ခင်ပွန်းဖြစ်သည် Cobra က အိမ်မှုကိစ္စ နိုင်နင်းပုံတွေကို အသံဖိုင်နဲ့တကွသက်သေပြလိုက်တဲ့ ခင်မဉ္ဇူခိုင်
ပရိတ်သတ်ကြီးရေ အဆိုတော် Cobra ကတော့သီချင်းကောင်းလေးတွေကို ပရိတ်သတ်တွေရဲ့ရင်ထဲရောက်အောင်သီဆိုနိုင်တဲ့အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်နော်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
Cobra ရဲ့ ဇနီးသည်ဟာ ပရိသတ်တွေသိပြီးသား မော်ဒယ်လ် ခင်မဉ္ဇူခိုင်ဖြစ်ပြီး Cobra နဲ့ ခင်မဉ္ဇူခိုင်တို့ဟာ သားသားမီးမီးတွေနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။
ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး နွေးထွေးလုံခြုံတဲ့ Cobra နဲ့ ခင်မဉ္ဇူခိုင်တို့မိသားစုလေးကို ချစ်ခင်စွာနဲ့ အားပေးနေကြဆဲဖြစ်ပါတယ်။ လတ်တလောမှာ မိသားစုလိုက် နိုင်ငံရပ်ခြားမှာနေထိုင်နေတဲ့
Cobra နဲ့ ခင်မဉ္ဇူခိုင်တို့ဟာ အလုပ်တွေလုပ်ရင်း မိသားစုတာဝန်တွေကိုလည်း ခွဲဝေလုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခင်မဉ္ဇူခိုင်က ဇနီးသည်ရဲ့ အိမ်မှုကိစ္စတွေကို
ထောင့်စေ့အောင်ကူညီလုပ်ဆောင်ပေးတတ်တဲ့ Cobra အကြောင်းကို “ယောကျာ်းရဲ့ အိမ်ထောင်မှုထိန်းသိမ်းပုံ ” ဆိုပြီး ပြောပြလာပါတယ်။ Cobra ကတော့ အမိုက်စားသီချင်းတွေကို သီဆိုတတ်သူတစ်ယောက်ဖြစ်ပေမယ့်
သူ့ရဲ့မိသားစုလေးနဲ့ပတ်သက်လာရင် အိမ်ထောင်ဦးစီးပီသသလို မိန်းမရဲ့အလုပ်တွေကိုလည်း ကူညီလုပ်ဆောင်ပေးတတ်တဲ့ ဖခင်ကောင်း၊ ယောကျာ်းကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။
အခုလိုအလိုက်သိလွန်းတဲ့ Cobra လိုခင်ပွန်းကာင်းမျိုးကိုပိုင်ဆိုင်ထားတဲ့ ခင်မဉ္ဇူခိုင်ဟာဆိုရင်လည်း အရမ်းကိုကံကောင်းတဲ့အမျိုးသမီးလေးပါပဲနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*