အကြမ်းဖက် စစ်ကောင်စီက မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်အား ဖမ်းဆီးပြီး ပိုင်ဆိုင်မှုအားလုံး ချိတ်ပိတ်

အာဏာသိမ်းစစ်ကောင်စီက မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်ကို ဖမ်းဆီးလိုက်ပြီး လုပ်ငန်းနှင့်နေအိမ်များအပါအဝင် ပိုင်ဆိုင်မှုအားလုံးကို ချိတ်ပိတ်လိုက်ကြောင်း

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။ စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများအား ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် မြန်မာသူရကျောက်မျက်ကုမ္ပဏီမှ ယာဉ်မောင်းဖြစ်သူ မွန်သူအောင်အား

ဩဂုတ်လ (၁၇)ရက်နေ့က မန္တလေးရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးလိုက်ပြီးနောက် အဆိုပါ ယာဉ်မောင်း၏ ထွက်ဆိုချက်အရ ကုမ္ပဏီပိုင်ရှင် ဦီးကျော်သူရအား ယင်းနေ့မှာပင် မန္တ‌လေးနေအိမ်တွင် သွားရောက်ဖမ်း ဆီးကာ

ပိုင်ဆိုင်မှုအားလုံးကို ချိတ်ပိတ်လိုက်ကြောင်း အာဏာသိမ်းအဖွဲ့၏ ဝါဒဖြန့် ပြန်ကြားရေးဖြစ်သည့် Myanmar Digital News က ဖေါ်ပြထားသည်။မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရပိုင်ဆိုင်သည့်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၃ လမ်းနှင့် ၅၂ လမ်းထောင့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီနှင့် နေအိမ်ခြံဝန်းအတွင်းရှိ အဆောက်အဦ (၄)လုံးနှင့် မော်တော်ယာဉ်မျိုးစုံ (၅)စီး

ပြည်ကြီးပျော်ဘွယ်အတောက်ရပ်၊ ၈၈ ဘီလမ်း၊ ၃၄ နှင့် ၃၅ လမ်းကြားရှိ အဆောက်အအုံ (၃)လုံး၊မော်တော်ယာဉ်မျိုးစုံ (၂)စီး၊ မီးစက် (၂)လုံးနှင့် ကျော က်စိမ်းဖြတ်သားမျိုးစုံ တန် (၈၀)ဝန်းကျင်၊

နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ခြံဝန်းနှင့် အဆော က်အဦ (၁)လုံး၊ ဒဏ္ခိဏသီရိမြို့နယ်အတွင်းရှိ ခြံဝန်းနှင့် အဆောက်အဦ (၂)လုံး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ခြံဝန်းနှင့် အဆောက်အဦ (၁)လုံး

ဖားကန့်မြို့နယ်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီလုပ်ကွက်နှင့် အဆောက်ဦးမျိုးစုံ (၇)လုံး၊ ကျောက်ဖေါက်စက် (၄)လုံး၊ ကျောက်ဖြတ်စက်အကြီး (၄)လုံး၊ ကျောက်ဖြတ်သား တန် (၃၀)၊မြေသယ်ယာဉ်မျိုးစုံ (၁၄)စီး၊

ရေသယ်ယာဉ် (၂)စီး၊ ဘက်ဟိုး (၅)စီး စုစုပေါင်းတန်ဖိုး(အာဏာသိမ်းအဖွဲ့၏ ထုတ်ပြန်သည့်တန်ဖိုး) ကျပ်သိန်းပေါင်း ၁၁၈၄၄၉ အား ချိတ်ပိတ်လိုက်ကြောင်း သိရသည်။ယင်းအပြင် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများထောက်ပံ့သည့်

အခြားကျောက်မျက်လုပ်ငန်းရှင်များကိုလည်း ဆက်လ က်ဖမ်းဆီးမည်ဟု အာဏာသိမ်းအဖွဲ့ပြန်ကြားရေးက ဖေါ်ပြထားသည်။ စစ်အုပ်စုက ပြီးခဲ့သည့်နှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူရွေးကောက်ထားသည့်အစိုးရအဖွဲ့အား

ဖမ်းဆီးကာ အာဏာသိမ်းလိုက်ပြီးကတည်းက နိုင်ငံတွင်း နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နှင်းမှုပေါင်းစုံကို လုပ်ဆောင်နေကြပြီး ပြည်သူများမှာ တရားဥပဒေအရ အကာအကွယ်ရရှိမှု မရနိုင်ကြတော့သည့် အခြေအနေနှင့် ကြုံတွေ့နေကြရခြင်းဖြစ်သည်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

အာဏာသိမ္းစစ္ေကာင္စီက ျမန္မာသူရေက်ာက္မ်က္ကုမၸဏီပိုင္ရွင္ကို ဖမ္းဆီးလိုက္ၿပီး လုပ္ငန္းႏွင့္ေနအိမ္မ်ားအပါအဝင္ ပိုင္ဆိုင္မႈအားလုံးကို ခ်ိတ္ပိတ္လိုက္ေၾကာင္း

၂၀၂၂ ခုႏွစ္ ဩဂုတ္လ (၂၁)ရက္ေန႕တြင္ ထုတ္ျပန္လာသည္။ စစ္အာဏာရွင္ေတာ္လွန္ေရးအင္အားစုမ်ားအား ေထာက္ပံ့သည္ဟု စြပ္စြဲခ်က္ျဖင့္ ျမန္မာသူရေက်ာက္မ်က္ကုမၸဏီမွ ယာဥ္ေမာင္းျဖစ္သူ မြန္သူေအာင္အား

ဩဂုတ္လ (၁၇)ရက္ေန႕က မႏၲေလးရွိ ၎၏ေနအိမ္တြင္ ဖမ္းဆီးလိုက္ၿပီးေနာက္ အဆိုပါ ယာဥ္ေမာင္း၏ ထြက္ဆိုခ်က္အရ ကုမၸဏီပိုင္ရွင္ ဦီးေက်ာ္သူရအား ယင္းေန႕မွာပင္ မႏၲ‌ေလးေနအိမ္တြင္ သြားေရာက္ဖမ္း ဆီးကာ

ပိုင္ဆိုင္မႈအားလုံးကို ခ်ိတ္ပိတ္လိုက္ေၾကာင္း အာဏာသိမ္းအဖြဲ႕၏ ဝါဒျဖန႔္ ျပန္ၾကားေရးျဖစ္သည့္ Myanmar Digital News က ေဖၚျပထားသည္။ျမန္မာသူရေက်ာက္မ်က္ကုမၸဏီပိုင္ရွင္ ဦးေက်ာ္သူရပိုင္ဆိုင္သည့္

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ကန္ေကာက္ရပ္ကြက္၊ ၃၃ လမ္းႏွင့္ ၅၂ လမ္းေထာင့္ရွိ ျမန္မာသူရေက်ာက္မ်က္ကုမၸဏီႏွင့္ ေနအိမ္ၿခံဝန္းအတြင္းရွိ အေဆာက္အဦ (၄)လုံးႏွင့္ ေမာ္ေတာ္ယာဥ္မ်ိဳးစုံ (၅)စီး

ျပည္ႀကီးေပ်ာ္ဘြယ္အေတာက္ရပ္၊ ၈၈ ဘီလမ္း၊ ၃၄ ႏွင့္ ၃၅ လမ္းၾကားရွိ အေဆာက္အအုံ (၃)လုံး၊ေမာ္ေတာ္ယာဥ္မ်ိဳးစုံ (၂)စီး၊ မီးစက္ (၂)လုံးႏွင့္ ေက်ာ က္စိမ္းျဖတ္သားမ်ိဳးစုံ တန္ (၈၀)ဝန္းက်င္၊

ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕နယ္အတြင္းရွိ ၿခံဝန္းႏွင့္ အေဆာ က္အဦ (၁)လုံး၊ ဒဏၡိဏသီရိၿမိဳ႕နယ္အတြင္းရွိ ၿခံဝန္းႏွင့္ အေဆာက္အဦ (၂)လုံး၊ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ရွိ ၿခံဝန္းႏွင့္ အေဆာက္အဦ (၁)လုံး

ဖားကန႔္ၿမိဳ႕နယ္ရွိ ျမန္မာသူရေက်ာက္မ်က္ကုမၸဏီလုပ္ကြက္ႏွင့္ အေဆာက္ဦးမ်ိဳးစုံ (၇)လုံး၊ ေက်ာက္ေဖါက္စက္ (၄)လုံး၊ ေက်ာက္ျဖတ္စက္အႀကီး (၄)လုံး၊ ေက်ာက္ျဖတ္သား တန္ (၃၀)၊ေျမသယ္ယာဥ္မ်ိဳးစုံ (၁၄)စီး၊

ေရသယ္ယာဥ္ (၂)စီး၊ ဘက္ဟိုး (၅)စီး စုစုေပါင္းတန္ဖိုး(အာဏာသိမ္းအဖြဲ႕၏ ထုတ္ျပန္သည့္တန္ဖိုး) က်ပ္သိန္းေပါင္း ၁၁၈၄၄၉ အား ခ်ိတ္ပိတ္လိုက္ေၾကာင္း သိရသည္။ယင္းအျပင္ စစ္အာဏာရွင္ေတာ္လွန္ေရးအင္အားစုမ်ားေထာက္ပံ့သည့္

အျခားေက်ာက္မ်က္လုပ္ငန္းရွင္မ်ားကိုလည္း ဆက္လ က္ဖမ္းဆီးမည္ဟု အာဏာသိမ္းအဖြဲ႕ျပန္ၾကားေရးက ေဖၚျပထားသည္။ စစ္အုပ္စုက ၿပီးခဲ့သည့္ႏွစ္ ေဖေဖၚဝါရီလ (၁) ရက္ေန႕တြင္ ျပည္သူေ႐ြးေကာက္ထားသည့္အစိုးရအဖြဲ႕အား

ဖမ္းဆီးကာ အာဏာသိမ္းလိုက္ၿပီးကတည္းက နိုင္ငံတြင္း နည္းလမ္းမ်ိဳးစုံျဖင့္ အၾကမ္းဖက္ႏွိမ္ႏွင္းမႈေပါင္းစုံကို လုပ္ေဆာင္ေနၾကၿပီး ျပည္သူမ်ားမွာ တရားဥပေဒအရ အကာအကြယ္ရရွိမႈ မရနိုင္ၾကေတာ့သည့္ အေျခအေနႏွင့္ ႀကဳံေတြ႕ေနၾကရျခင္းျဖစ္သည္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*