မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် သမိုင်းဝင်နေရာတစ်ခုဖြစ် ခြံနံပါတ် ၅၄ အမွေမှုမှာ ဦးအောင်ဆန်းဦး တောင်းဆိုတဲ့အတိုင်း တရားရုံးအမိန့်ချမှတ်

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည်အမည်ပေါက်ပိုင်ဆိုင်တဲ့ ခြံနံပါတ် ၅၄ နေအိမ်နဲ့ ခြံကွက်အမွေမှုနဲ့ပတ်သက်လို့ သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦးရဲ့အထူးအယူခံတက်တဲ့ တောင်းဆိုမှုကို

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒီကနေ့ သြဂုတ် ၂၂ ရက်မှာ ခွင့်ပြုလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ ဦးအောင်ဆန်းဦးက ခြံနံပါတ် ၅၄ ခြံကြီးနဲ့

ခြံထဲက နေအိမ် အိမ်မကြီးတို့ကို အမွေခွဲဖို့ ၂၀၀၀ ပြည့်နှစ်ခန့်မှာစတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ ဒီအိမ်ကိုမောင်နှမနှစ်ဦး ခွဲဝကြေဖို့ တရားရုံးကအမိန့်ချခဲ့ပါတယ်။ ဒီလိုအမိန့်ချရာမှာ

အဲဒီခြံနံပါတ် ၅၄ ထဲမှာ နောက်ထပ်အိမ်တစ်လုံးနဲ့မြေကွက်တစ်ခုကို ဒေါ်ခင်ကြည်မကွယ်လွန်မီကသူ့ရဲ့ တူဖြစ်သူ၊ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မောင်နှမဝမ်းကွဲတော်စပ်သူ ဦးခင်မောင်အေးကို

စာချုပ်စာတမ်းနဲ့ တရားဝင်ပေးအပ်ခဲ့တာဖြစ်ပြီး ဦးခင်မောင်အေးကို ပေးအပ်ထားတဲ့မြေကွက်နဲ့ အိမ်ကို ဖယ်ပြီးကျန်အိမ်မကြီးနဲ့ခြံတို့ကိုတစ်ယောက်တစ်ဝက်စီ ယူကြဖို့ တရားရုံးအဆင့်ဆင့်က ဆုံးဖြတ်ခဲ့တာပါ။

ဒါကို လက်မခံတဲ့ ဦးအောင်ဆန်းဦးက ဦးခင်မောင်အေးရဲ့မြေကွက်ကိုပါ အမွေပုံထဲ ထည့်ပြီးခွဲဝဖေို့နဲ့ ဒီလို ခြံနဲ့အိမ်ကိုတစ်ယောက်တစ်ဝက်ယူဖို့ အမိန့်ချတဲ့အခါ

သူရတဲ့အပိုင်းက အဆောက်အဦးကပြိုပျက်နေတာကြောင့် ပစ္စည်းမယူဘဲ အိမ်ကိုလေလံပ စ်ပြီး တစ်ယောက်တစ် ဝက်ခွဲဝယေူဖို့ ဦးအောင်ဆန်းဦးဘက်က ၂၀၁၈ မှာ အထူးအယူခံတက်ခဲ့ပါသေးတယ်။ အဲဒီ အထူးအယူခံကို

နေပြည်တော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်။အခု ၂၀၂၂ ခုနှစ်မှာ ဒီအမှုအထူးအယူခံကိုပဲဦးအောင်ဆန်းဦးက ထပ်တင်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်မှာနှစ်ဖက် လျှောက်လဲချက်ကို

ကနဦးကြားနာခဲ့တဲ့နောက် အမှုကို လက်ခံကြောင်း နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တာပါ။ တစ်လဝန်းကျင်အကြာ သြဂုတ် ၂၂ ရက်မှာတော့ ဦးအောင်ဆန်းဦးတောင်းဆိုတဲ့အတိုင်း

အမွေပုံထဲမှာ ဒေါ်ခင်ကြည်ရဲ့တူဖြစ်သူထံ ပေးအပ်ခဲ့တဲ့ အိမ်နဲ့မြေကွက်ကိုပါအမွေပုံထဲထည့်သွင်းခွဲဝဖေို့တောင်းဆိုချက်ကို တရားရုံးက ဦးအောင်ဆန်းဦးတောင်းဆိုတဲ့အတိုင်း အနိုင်ပေးလိုက်တာဖြစ်ပါတယ်။

“ဒေါ်ခင်ကြည်ကနေပြီးတော့ သူ့တူကိုပေးထားခဲ့တဲ့ ၅၄ ထဲက အိမ်လေးနဲ့ မြေကွက်လေးရှိတယ်။ တရားမဝင်ဘူးဆိုပြီး အဲဒါပါ သူရသင့်တယ်လို့တောင်းတယ်။ ခု တရားရုံးက ဦးအောင်ဆန်းဦးတောင်းတဲ့အတိုင်း

ပေးလိုက်တာပေါ့။ အဲဒီတော့ အဲဒီအိမ်လေးနဲ့မြေကွက်ကိုပါ တရားရုံးချုပ်က မောင်နှမ ၂ ယောက်တစ်ယောက်တစ်ဝက်ယူဆိုပြီး အမိန့်ချလိုက်တာ။အရင်က အဲဒီအိမ်လေးကို ဖယ်ပြီးယူဖို့အမိန့်ချထားခဲ့တာပါ” လို့

တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။ဦးအောင်ဆန်းဦးဟာ ပြည်ပနိုင်ငံသားတစ်ဦးဖြစ်နေလို့ မြန်မာနိုင်ငံမှာကျန်ရစ်တဲ့မိဘအမွေကိုဆက်ခံခွင့်မရှိဘူးဆိုတဲ့ ပြောကြားချက်တွေလည်း အရင်တည်းက ရှိခဲ့တာပါ။

ဒါနဲ့ပတ်သက်လို့ မဟုတ်မှန်ကြောင်းနဲ့ ဥပဒေအရ မြန်မာနိုင်ငံသား၊ ဗုဒ္ဓဘာသာမိဘနှစ်ပါးက မွေးဖွားထားပြီး တခြားနိုင်ငံသား ခံယူထားပါကလည်းအမွေဆက်ခံခွင့်ရှိကြောင်း

တရားရုံးနဲ့နီးစပ်သူကရှင်းပြပါတယ်။အခုလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအမိန့်ချလိုက်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က မသိရှိသေးကြောင်းနဲ့ မနက်က အမိန့်ချတဲ့ဖြစ်စဉ်မှာ

နှစ်ဖက် သက်ဆိုင်ရာရှေ့နေရှေ့ရပ်တွေသာ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အခုလိုပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမွေမှုမှာ ဦးအောင်ဆန်းဦးတောင်းဆိုတဲ့အတိုင်းအမိန့်ချမှတ်ခဲ့တာကြောင့် ဘာဆက်ဖြစ်လာနိုင်လဲလို့ မေးတဲ့အခါ

အတိအကျမပြောနိုင်သေးကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။ခြံနံပါတ် ၅၄ ဟာ ဒေါ်အောင်ဆန်းစုကြည်ထံ သမ္မတဟောင်း အိုဘားမား၊ ကုလအထွေ ထွေအတွင်းရေးမှူးချုပ်ဟောင်း

မစ္စတာဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဟီလာရီကလင်တန် စတဲ့ အထင်ကရပုဂ္ဂိုလ်တွေ လာရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက် သမိုင်းဝင်နေရာတစ်ခုဖြစ်လို့ လေလံတင်ရောင်းချဖို့ထက်

ပြတိုက်ကဲ့သို့ထိန်းသိမ်းထားစေတဲ့ဆန္ဒတွေရှိတဲ့အပေါ် ဦးအောင်ဆန်းဦးက ကမ္ဘာပေါ်မှာဒီလိုအိမ်မျိုးအများကြီးရှိကြောင်းနဲ့ ဥပဒေနဲ့မဆိုင်ကြောင်း ဘီBစီနဲ့သီးသန့်မေးမြန်းခန်းမှာပြောကြားထားပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

ရန္ကုန္ၿမိဳ႕၊ တကၠသိုလ္ရိပ္သာလမ္းက ေဒၚခင္ၾကည္အမည္ေပါက္ပိုင္ဆိုင္တဲ့ ၿခံနံပါတ္ ၅၄ ေနအိမ္နဲ႕ ၿခံကြက္အေမြမႈနဲ႕ပတ္သက္လို႔ သားအႀကီးျဖစ္သူ ဦးေအာင္ဆန္းဦးရဲ႕အထူးအယူခံတက္တဲ့ ေတာင္းဆိုမႈကို

ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ဒီကေန႕ ၾသဂုတ္ ၂၂ ရက္မွာ ခြင့္ျပဳလိုက္တယ္လို႔ တရား႐ုံးနဲ႕နီးစပ္တဲ့အသိုင္းအဝိုင္းက သိရပါတယ္။ ဦးေအာင္ဆန္းဦးက ၿခံနံပါတ္ ၅၄ ၿခံႀကီးနဲ႕

ၿခံထဲက ေနအိမ္ အိမ္မႀကီးတို႔ကို အေမြခြဲဖို႔ ၂၀၀၀ ျပည့္ႏွစ္ခန႔္မွာစတင္တရားစြဲဆိုခဲ့တာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္မွာေတာ့ ဒီအိမ္ကိုေမာင္ႏွမႏွစ္ဦး ခြဲဝေၾကဖို႔ တရား႐ုံးကအမိန႔္ခ်ခဲ့ပါတယ္။ ဒီလိုအမိန႔္ခ်ရာမွာ

အဲဒီၿခံနံပါတ္ ၅၄ ထဲမွာ ေနာက္ထပ္အိမ္တစ္လုံးနဲ႕ေျမကြက္တစ္ခုကို ေဒၚခင္ၾကည္မကြယ္လြန္မီကသူ႕ရဲ႕ တူျဖစ္သူ၊ ဦးေအာင္ဆန္းဦးနဲ႕ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႕ ေမာင္ႏွမဝမ္းကြဲေတာ္စပ္သူ ဦးခင္ေမာင္ေအးကို

စာခ်ဳပ္စာတမ္းနဲ႕ တရားဝင္ေပးအပ္ခဲ့တာျဖစ္ၿပီး ဦးခင္ေမာင္ေအးကို ေပးအပ္ထားတဲ့ေျမကြက္နဲ႕ အိမ္ကို ဖယ္ၿပီးက်န္အိမ္မႀကီးနဲ႕ၿခံတို႔ကိုတစ္ေယာက္တစ္ဝက္စီ ယူၾကဖို႔ တရား႐ုံးအဆင့္ဆင့္က ဆုံးျဖတ္ခဲ့တာပါ။

ဒါကို လက္မခံတဲ့ ဦးေအာင္ဆန္းဦးက ဦးခင္ေမာင္ေအးရဲ႕ေျမကြက္ကိုပါ အေမြပုံထဲ ထည့္ၿပီးခြဲဝေဖို႔နဲ႕ ဒီလို ၿခံနဲ႕အိမ္ကိုတစ္ေယာက္တစ္ဝက္ယူဖို႔ အမိန႔္ခ်တဲ့အခါ

သူရတဲ့အပိုင္းက အေဆာက္အဦးကၿပိဳပ်က္ေနတာေၾကာင့္ ပစၥည္းမယူဘဲ အိမ္ကိုေလလံပ စ္ၿပီး တစ္ေယာက္တစ္ ဝက္ခြဲဝေယူဖို႔ ဦးေအာင္ဆန္းဦးဘက္က ၂၀၁၈ မွာ အထူးအယူခံတက္ခဲ့ပါေသးတယ္။ အဲဒီ အထူးအယူခံကို

ေနျပည္ေတာ္က ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ပယ္ခ်ခဲ့ပါတယ္။အခု ၂၀၂၂ ခုႏွစ္မွာ ဒီအမႈအထူးအယူခံကိုပဲဦးေအာင္ဆန္းဦးက ထပ္တင္လာတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇူလိုင္ ၂၇ ရက္မွာႏွစ္ဖက္ ေလွ်ာက္လဲခ်က္ကို

ကနဦးၾကားနာခဲ့တဲ့ေနာက္ အမႈကို လက္ခံေၾကာင္း ေနျပည္ေတာ္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ဆုံးျဖတ္ခဲ့တာပါ။ တစ္လဝန္းက်င္အၾကာ ၾသဂုတ္ ၂၂ ရက္မွာေတာ့ ဦးေအာင္ဆန္းဦးေတာင္းဆိုတဲ့အတိုင္း

အေမြပုံထဲမွာ ေဒၚခင္ၾကည္ရဲ႕တူျဖစ္သူထံ ေပးအပ္ခဲ့တဲ့ အိမ္နဲ႕ေျမကြက္ကိုပါအေမြပုံထဲထည့္သြင္းခြဲဝေဖို႔ေတာင္းဆိုခ်က္ကို တရား႐ုံးက ဦးေအာင္ဆန္းဦးေတာင္းဆိုတဲ့အတိုင္း အနိုင္ေပးလိုက္တာျဖစ္ပါတယ္။

“ေဒၚခင္ၾကည္ကေနၿပီးေတာ့ သူ႕တူကိုေပးထားခဲ့တဲ့ ၅၄ ထဲက အိမ္ေလးနဲ႕ ေျမကြက္ေလးရွိတယ္။ တရားမဝင္ဘူးဆိုၿပီး အဲဒါပါ သူရသင့္တယ္လို႔ေတာင္းတယ္။ ခု တရား႐ုံးက ဦးေအာင္ဆန္းဦးေတာင္းတဲ့အတိုင္း

ေပးလိုက္တာေပါ့။ အဲဒီေတာ့ အဲဒီအိမ္ေလးနဲ႕ေျမကြက္ကိုပါ တရား႐ုံးခ်ဳပ္က ေမာင္ႏွမ ၂ ေယာက္တစ္ေယာက္တစ္ဝက္ယူဆိုၿပီး အမိန႔္ခ်လိဳက္တာ။အရင္က အဲဒီအိမ္ေလးကို ဖယ္ၿပီးယူဖို႔အမိန႔္ခ်ထားခဲ့တာပါ” လို႔

တရား႐ုံးနဲ႕နီးစပ္တဲ့အသိုင္းအဝိုင္းက ေျပာပါတယ္။ဦးေအာင္ဆန္းဦးဟာ ျပည္ပနိုင္ငံသားတစ္ဦးျဖစ္ေနလို႔ ျမန္မာနိုင္ငံမွာက်န္ရစ္တဲ့မိဘအေမြကိုဆက္ခံခြင့္မရွိဘူးဆိုတဲ့ ေျပာၾကားခ်က္ေတြလည္း အရင္တည္းက ရွိခဲ့တာပါ။

ဒါနဲ႕ပတ္သက္လို႔ မဟုတ္မွန္ေၾကာင္းနဲ႕ ဥပေဒအရ ျမန္မာနိုင္ငံသား၊ ဗုဒၶဘာသာမိဘႏွစ္ပါးက ေမြးဖြားထားၿပီး တျခားနိုင္ငံသား ခံယူထားပါကလည္းအေမြဆက္ခံခြင့္ရွိေၾကာင္း

တရား႐ုံးနဲ႕နီးစပ္သူကရွင္းျပပါတယ္။အခုလို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ကအမိန႔္ခ်လိဳက္တဲ့အေပၚ ေဒၚေအာင္ဆန္းစုၾကည္က မသိရွိေသးေၾကာင္းနဲ႕ မနက္က အမိန႔္ခ်တဲ့ျဖစ္စဥ္မွာ

ႏွစ္ဖက္ သက္ဆိုင္ရာေရွ႕ေနေရွ႕ရပ္ေတြသာ တက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။ အခုလိုျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က အေမြမႈမွာ ဦးေအာင္ဆန္းဦးေတာင္းဆိုတဲ့အတိုင္းအမိန႔္ခ်မွတ္ခဲ့တာေၾကာင့္ ဘာဆက္ျဖစ္လာနိုင္လဲလို႔ ေမးတဲ့အခါ

အတိအက်မေျပာနိုင္ေသးေၾကာင္း တရား႐ုံးနဲ႕နီးစပ္တဲ့အသိုင္းအဝိုင္းကေျပာပါတယ္။ၿခံနံပါတ္ ၅၄ ဟာ ေဒၚေအာင္ဆန္းစုၾကည္ထံ သမၼတေဟာင္း အိုဘားမား၊ ကုလအေထြ ေေထြအတြင္းေရးမႉးခ်ဳပ္ေဟာင္

မစၥတာဘန္ကီမြန္း၊ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးေဟာင္းဟီလာရီကလင္တန္ စတဲ့ အထင္ကရပုဂၢိဳလ္ေတြ လာေရာက္ခဲ့တဲ့ ျမန္မာ့ဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈအတြက္ သမိုင္းဝင္ေနရာတစ္ခုျဖစ္လို႔ ေလလံတင္ေရာင္းခ်ဖိဳ႕ထက္

ျပတိုက္ကဲ့သို႔ထိန္းသိမ္းထားေစတဲ့ဆႏၵေတြရွိတဲ့အေပၚ ဦးေအာင္ဆန္းဦးက ကမာၻေပၚမွာဒီလိုအိမ္မ်ိဳးအမ်ားႀကီးရွိေၾကာင္းနဲ႕ ဥပေဒနဲ႕မဆိုင္ေၾကာင္း ဘီBစီနဲ႕သီးသန႔္ေမးျမန္းခန္းမွာေျပာၾကားထားပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*