
မင်္ဂလာပါ ပရိသတ်ကြီးရေ ငြိမ်းသော်ကတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတင်ဆက်ခဲ့သော “ည”ရုပ်ရှင် ဇာတ်ကားနဲ့
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
လူသိများလာသော သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်နော်။ သို့ပေမယ့် ပရိသတ်တွေ အားပေးမှုကို လျစ်လျူရှု့ကာ မော်ဒယ်လ်တစ်ယောက် ဖြစ်သလို သရုပ်ဆောင်စ်ယောက်လည်း ဖြစ်တဲ့
ငြိမ်းသော်ကတော့ နိုင်ငံအတွင်း မငြိမ်သက်နဲ့ သောကတွေပွေနေချိန်မှာ Tomorrow Land ဂီတဖျော်ဖြေပွဲကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံအလံကို အသုံးပြုခဲ့ကာ ပျော်ရွှင်ကြည်နူးတဲ့ ပုံစံတွေနဲ့
ပုံတွေရိုက်ကာ လူမှုကွန်ယက်ပေါ်သို့ တင်လာခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ရရှိခဲ့တာ ပဲဖြစ်ပါတယ်။ ငြိမ်းသော်ဟာ ပရိသတ်ပြည်သူတွေအပြင်
ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေသော မင်းမော်ကွန်း၊ ဟားငါးကောင်၊ နိုဗန်ထူး ပန်ဆယ်လို စသူတို့ဆီက ဝေဖန်ဆဲဆိုမှုတွေရရှိပြီးတဲ့နောက်မှ သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာထက်က နေပြီးတော့
ပြန်လည်ပြီး အနူးအညွတ် တောင်းပန်ပါကြောင်း တောင်းပန်စာ တစ်သောင်း ရေးသားပြီး တင်ခဲ့သလို “ပွဲသွားပြီး နောက်ရက်တွေ စိတ်ညစ်စွာနေ နေပါတယ်”ဆိုပြီး ခပ်ထေ့ထေ့ရေးသားခဲ့ခြင်းကြောင့်
ပရိသတ်ပြည်သူတွေကြားမှာ ပြောဆိုစရာ ဖြစ်ခဲ့ ရပြန်ပါတယ်။ ဒါ့အပြင် ငြိမ်းသော် ဟာ သူ့ရဲ့လူမှုကွန်ယက် အကောင့်မှ ပရိုဖိုင်ပုံတွေကိုလည်း မဲ့ရွဲ့နေသော မထေ့မဲ့မြင်လုပ်ပြနေသော
ပုံတွေကို ချိန်းပြခဲ့ပါသေးတယ်။ ထိုကဲ့သို့ ပြုလုပ်ခဲ့သော ငြိမ်းသော်ကတော့ အခုအခါမှာလည်း ပရိသတ်တွေ မေ့လောက်ပြီ ဆိုတဲ့ အထင်အမြင်နဲ့ မယုံနိုင်စရာအပြုအမူတွေကို
ထပ်မံပြုလုပ် လာခဲ့ပြန်ပါတယ်။ ဒီနေ့မှာ မော်ဒယ်လ်ငြိမ်းသော်က နိုင်ငံခြားခရီးစဉ်မှာ ရိုက်ကူးထားတဲ့ သူ့ရဲ့ဓာတ်ပုံကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်လာခဲ့ပြီး “စိတ်ညစ်စွာဖြင့် ” ဆိုပြီးရေးသားကာ
ထပ်မံလှောင်လာခဲ့ပြန်ပါတယ်။ သူတင်လိုက်သော ပို့စ်အတွက် ပရိသတ်တွေထံမှ ဝေဖန်မှုတွေ ထပ်မံရရှိခဲ့မှ ဖေ့စ်ဘုတ်ကပ်ပရှင်ကို ပြောင်းလဲခဲ့သလို မကြာမှီမှပဲ ပို့စ်ကို ပြန်ဖျက်သွားခဲ့ ပါတယ်။
သို့ပေမယ့် အကြိမ်ကြိမ် ထပ်ခါထပ်ခါ ပြက်ရယ်ပြုကာ မထေ့မဲ့မြင် ပြုလုပ်နေသော ငြိမ်းသော်အား ပရိသတ်ပြည်သူများမှ သည်းခံနိုင်စွမ်း မရှိတော့သဖြင့် ငြိမ်းသော်ရဲ့ပို့စ်တွေ အောက်မှာ ပြင်းထန်စွာ
ဝေဖန် ပြောဆိုနေကြတာကို တွေ့နေရဆဲပဲ ဖြစ်ပါ တယ်နော်။ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး အကြိမ်ကြိမ် အခါခါ ပရိသတ်တွေကို လှောင်ပြောင်ဟန်တွေ ပြုလုပ်နေတဲ့ ငြိမ်းသော်ရဲ့လုပ်ရပ်တွေဟာ တကယ်ပင် အံ့သြစရာပါပဲနော် ပရိသတ်ကြီး။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
မဂၤလာပါ ပရိသတ္ႀကီးေရ ၿငိမ္းေသာ္ကေတာ့ ဒါရိုက္တာ ထူးပိုင္ေဇာ္ဦး ရိုက္ကူးတင္ဆက္ခဲ့ေသာ “ည”႐ုပ္ရွင္ ဇာတ္ကားနဲ႕
လူသိမ်ားလာေသာ သ႐ုပ္ေဆာင္ တစ္ဦး ျဖစ္ပါတယ္ေနာ္။ သို႔ေပမယ့္ ပရိသတ္ေတြ အားေပးမႈကို လ်စ္လ်ဴရႈ႕ကာ ေမာ္ဒယ္လ္တစ္ေယာက္ ျဖစ္သလို သ႐ုပ္ေဆာင္စ္ေယာက္လည္း ျဖစ္တဲ့
ၿငိမ္းေသာ္ကေတာ့ နိုင္ငံအတြင္း မၿငိမ္သက္နဲ႕ ေသာကေတြေပြေနခ်ိန္မွာ Tomorrow Land ဂီတေဖ်ာ္ေျဖပြဲကို သြားေရာက္ခဲ့ၿပီး ျမန္မာနိုင္ငံအလံကို အသုံးျပဳခဲ့ကာ ေပ်ာ္႐ႊင္ၾကည္ႏူးတဲ့ ပုံစံေတြနဲ႕
ပုံေတြရိုက္ကာ လူမႈကြန္ယက္ေပၚသို႔ တင္လာခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြကို ျပင္းျပင္းထန္ထန္ ရရွိခဲ့တာ ပဲျဖစ္ပါတယ္။ ၿငိမ္းေသာ္ဟာ ပရိသတ္ျပည္သူေတြအျပင္
ျပည္သူေတြနဲ႕ တစ္သားတည္း ရပ္တည္ေနေသာ မင္းေမာ္ကြန္း၊ ဟားငါးေကာင္၊ နိုဗန္ထူး ပန္ဆယ္လို စသူတို႔ဆီက ေဝဖန္ဆဲဆိုမႈေတြရရွိၿပီးတဲ့ေနာက္မွ သူ႕ရဲ႕ လူမႈကြန္ယက္ ေဖ့စ္ဘုတ္စာမ်က္ႏွာထက္က ေနၿပီးေတာ့
ျပန္လည္ၿပီး အႏူးအၫြတ္ ေတာင္းပန္ပါေၾကာင္း ေတာင္းပန္စာ တစ္ေသာင္း ေရးသားၿပီး တင္ခဲ့သလို “ပြဲသြားၿပီး ေနာက္ရက္ေတြ စိတ္ညစ္စြာေန ေနပါတယ္”ဆိုၿပီး ခပ္ေထ့ေထ့ေရးသားခဲ့ျခင္းေၾကာင့္
ပရိသတ္ျပည္သူေတြၾကားမွာ ေျပာဆိုစရာ ျဖစ္ခဲ့ ရျပန္ပါတယ္။ ဒါ့အျပင္ ၿငိမ္းေသာ္ ဟာ သူ႕ရဲ႕လူမႈကြန္ယက္ အေကာင့္မွ ပရိုဖိုင္ပုံေတြကိုလည္း မဲ့႐ြဲ႕ေနေသာ မေထ့မဲ့ျမင္လုပ္ျပေနေသာ
ပုံေတြကို ခ်ိန္းျပခဲ့ပါေသးတယ္။ ထိုကဲ့သို႔ ျပဳလုပ္ခဲ့ေသာ ၿငိမ္းေသာ္ကေတာ့ အခုအခါမွာလည္း ပရိသတ္ေတြ ေမ့ေလာက္ၿပီ ဆိုတဲ့ အထင္အျမင္နဲ႕ မယုံနိုင္စရာအျပဳအမူေတြကို
ထပ္မံျပဳလုပ္ လာခဲ့ျပန္ပါတယ္။ ဒီေန႕မွာ ေမာ္ဒယ္လ္ၿငိမ္းေသာ္က နိုင္ငံျခားခရီးစဥ္မွာ ရိုက္ကူးထားတဲ့ သူ႕ရဲ႕ဓာတ္ပုံကို သူ႕ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ တင္လာခဲ့ၿပီး “စိတ္ညစ္စြာျဖင့္ ” ဆိုၿပီးေရးသားကာ
ထပ္မံေလွာင္လာခဲ့ျပန္ပါတယ္။ သူတင္လိုက္ေသာ ပို႔စ္အတြက္ ပရိသတ္ေတြထံမွ ေဝဖန္မႈေတြ ထပ္မံရရွိခဲ့မွ ေဖ့စ္ဘုတ္ကပ္ပရွင္ကို ေျပာင္းလဲခဲ့သလို မၾကာမွီမွပဲ ပို႔စ္ကို ျပန္ဖ်က္သြားခဲ့ ပါတယ္။
သို႔ေပမယ့္ အႀကိမ္ႀကိမ္ ထပ္ခါထပ္ခါ ျပက္ရယ္ျပဳကာ မေထ့မဲ့ျမင္ ျပဳလုပ္ေနေသာ ၿငိမ္းေသာ္အား ပရိသတ္ျပည္သူမ်ားမွ သည္းခံနိုင္စြမ္း မရွိေတာ့သျဖင့္ ၿငိမ္းေသာ္ရဲ႕ပို႔စ္ေတြ ေအာက္မွာ ျပင္းထန္စြာ
ေဝဖန္ ေျပာဆိုေနၾကတာကို ေတြ႕ေနရဆဲပဲ ျဖစ္ပါ တယ္ေနာ္။ အႏုပညာရွင္ တစ္ေယာက္ျဖစ္ၿပီး အႀကိမ္ႀကိမ္ အခါခါ ပရိသတ္ေတြကို ေလွာင္ေျပာင္ဟန္ေတြ ျပဳလုပ္ေနတဲ့ ၿငိမ္းေသာ္ရဲ႕လုပ္ရပ္ေတြဟာ တကယ္ပင္ အံ့ၾသစရာပါပဲေနာ္ ပရိသတ္ႀကီး။ ခရက္ဒစ္
Leave a Reply