ပရိသတ်ကြီးရေ ရုပ်ရှင်မင်းသားကြီးတစ်ဦးဖြစ်တဲ့ လွင်မိုးနဲ့ အစ်ကိုတော်စပ်သူတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ မောင်သီ ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။ Myanmar Got Talent ပြိုင်ပွဲကြီးမှာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဒိုင်တစ်ယောက်အဖြစ် ပါဝင်ခဲ့တဲ့ ဒါရိုက်တာ မောင်သီ ဟာရုပ်ရှင်ဇာတ်ကားကောင်းများစွာကို ဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာတစ်ဦးလဲဖြစ်ပါတယ်။ သူဟာ ဒါရိုက်တာတစ်ဦးဖြစ်တာကြောင့်
ရုပ်ရှင်လောကမှာ အနုပညာရှင်တွေရဲ့ ချစ်ခင်လေးစားမှု့ကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဒါရိုက်တာမောင်သီ ဟာ တတ်သစ်စသရုပ်ဆောင်သစ်လေးတွေကို လက်တွဲခေါ်ယူလေ့ရှိတဲ့ ဒါရိုက်တာတစ်ဦးပါ။
ဒါအပြင်တရားဘာဝနာကို လေ့လာလိုက်စားသူတစ်ဦးဖြစ်ပြီး ဘုရားဒါယိကာတစ်ဦးလဲ ဖြစ်ပါတယ်။ ဒါရိုက်တာတစ်ဦးအနေနဲ့ ရိုက်ကူးပြီး MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ မကြေးစည်ဇာတ်လမ်းတွဲဟာ
အရမ်းကိုအောင်မြင်ခဲ့ပါသေးတယ်။ ဒီကနေ့မှာတော့ နှစ် ၂၀ ကျော် ကြာ အနုပညာအလုပ်တွေကို လက်တွဲအလုပ်လုပ်ခဲ့တဲ့ သရုပ်ဆောင် ဦးဝင်းနိုင် ရဲ့ ကျန်းမာရေးအခြေအနေကို အခုလိုပဲ
ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။“နှစ်(၂၀)ကျော် လက်တွဲ အလုပ်လုပ်ခဲ့သူ မောင်သီ လွင်မိုး ဇာတ်ကားတွေဆို မပါ မဖြစ် ကိုသီ ရေ ကျတော်လွတ်ပြီနော် ကိုသီသွားရာနောက် တောက်လျှောက်လိုက်တော့မှာ လို့ပြောပြီးကတည်းက
လေဖြတ်သွားရှာတယ်။ အခုတော့ အနုပညာ ဆည်းဆာရိပ် မှာ နေနေလေရဲ့ ဦးဝင်းနိုင် အရဟံ သိဒ္ဓိ ကျန်းမာ ချမ်းသာပါစေ ” လို့ ဒါရိုက်တာ မောင်သီ ဟာ သရုပ်ဆောင် ဦးဝင်းနိုင်နဲ့ ပတ်သက်ပြီး
သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။လက်ရှိမှာ သရုပ်ဆောင် ဦးဝင်းနိုင် ဟာ လေဖြတ်တဲ့ဝေဒနာကို ခံစားနေရပြီး စကားတော့ပြောနိုင်နေပြီးဘယ်ဘက်ခြမ်းက
လက်လှုပ်လို့မရသေးဖူးလို့ သိရပါတယ်။ ဝေဒနာခံစားနေရတဲ့ သရုပ်ဆောင် ဦးဝင်းနိုင် အမြန်ဆုံးပြန်လည်သက်သာပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply