အရေး‌တော်ပုံ အောင်မြင်ဖို့အတွက် ပေးနိုင်သလောက် အကုန်ပေးဆပ်ခဲ့တယ်ဆိုတဲ့ ဒါရိုက်တာကိုပေါက်

စာဖတ်ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက်ကတော့ မြန်မာပြည်သူတွေနဲ့အတူ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

အနုပညာရှင်၊ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လဲ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ နေထိုင်နေရင်းနဲ့

တော်လှန်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားနေတာလဲ ဖြစ်ပါတယ်။ ဒါအပြင် ပြည်သူတွေကိုလဲ သွေးမအေးစေဖို့အတွက်လဲ

လူမူ့ကွန်ယက်ပေါ်ကနေတစ်ဆင့် နှိုးဆော်နေပါသေးတယ်နော်။ ဒါရိုက်တာ ကိုပေါက် ဟာ တော်လှန်ရေးအောင်မြင်ဖို့ အတွက် ပေးနိုင်သလောက် အကုန်ပေးဆပ်ခဲ့တယ်လို့ ရင်ဖွင့်လိုက်ပါတယ်။

” ကိုယ်သင်ယူတတ်မြောက်ခဲ့ရတဲ့ ပညာတွေကတွင်ခုံ၊ပန်းချီနဲ့ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာ။ လွယ်လွယ်လေးရခဲ့တာ တစ်ခုမှမရှိခဲ့ဘူး။ ဆရာဆီက သင်ခန်းစာတစ်ခုတက်ဖို့ လ နဲ့ချီပြီးကြာခဲ့တယ်။

ဆရာပေါင်းများစွာဆီမှာကျားကုတ်ကျားခဲ ကြိုးစားခဲ့တော့ နေရာတစ်ခုရလာခဲ့တယ်။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို ဆရာတိုင်းသိတယ်။ ဆယ်နှစ်ဆယ်နွေ စုဆောင်းသင်ယူခဲ့သမျှတွေကို

စု တု ပြု ပြီး ပြည်သူအတွက်၊ကိုယ့်အရိပ်ကိုမှီခိုခဲ့ကြတဲ့ တပည့်တပမ်း လုပ်ဖော်ကိုင်ဖက်တွေအတွက် ဆရာစားမချန် သိခဲ့သလောက် တတ်ခဲ့သလောက်ပြန်ဝေမျှခဲ့တယ်ဆိုတာ ကျနော့အရိပ်မှာ

ကျနော့ရဲ့သစ်ပင်မှာနားခိုခဲ့သူ၊ကျနော့သစ်ပင်ရဲ့ အသီးအပွင့်တွေကို ပန်ဆင်စားသုံးခဲ့သူတွေ အကုန်သိရလိမ့်မယ်။ တစ်ခါတစ်လေ အလကားပေးတော့ပညာက တန်ဖိုးမရှ်ိသလိုဖြစ်တတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။

ကျနာ်က ရောက်ရာအရပ်မှာ သစ်စေ့လို ကျင့်ပါတယ်။ ရောက်ရာအရပ် ကျတဲ့ရာသီမှာ ကိုယ်တိုင်အပင်ပေါက်နိုင်ဖို့ပါ။ဘယ်နေရာ ဘယ်ဘဝ ရောက်ရောက် ဘယ်အသက်အရွယ်ဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးပြီး

ကိုယ်စွမ်းကိုယ်စ ကိုယ့်အတတ်ပညာကိုယ့်ခွန်အားနဲ့ရပ်တည်တယ်။ ကျရောက်လာတဲ့ လောကဓံ ကိုလည်း ဘယ်တုန်းကမှမမှုခဲ့ဘူး။ ကိုယ်က သူများဆီက ယူရမှာထက်ကိုယ်ကပဲ ပေးချင်တဲ့သူပါ။

ကြုံဖူးတဲ့သူတွေဆီကနေ အခွင့်အရေးတွေ အများကြီးယူခဲ့ဖူးသလား ။ ပေးခဲ့သလား။ ကြုံခဲ့ ဆုံခဲ့ဖူးသူတွေ သိပါလိမ့်မယ်။ ခြုံငုံပြီး ပြောရရင် ကျနော်သည် ရောက်ရာအရပ်မှာ ပေးဆပ်ခြင်းတွေနဲ့ ရပ်တည်နိုင်ဖို့ကြိုးစားတယ်။

အခု တော်လှန်ရေးအတွက် ပေးနိုင်သလောက်ပေးခဲ့တယ်။ ဘဝ ငွေကြေး ပိုင်ဆိုင်မှုနဲ့ အနာဂတ်တွေ။ နောက်ထပ်ဘာထပ်ပေးရအုံးမလဲ။ အဆင်သင့်ပါဘဲ။ စေတနာတွေကို လူလိုသိတတ်ဖို့လေးပဲ လိုချင်တယ်။

ဒီလောက်ပါပဲ” လို့ ကိုပေါက် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။ အဆုံးထိ ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

စာဖတ္ပရိသတ္ႀကီးေရ ဒါရိုက္တာ ကိုေပါက္ကေတာ့ ျမန္မာျပည္သူေတြနဲ႕အတူ အမွန္တရားအတြက္ တိုက္ပြဲဝင္ေနတဲ့

အႏုပညာရွင္၊ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေနထိုင္ေနရင္းနဲ႕

ေတာ္လွန္ေရးအတြက္ ဘက္ေပါင္းစုံမွ ႀကိဳးစားေနတာလဲ ျဖစ္ပါတယ္။ ဒါအျပင္ ျပည္သူေတြကိုလဲ ေသြးမေအးေစဖို႔အတြက္လဲ

လူမူ႕ကြန္ယက္ေပၚကေနတစ္ဆင့္ ႏွိုးေဆာ္ေနပါေသးတယ္ေနာ္။ ဒါရိုက္တာ ကိုေပါက္ ဟာ ေတာ္လွန္ေရးေအာင္ျမင္ဖို႔ အတြက္ ေပးနိုင္သေလာက္ အကုန္ေပးဆပ္ခဲ့တယ္လို႔ ရင္ဖြင့္လိုက္ပါတယ္။

” ကိုယ္သင္ယူတတ္ေျမာက္ခဲ့ရတဲ့ ပညာေတြကတြင္ခုံ၊ပန္းခ်ီနဲ႕႐ုပ္ရွင္သ႐ုပ္ေဆာင္ဒါရိုက္တာ။ လြယ္လြယ္ေလးရခဲ့တာ တစ္ခုမွမရွိခဲ့ဘူး။ ဆရာဆီက သင္ခန္းစာတစ္ခုတက္ဖို႔ လ နဲ႕ခ်ီၿပီးၾကာခဲ့တယ္။

ဆရာေပါင္းမ်ားစြာဆီမွာက်ားကုတ္က်ားခဲ ႀကိဳးစားခဲ့ေတာ့ ေနရာတစ္ခုရလာခဲ့တယ္။ ကိုယ့္ရဲ႕ႀကိဳးစားအားထုတ္မႈကို ဆရာတိုင္းသိတယ္။ ဆယ္ႏွစ္ဆယ္ေႏြ စုေဆာင္းသင္ယူခဲ့သမွ်ေတြကို

စု တု ျပဳ ၿပီး ျပည္သူအတြက္၊ကိုယ့္အရိပ္ကိုမွီခိုခဲ့ၾကတဲ့ တပည့္တပမ္း လုပ္ေဖာ္ကိုင္ဖက္ေတြအတြက္ ဆရာစားမခ်န္ သိခဲ့သေလာက္ တတ္ခဲ့သေလာက္ျပန္ေဝမွ်ခဲ့တယ္ဆိုတာ က်ေနာ့အရိပ္မွာ

က်ေနာ့ရဲ႕သစ္ပင္မွာနားခိုခဲ့သူ၊က်ေနာ့သစ္ပင္ရဲ႕ အသီးအပြင့္ေတြကို ပန္ဆင္စားသုံးခဲ့သူေတြ အကုန္သိရလိမ့္မယ္။ တစ္ခါတစ္ေလ အလကားေပးေတာ့ပညာက တန္ဖိုးမရွ္ိသလိုျဖစ္တတ္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ပါ။

က်နာ္က ေရာက္ရာအရပ္မွာ သစ္ေစ့လို က်င့္ပါတယ္။ ေရာက္ရာအရပ္ က်တဲ့ရာသီမွာ ကိုယ္တိုင္အပင္ေပါက္နိုင္ဖို႔ပါ။ဘယ္ေနရာ ဘယ္ဘဝ ေရာက္ေရာက္ ဘယ္အသက္အ႐ြယ္ျဖစ္ျဖစ္ ကိုယ့္အားကိုယ္ကိုးၿပီး

ကိုယ္စြမ္းကိုယ္စ ကိုယ့္အတတ္ပညာကိုယ့္ခြန္အားနဲ႕ရပ္တည္တယ္။ က်ေရာက္လာတဲ့ ေလာကဓံ ကိုလည္း ဘယ္တုန္းကမွမမႈခဲ့ဘူး။ ကိုယ္က သူမ်ားဆီက ယူရမွာထက္ကိုယ္ကပဲ ေပးခ်င္တဲ့သူပါ။

ႀကဳံဖူးတဲ့သူေတြဆီကေန အခြင့္အေရးေတြ အမ်ားႀကီးယူခဲ့ဖူးသလား ။ ေပးခဲ့သလား။ ႀကဳံခဲ့ ဆုံခဲ့ဖူးသူေတြ သိပါလိမ့္မယ္။ ၿခဳံငုံၿပီး ေျပာရရင္ က်ေနာ္သည္ ေရာက္ရာအရပ္မွာ ေပးဆပ္ျခင္းေတြနဲ႕ ရပ္တည္နိုင္ဖို႔ႀကိဳးစားတယ္။

အခု ေတာ္လွန္ေရးအတြက္ ေပးနိုင္သေလာက္ေပးခဲ့တယ္။ ဘဝ ေငြေၾကး ပိုင္ဆိုင္မႈနဲ႕ အနာဂတ္ေတြ။ ေနာက္ထပ္ဘာထပ္ေပးရအုံးမလဲ။ အဆင္သင့္ပါဘဲ။ ေစတနာေတြကို လူလိုသိတတ္ဖို႔ေလးပဲ လိုခ်င္တယ္။

ဒီေလာက္ပါပဲ” လို႔ ကိုေပါက္ ဟာ သူ႕ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္ေနာ္။ အဆုံးထိ ဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*