မန်းလေးမြို့တွင် နေ့‌နေ့ညည အရွယ်မရောက်သေးသည့် ကလေးသူခိုးများ သောင်းကျန်းနေလို့ ရပ်ကွက်နေပြည်သူများကိုယ်တိုင် ဝိုင်းဝန်း ဖမ်းဆီးနေရ

မန္တလေးမြို့ မှာ နေ့ရောညပါ အရွယ်မရောက်သေးတဲ့ ကလေးသူခိုးများ သောင်းကျန်းနေလို့ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးပေးနေရတယ်

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

အဆိုပါမြို့နေဒေသခံတွေက ပြောပါတယ်။ အဆိုပါ ကလေးသူခိုးတွေ အများဆုံးကျင်လည် ကျက် စားနေတဲ့နေရာဟာ ချမ်းမြသာစည်မြို့နယ်(အရှေ့ဘက်ခြမ်း)ဖြစ်တယ်လို့

မန္တလေးမြို့ ဒေသခံတွေက ဆိုပါတယ်။“လူကြီးတွေက ကလေးတွေကို ဓါးစာခံလုပ်ပြီးခိုင်းတာပေါ့၊ ကလေးတွေက ၁၀ နှစ်နဲ့ ၁၄ နှစ်အရွယ်လောက်ပဲရှိပါသေးတယ်။ ကလေးတွေကို အသုံးချတာပေါ့။

ကလေးတွေနေတဲ့ ရပ်ကွက်က အခြေခံလူတန်းစားများတယ်။ နောက်တစ်ခါအဲ့ဘက်က ချောင်းကူးလေးတွေပေါ့၊ ရပ်ကွက်ထဲမှာဆို သူတို့ကပလပ်စတစ်တွေကောက်တယ်ပေါ့။ ပလပ်စတစ်ကောက်ပြီး

နေ့ခင်းဘက်မှာ သူတို့က ပတ်ဝန်းကျင်တွေဘာတွေကိုလေ့လာတယ်။ နောက်သူတို့ ခိုးချင်တဲ့ အိမ်တွေဆိုမှတ်ထားပြီး ညဘက်ကျ ခိုးတယ်ပေါ့။ သွားရင်းလာရင်းနဲ့လည်း ရေမော်တာတွေ့ရင် ရေမော်တာ

စက်ဘီးတွေ့ရင် စက်ဘီး အကုန်မတာပေါ့။ အဲ့လိုပေါ့နော်၊ သူတို့မှာ သံဇကာဖြတ်တဲ့ဟာတွေ ဂွင်းတွေ ဂွတွေ သော့ဖျက်တဲ့ဟာတွေ အဲ့လိုတွေပါပါတယ်။”လို့ နယ်မြေခံလူမှုရေးအသင်းတစ်ခုမှ

တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။ အဆိုပါ ကလေးငယ်တွေဟာ ရပ်ကွက်အတွင်းမှာ လိုက်လံပြီး ခိုးယူတာတွေ လုယက်တာတွေနဲဖောက် ထွင်းတာတွေကို ပြုလုပ်နေကြပြီး

ဖမ်းမိသည့် အခါများတွင်လည်း အသက်ရွယ်အားဖြင့် ငယ်ရွယ်သူများဖြစ်သည့် အတွက် ရဲလက်သို့အပ်ရန် အခက်အခဲရှိနေသည့်အတွက် အုပ်ထိန်းသူမိဘများထံ

ရပ်ကွက်အုပ်ချုပ်ရေးတွေကနေတစ်ဆင့် ပြန်လည် အပ်နှံတာတွေကို ပြုလုပ်နေရတာဖြစ်တယ်လို့လည်း သိရပါတယ်။“ရဲလက်အပ်ဖို့က ခက်တာပေါ့နော်။ ဆုံးမပြီး မနက်ကျ ပြန်ပြန်လွတ်ရတာပေါ့။

ရဲကလည်း ည ၁၂ နာရီဆို မလာဘူးလေ၊ သူတို့က တွေ့တာအကုန်မတဲ့ သဘောဖြစ်နေတာပေါ့။ လုယက်မှုတွေ ခိုးတာတွေက ချမ်းမြသာစည်(အရှေ့ဘက်)ခြမ်းမှာ အများဆုံးဖြစ်နေတာပါ။ ကလေးဆိုတော့

မိလည်း ရဲကိုမဖမ်းဖို့ မေတ္တာရပ်ခံရတာပေါ့။ တချို့ကလေးအဖေတွေက သူခိုးလေ၊ အဲ့ဒါကို ကလေးတွေက အမွေဆက်ခံပြီး ဆက်ခိုးနေကြတာပေါ့။ ကျနော်တို့က ဖမ်းမိတယ်၊

မနက်ကျ ဆုံးမပြီး ပြန်လွတ်တယ်၊ ကြာပွတ်နဲ့ ၅ ချက်လောက်ပေါ့၊ နာအောင်တော့မရိုက်ပါဘူး။ အဲ့လိုတွေပေါ့လေ၊သူတို့က သူတို့ကို ရိုက်တဲ့ ဆုံးမတဲ့သူတွေကို မှတ်ထားပြီး

နောက်နေ့ကျ အဲ့လမ်းထဲ ရပ်ကွက်ထဲသွားပြီး အိမ်တွေကိုဂဲနဲ့ထုတယ်။ မီ းနဲ့ရှို့မယ်လို့ အော်ပြောသွားတယ်။ အဲ့လိုတွေရှိပါတယ်။ ဟိုနေ့ကလည်း ကလေးတစ်ယောက် ရပ်ကွက် မီ းရှို့မယ်လိုက်အော်ပြောနေလို့ ကျနော်တို့ ဝိုင်းဖမ်းပြီး

ဆုံးမစကားပြောပြီး ပြန်လွတ်လိုက်ရတာတွေလည်း ရှိပါတယ်။”လို့ မန္တလေးမြို့ခံ တစ်ဦးက ဆက်လက် ပြောပြခဲ့ပါတယ်။ ထိုသို့သော ကလေးငယ်များကို ဗန်းပြပြီး ခိုးယူခိုင်းနေသူ အုပ်ထိန်းသူမိဘများကိုလည်း

ကြပ်ကြပ်မတ်မတ်အရေးယူပေးဖို့ မန္တလေးမြို့ခံတွေက လိုလားလျက်ရှိတယ်လို့ သိရပါတယ်။ဒါ့အပြင် ယခုကာလတွင် မန္တလေးမြို့ပေါ်မှာ အခြားသော ခိုးယူလူယက်မှုတွေလည်း ရှိနေတာဖြစ်တယ်လို့

မြို့ခံတွေက ပြောပါတယ်။“မိဘတွေကပဲ လူငယ်တွေကို လမ်းမှားပို့နေတာပေါ့။ ကလေးအဖေဆိုလည်း ခိုးမှုနဲ့ အရေးယူခံထားရတယ်။ သားဖြစ်သူကလဲခိုးနေပြီ။ အဲ့လိုတွေပေါ့၊

မိဘများပါအရေးယူသင့်ပါပြီ။ ဒါမှ ကလေးတွေက လမ်းမှန်ရောက်တော့မယ်လို့ ထင်ပါတယ်။”လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

မႏၲေလးၿမိဳ႕ မွာ ေန႕ေရာညပါ အ႐ြယ္မေရာက္ေသးတဲ့ ကေလးသူခိုးမ်ား ေသာင္းက်န္းေနလို႔ ရပ္ကြက္ေနျပည္သူမ်ားက ဝိုင္းဝန္း ဖမ္းဆီးေပးေနရတယ္

အဆိုပါၿမိဳ႕ေနေဒသခံေတြက ေျပာပါတယ္။ အဆိုပါ ကေလးသူခိုးေတြ အမ်ားဆုံးက်င္လည္ က်က္ စားေနတဲ့ေနရာဟာ ခ်မ္းျမသာစည္ၿမိဳ႕နယ္(အေရွ႕ဘက္ျခမ္း)ျဖစ္တယ္လို႔

မႏၲေလးၿမိဳ႕ ေဒသခံေတြက ဆိုပါတယ္။“လူႀကီးေတြက ကေလးေတြကို ဓါးစာခံလုပ္ၿပီးခိုင္းတာေပါ့၊ ကေလးေတြက ၁၀ ႏွစ္နဲ႕ ၁၄ ႏွစ္အ႐ြယ္ေလာက္ပဲရွိပါေသးတယ္။ ကေလးေတြကို အသုံးခ်တာေပါ့။

ကေလးေတြေနတဲ့ ရပ္ကြက္က အေျခခံလူတန္းစားမ်ားတယ္။ ေနာက္တစ္ခါအဲ့ဘက္က ေခ်ာင္းကူးေလးေတြေပါ့၊ ရပ္ကြက္ထဲမွာဆို သူတို႔ကပလပ္စတစ္ေတြေကာက္တယ္ေပါ့။ ပလပ္စတစ္ေကာက္ၿပီး

ေန႕ခင္းဘက္မွာ သူတို႔က ပတ္ဝန္းက်င္ေတြဘာေတြကိုေလ့လာတယ္။ ေနာက္သူတို႔ ခိုးခ်င္တဲ့ အိမ္ေတြဆိုမွတ္ထားၿပီး ညဘက္က် ခိုးတယ္ေပါ့။ သြားရင္းလာရင္းနဲ႕လည္း ေရေမာ္တာေတြ႕ရင္ ေရေမာ္တာ

စက္ဘီးေတြ႕ရင္ စက္ဘီး အကုန္မတာေပါ့။ အဲ့လိုေပါ့ေနာ္၊ သူတို႔မွာ သံဇကာျဖတ္တဲ့ဟာေတြ ဂြင္းေတြ ဂြေတြ ေသာ့ဖ်က္တဲ့ဟာေတြ အဲ့လိုေတြပါပါတယ္။”လို႔ နယ္ေျမခံလူမႈေရးအသင္းတစ္ခုမွ

တာဝန္ရွိသူတစ္ဦးက ေျပာျပခဲ့ပါတယ္။ အဆိုပါ ကေလးငယ္ေတြဟာ ရပ္ကြက္အတြင္းမွာ လိုက္လံၿပီး ခိုးယူတာေတြ လုယက္တာေတြနဲေဖာက္ ထြင္းတာေတြကို ျပဳလုပ္ေနၾကၿပီး

ဖမ္းမိသည့္ အခါမ်ားတြင္လည္း အသက္႐ြယ္အားျဖင့္ ငယ္႐ြယ္သူမ်ားျဖစ္သည့္ အတြက္ ရဲလက္သို႔အပ္ရန္ အခက္အခဲရွိေနသည့္အတြက္ အုပ္ထိန္းသူမိဘမ်ားထံ

ရပ္ကြက္အုပ္ခ်ဳပ္ေရးေတြကေနတစ္ဆင့္ ျပန္လည္ အပ္ႏွံတာေတြကို ျပဳလုပ္ေနရတာျဖစ္တယ္လို႔လည္း သိရပါတယ္။“ရဲလက္အပ္ဖို႔က ခက္တာေပါ့ေနာ္။ ဆုံးမၿပီး မနက္က် ျပန္ျပန္လြတ္ရတာေပါ့။

ရဲကလည္း ည ၁၂ နာရီဆို မလာဘူးေလ၊ သူတို႔က ေတြ႕တာအကုန္မတဲ့ သေဘာျဖစ္ေနတာေပါ့။ လုယက္မႈေတြ ခိုးတာေတြက ခ်မ္းျမသာစည္(အေရွ႕ဘက္)ျခမ္းမွာ အမ်ားဆုံးျဖစ္ေနတာပါ။ ကေလးဆိုေတာ့

မိလည္း ရဲကိုမဖမ္းဖို႔ ေမတၱာရပ္ခံရတာေပါ့။ တခ်ိဳ႕ကေလးအေဖေတြက သူခိုးေလ၊ အဲ့ဒါကို ကေလးေတြက အေမြဆက္ခံၿပီး ဆက္ခိုးေနၾကတာေပါ့။ က်ေနာ္တို႔က ဖမ္းမိတယ္၊

မနက္က် ဆုံးမၿပီး ျပန္လြတ္တယ္၊ ၾကာပြတ္နဲ႕ ၅ ခ်က္ေလာက္ေပါ့၊ နာေအာင္ေတာ့မရိုက္ပါဘူး။ အဲ့လိုေတြေပါ့ေလ၊သူတို႔က သူတို႔ကို ရိုက္တဲ့ ဆုံးမတဲ့သူေတြကို မွတ္ထားၿပီး

ေနာက္ေန႕က် အဲ့လမ္းထဲ ရပ္ကြက္ထဲသြားၿပီး အိမ္ေတြကိုဂဲနဲ႕ထုတယ္။ မီ းနဲ႕ရွို႔မယ္လို႔ ေအာ္ေျပာသြားတယ္။ အဲ့လိုေတြရွိပါတယ္။ ဟိုေန႕ကလည္း ကေလးတစ္ေယာက္ ရပ္ကြက္ မီ းရွို႔မယ္လိုက္ေအာ္ေျပာေနလို႔ က်ေနာ္တို႔ ဝိုင္းဖမ္းၿပီး

ဆုံးမစကားေျပာၿပီး ျပန္လြတ္လိုက္ရတာေတြလည္း ရွိပါတယ္။”လို႔ မႏၲေလးၿမိဳ႕ခံ တစ္ဦးက ဆက္လက္ ေျပာျပခဲ့ပါတယ္။ ထိုသို႔ေသာ ကေလးငယ္မ်ားကို ဗန္းျပၿပီး ခိုးယူခိုင္းေနသူ အုပ္ထိန္းသူမိဘမ်ားကိုလည္း

ၾကပ္ၾကပ္မတ္မတ္အေရးယူေပးဖို႔ မႏၲေလးၿမိဳ႕ခံေတြက လိုလားလ်က္ရွိတယ္လို႔ သိရပါတယ္။ဒါ့အျပင္ ယခုကာလတြင္ မႏၲေလးၿမိဳ႕ေပၚမွာ အျခားေသာ ခိုးယူလူယက္မႈေတြလည္း ရွိေနတာျဖစ္တယ္လို႔

ၿမိဳ႕ခံေတြက ေျပာပါတယ္။“မိဘေတြကပဲ လူငယ္ေတြကို လမ္းမွားပို႔ေနတာေပါ့။ ကေလးအေဖဆိုလည္း ခိုးမႈနဲ႕ အေရးယူခံထားရတယ္။ သားျဖစ္သူကလဲခိုးေနၿပီ။ အဲ့လိုေတြေပါ့၊

မိဘမ်ားပါအေရးယူသင့္ပါၿပီ။ ဒါမွ ကေလးေတြက လမ္းမွန္ေရာက္ေတာ့မယ္လို႔ ထင္ပါတယ္။”လို႔ ၄င္းက ဆက္လက္ေျပာျပခဲ့ပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*