
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ပ စ်ခတ်တို က်ခိုက်ခဲ့ရာ ပျူစောထီးများအား မှားယွင်းပ စ်ခတ်မိ၍
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
ထိခိုက် ေသ ဆုံးမှုများပြားကြောင်း ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် ကျေးရွာတစ်ရွာကို
စစ်ကောင်စီရဟတ်ယာဉ် MI-17 ဖြင့်လာရောက် ပ စ်ခတ်စဉ် ကံကြီးကုန်းရွာမှ ပျူစောထီးများအား မှားယွင်း ပ စ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ပျူတွေက သူတို့ရွာကို
လ က်နက်ကြီးနဲ့ ပ စ်ခတ်ခံရလို့ သူတို့အားကိုးတဲ့ ခွေးတွေကို (စစ်ကောင်စီတပ်) လေကြောင်းက ပ စ်ကူဘို့ခေါ်တာ၊ ဟိုကလည်းရောက်လာရော ဝမ်းသာအားရနဲ့ ေသနတ်ဖောက်ပြီး
သူတို့ရှိကြောင်းအသိပေးတာ၊ အဲ့ဒီလို ေ သနတ်ဖောက်အသိပေးတာကို PDF တွေထင်ပြီး ရဟတ်ယာဉ်ပေါ်ကပ စ်သွားတာ အတော် ေသသွားကြတယ်လို့ သိရတယ်” ဟု
အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။ ပျူစောထီးရွာဟု ကျော်စောနေသည့် ကံကြီးကုန်းရွာအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လ က်နက်ကြီးဖြင့် ပ စ်ခတ်တို က်ခိုက်ခဲ့သည်၊ ထိုသို့ပ စ်ခတ်ခံရသဖြင့်
ပျူစောထီးများသည် စစ်ကောင်စီတပ်အား လေကြောင်းပ စ်ကူတောင်းခံခဲ့သည်၊ ထိုသို့ အကူအညီတောင်း၍ စစ်ကောင်စီ၏ ရဟတ်ယာဉ်လာရောက်စဉ် ပျူစောထီးများသည် ရွာအနောက်ဖက် မြစ်ဆိပ်နှင့်
၎င်းတို့ရွာကြားရှိ ကင်းနှင့် ရွာတောင်ဘက်ကင်းများမှ ေသနတ်ဖောက် အချက်ပေးရာတွင် PDF များအထင်ဖြင့် မှားယွင်းပ စ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ မှားယွင်း ပ စ်ခတ်မှုကြောင့်
ေသဆုံးဒဏ်ရာရရှိသွားသည့် ပျူစောထီး အရေအတွက်နှင့် အသေးစိတ် အခြေအနေကိုမူ မဇ္ဈိမ အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
မဇၩိမ ။ ။စစ္ကိုင္းတိုင္း၊ ေခ်ာင္းဦးၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္႐ြာကို စစ္ေကာင္စီမွ ရဟတ္ယာဥ္ျဖင့္ ပ စ္ခတ္တို က္ခိုက္ခဲ့ရာ ပ်ဴေစာထီးမ်ားအား မွားယြင္းပ စ္ခတ္မိ၍
ထိခိုက္ ေသ ဆုံးမႈမ်ားျပားေၾကာင္း ေဒသခံမ်ားထံက သိရသည္။ ၿပီးခဲ့သည့္ ဩဂုတ္လ ၁၇ ရက္ေန႕ ညေန ၅နာရီ ၃၀မိနစ္ခန႔္တြင္ ေခ်ာင္းဦးၿမိဳ႕နယ္ ေက်း႐ြာတစ္႐ြာကို
စစ္ေကာင္စီရဟတ္ယာဥ္ MI-17 ျဖင့္လာေရာက္ ပ စ္ခတ္စဥ္ ကံႀကီးကုန္း႐ြာမွ ပ်ဴေစာထီးမ်ားအား မွားယြင္း ပ စ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။“ပ်ဴေတြက သူတို႔႐ြာကို
လ က္နက္ႀကီးနဲ႕ ပ စ္ခတ္ခံရလို႔ သူတို႔အားကိုးတဲ့ ေခြးေတြကို (စစ္ေကာင္စီတပ္) ေလေၾကာင္းက ပ စ္ကူဘို႔ေခၚတာ၊ ဟိုကလည္းေရာက္လာေရာ ဝမ္းသာအားရနဲ႕ ေသနတ္ေဖာက္ၿပီး
သူတို႔ရွိေၾကာင္းအသိေပးတာ၊ အဲ့ဒီလို ေ သနတ္ေဖာက္အသိေပးတာကို PDF ေတြထင္ၿပီး ရဟတ္ယာဥ္ေပၚကပ စ္သြားတာ အေတာ္ ေသသြားၾကတယ္လို႔ သိရတယ္” ဟု
အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက မဇၩိမ ကိုေျပာသည္။ ပ်ဴေစာထီး႐ြာဟု ေက်ာ္ေစာေနသည့္ ကံႀကီးကုန္း႐ြာအား ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မွ လ က္နက္ႀကီးျဖင့္ ပ စ္ခတ္တို က္ခိုက္ခဲ့သည္၊ ထိုသို႔ပ စ္ခတ္ခံရသျဖင့္
ပ်ဴေစာထီးမ်ားသည္ စစ္ေကာင္စီတပ္အား ေလေၾကာင္းပ စ္ကူေတာင္းခံခဲ့သည္၊ ထိုသို႔ အကူအညီေတာင္း၍ စစ္ေကာင္စီ၏ ရဟတ္ယာဥ္လာေရာက္စဥ္ ပ်ဴေစာထီးမ်ားသည္ ႐ြာအေနာက္ဖက္ ျမစ္ဆိပ္ႏွင့္
၎တို႔႐ြာၾကားရွိ ကင္းႏွင့္ ႐ြာေတာင္ဘက္ကင္းမ်ားမွ ေသနတ္ေဖာက္ အခ်က္ေပးရာတြင္ PDF မ်ားအထင္ျဖင့္ မွားယြင္းပ စ္ခတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ မွားယြင္း ပ စ္ခတ္မႈေၾကာင့္
ေသဆုံးဒဏ္ရာရရွိသြားသည့္ ပ်ဴေစာထီး အေရအတြက္ႏွင့္ အေသးစိတ္ အေျခအေနကိုမူ မဇၩိမ အေနျဖင့္ အတည္ျပဳနိုင္ျခင္း မရွိေသးေပ။ ခရက္ဒစ္
Leave a Reply