တပ်ထဲက ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေကို အကြံတစ်ခု ပေးလိုက်တဲ့ ဒါရိုက်တာ သည်ခေတ်နေ
ပရိသတ်ကြီးရေ မြန်မာ့ရုပ်ရှင်လောကမှာ ရုပ်ရှင်ဇာတ်ကားတွေကို အကောင်းဆုံးဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ သည်ခေတ်နေ ဟာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
MRTV-4 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ” မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ဦးပါ။ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲအပြင်
ရုပ်ရှင်ဇာတ်ကား‌ကောင်းများစွာကို ရိုက်ကူးခဲ့ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူတစ်ယောက်လဲ ဖြစ်ပါတယ်။ဒါရိုက်တာ သည်ခေတ်နေ ဟာ
အမှန်တရားဘက်က ပြတ်ပြတ်သားသားသားရပ်တည်ခဲ့ပြီး နွေဦးတော်လှန်ရေးအစထဲက ပါဝင်ခဲ့သူတစ်ဦးပါ။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရပြီးနောက်
ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ တိမ်းရှောင်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့လွတ်မြောက်နယ်မြေကနေတစ်ဆင့် နိုင်ငံရပ်ခြားကို မိသားစုနဲ့အတူ
ဘေးကင်းစွာနဲ့ ရောက်ရှိသွားခဲ့ပါပြီ။ နိုင်ငံရပ်ခြားမှတစ်ဆင့် ဒါရိုက်တာ သည်ခေတ်နေ ကတော့ တော်လှန်‌ရေးအတွက် ကျရာနေရာကနေ အကောင်းဆုံးကြိုးစားဆောင်ရွက်နေတာကို တွေ့ရပါတယ်။
ပြည်သူတွေကို သွေးမအေးသွားစေဖို့ အမြဲတမ်းနှိုးဆော်နေတဲ့အပြင်ကိုယ်တိုင်ကလဲ စိတ်ဓာတ်ခိုင်မာသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါရိုက်တာသည်ခေတ်နေ ဟာ ခင်မင်ခဲ့ရတဲ့ တပ်ထဲက သူငယ်ချင်းတွေကို
အကြံတစ်ခုပေးလိုက်တာပဲ ဖြစ်ပါတယ်။ ” ကိုယ့်တောင် ရန်လာမထောင်နိုင်တော့ဘူး တပ်ထဲက ကိုယ့်သူငယ်ချင်းတွေလည်း အကုန်ဂန့်ကုန်ပြီ ထင်ပါတယ်။ ကိုယ်သေတော့မယ်ဆိုတာ ကိုယ့်ကိုကိုယ့် ခံစားနေရပြီဆိုရင်တော့
ကြိုတင်နှုတ်ဆက်သွားသင့်ပါတယ် သူငယ်ချင်းရေ ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*