မင်္ဂလာပါ ပရိသတ်ကြီးရေ မင်းသားချော အောင်ရဲလင်းကတော့ တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ တည်ကြည်ချောမောတဲ့ ရုပ်ရည်တို့ကြောင့်နှုတ်ခမ်းနီမလေးတွေရဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အသည်းစွဲအားပေးမှုကို ရရှိထားတဲ့ မင်းသား တစ်လက် ဖြစ်ပါတယ်နော်။ အောင်ရဲလင်းဟာ ဆိုရင် ဗီဒီယိုခေတ်မှာ ဗီဒီယိုဇာတ်ကားပေါင်း များစွာကို အောင်မြင်စွာ သရုပ်ဆောင် ရိုက်ကူး ခဲ့ရုံ သာမက
ရုပ်ရှင်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင် ခဲ့တဲ့ မင်းသားတစ်ယောက် ဖြစ်ပါတယ်နော်။ လက်ရှိအချိန် မှာတော့ မင်းသားချောအောင်ရဲလင်းဟာ အနုပညာလုပ်ငန်းတွေကို ခေတ္တ ရပ်နားထားပြီး
မိသားစုနဲ့အတူ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ အခုအခါမှာတော့ သရုပ်ဆောင် အောင်ရဲလင်းက မိခင်ဖြစ်သူက ဟင်းချက်ကောင်းတဲ့ မိန်းကလေးမျိုးကို
ဘဝလက်တွဲဖော်အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖို့ တိုက်တွန်းနေကြေညင်းနှင့် သူ့ရဲ့သဘောဆန္ဒကို အခုလို ဖွင့်ဟလို့ ပြောပြလာတာကို တွေ့ရပါတယ် နော် ပရိသတ်ကြီး။ အောင်ရဲလင်း က “အမေက ဟင်းချက်ကောင်းတဲ့ သူကို
အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ဖို့ တောင်းဆို ထားတယ်။ ကျွန်တော်လည်း ဟင်းကောင်းကောင်း ချက်ကျွေးတဲ့သူ လိုချင်ပေမယ့် မရတော့ လည်း ဝယ်စား ရမှာပေါ့။ ဆင်းရဲ၊ ချမ်းသာ တာထက်
မိဘ အပေါ်၊ ကျနော့် အပေါ် ကောင်းတဲ့အိမ်ထောင်ဖက်ပဲ လိုချင်ပါတယ်”ဆိုပြီး ရင်ဖွင့် ပြောပြလာတာ ပဲဖြစ်ပါတယ်။ အောင်ရဲလင်းဟာ ကိုယ်တိုင်လည်း ဟင်းချက်ရတာ ဝါသနာပါသူဖြစ်သလို ဟင်းချက်ကောင်းသူ
အချက်အပြုတ်ကျွမ်းကျင်သူ ဖြစ်တယ်လို့လည်း အရင်က အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးသူ ဖြစ်ပြီး အခုလည်း အမေဖြစ်သူကလည်း ဟင်းချက်ကောင်းတဲ့ မိန်ကလေးကို လက်တွဲဖော်အဖြစ်
ရွေးစေချင်သလို ကိုယ်တိုင်ကလည်း ဟင်းချက်ကောင်းသူလေးကို အိမ်ထောင်ဖက်လက်တွဲဖော်အဖြစ် ရရင်လိုချင်ကြောင်းနှင့် ဆင်းရဲတာ ချမ်းသာတာထက် သူ့ရဲ့မိဘအပေါ်
ချစ်ခင်သိတတ်ပြီး သူ့အပေါ်လည်း ကောင်းတဲ့ လက်တွဲဖော်မျိုးကိုသာ လိုလားတောင့်တ မိကြောင်း ဖွင့်ဟလို့ ပြောလာခဲ့တာပါနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply