ပြဲမ်ားတြင္ ေ႐ႊတံဆိပ္ရရွိသူမ်ားကို

ေငြက်ပ္သိန္း ၃၀၀၊ ေငြတံဆိပ္ရရွိသူမ်ားကို ေငြက်ပ္သိန္း ၂၀၀ ၊ ေၾကးတံဆိပ္ရရွိသူမ်ားကို ေငြက်ပ္ သိန္း ၁၀၀ စီ ခ်ီးျမႇင့္ခဲ့ပါတယ္။ အလားတူ အသင္းလိုက္ၿပိဳင္ပြဲမ်ားတြင္ ေ႐ႊတံဆိပ္ရရွိခဲ့သည့္ အသင္းသားတစ္ဦးလွ်င္

ေငြက်ပ္သိန္း ၁၀၀၊ ေငြတံဆိပ္ရရွိခဲ့သည့္ အသင္းသား တစ္ဦးလွ်င္ ေငြက်ပ္သိန္း ၇၀ ၊ ေၾကးတံဆိပ္ရရွိခဲ့သည့္ အသင္းသားတစ္ဦးလွ်င္ ေငြက်ပ္ ၃၅ သိန္းစီခ်ီးျမႇင့္ခဲ့ေၾကာင္း သိရပါတယ္။ယင္းအျပင္ ေ႐ႊတံဆိပ္ရရွိခဲ့ ေေအာင္

စြမ္းေဆာင္နိုင္ခဲ့သူ နည္းျပတစ္ဦးလွ်င္ ေငြက်ပ္သိန္း ၁၀၀၊ ေငြတံဆိပ္ရရွိခဲ့ပါက ေငြက်ပ္သိန္း ၅၀၊ ေၾကးတံဆိပ္ရရွိခဲ့ပါက ေငြက်ပ္သိန္း ၃၀ စီကို လည္းေကာင္း၊ အားကစားနည္းအလိုက္ အုပ္ခ်ဳပ္မႈအဖြဲ႕မ်ားကိုလည္း ေ႐ႊတံဆိပ္ရရွိ ခဲ့ပါက

အုပ္ခ်ဳပ္မႈအဖြဲ႕မ်ားကို ေငြက်ပ္သိန္း ၁၀၀၊ ေငြတံဆိပ္ ရရွိခဲ့ပါကေငြက်ပ္သိန္း ၅၀၊ ေၾကးတံဆိပ္ရရွိခဲ့ပါက ေငြက်ပ္သိန္း ၃၀ ႏႈန္းျဖင့္လည္းေကာင္း၊ စုစုေပါင္းေငြက်ပ္ သိန္းေပါင္း ၁၀၀၆၀ ကို ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*