ကားလက်မှတ်များ ရောင်းချစဥ် ကတည်းက ခရီးသည်ရဲ့ နေရပ်လိပ်စာအပါအဝင် အချက်လက်တွေကို Record ယူရန် စစ်ကောင်စီညွှန်ကြား
ခရီးသည်တွေကို ခရီးသွားလက်မှတ်ရောင်းချတာနဲ့ ခရီးသည်နာမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပတ်အပြည့်အစုံကို
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ရယူပြီးမှသာ ရောင်းချဖို့ စစ်ကောင်စီလက်အော က်ခံ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက ဩဂုတ် ၁၉ ရက်စွဲနဲ့ ညွှန်ကြားထားပါတယ်။“ အရင်က လက်မှတ်ဝယ်ရင် ဖုန်းနံပါတ်နဲ့ ခုံအရေအ တွက်ပဲ အရင်တောင်းတယ်။
ကားပေါ်ရောက်မှ ဆင်းမယ့်နေရာတွေ၊ မှတ်ပုံတင်နံပါတ်တွေကို ယာဉ်အကူတွေကတောင်းတယ်။ အခုတော့ နေရပ်လိပ်စာတွေအထိပါလိုက်တောင်းနေတာဆိုတော့ ခရီးသွားတွေကိုပါ တင်းကျပ်လိုက်တဲ့သဘောပဲ“လို့
ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။ ဒါ့အပြင် ဂိတ်စကနေမဟုတ်ဘဲ လမ်းခရီးတစ်ဝက်ကနေ လိုက်ပါမယ့် ခရီးသည်တွေကိုလည်း နာမည်၊ လိပ်စာ၊ ဖုန်းနံပတ်၊ အပြည့်အစုံကို မှတ်တမ်းယူဖို့ ၊ ခရီးစဉ် မထွက်ခင်
ယာဉ်ပေါ်ကို တင်ဆောင်ချိန်မှာ ခရီးသွားလက်မှတ်နဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေကို တိုက်ဆိုင်စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။ မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ကို ဆက်သွယ်ထားတဲ့ ရတနာပုံတံတားပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက
ခရီးသည်တင်ကားတစ်စီးပေါ်မှာ လိုက်ပါလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*