ကျနော်လေ ဒီလအစမှာ တပ်ရင်းအတွက် လနကြီး သိပ်လိုအပ်နေလို့ RPG ဝယ်ပေးချင်လို့ ကမ်ပိန်းလေး လုပ်လိုက်တယ်။ တစ်ဦးထဲ သိန်းပေါင်းများစွာကူတဲ့ ပြည်သူတွေ ရောက်လာပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သိန်း 200 ရှာတာ သိန်း 230 အထိပါဖြစ်သွားတယ်။ နှစ်ရက်ကျော်ကျော်လေးနဲ့ ကမ်ပိန်း အောင်ပြီး အဖူးတွေပါထပ်ဝယ်နိုင် သွားတယ်။ ထိပ်တိုက်ပွဲတွေက ဒီလအစကတည်းက ဒီနေ့အထိကို ရက်ဆက် ဆိုတော့
စက်လက် (စက်သနပ်) ပါ လိုလာတယ်။ လလယ်လောက်ကြီးဆိုတော့သိပ်တော့ မမျှော်လင့်ပါဖူး။ ပြည်သူတွေလဲ ကျပ်တည်းကြတာမို့ပါ။ အဲ့တာနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက –
စက်လက် ဝယ်မယ့် အကြောင်းလေးပါ ထပ်တင်ခဲ့တယ်။ ကူတဲ့ပြည်သူတွေကတော့ ဘာလေးဘဲ ဝယ်မယ်ပြောပြော ကူမြဲကူဆဲဘဲ။ ဒါပေမယ့် ပြည်သူတွေလဲ မရှိတဲ့ကြားထဲက
ကူရ ထောက်ပံ့ရတာဆိုတော့ ဒီ Post လေးကို ခနခန မြင်နေရရင် စိတ်မကောင်းမှာစိုးလို့ တစ်ခါဘဲ တင်ပြီး ဒီတိုင်းလေးဘဲ နေခဲ့တယ်။ မနေ့က အပေါ်မျက်ခုံးတွေ လှုပ်တယ်။
ဒါတွေကို သိပ်အယုံအကြည်မရှိပေမယ့် ဘာများ ဖြစ်လာမလဲ ပေါ့။ ညရောက်တော့ အမပန် က စကားလာပြောတယ်။ နေ့တိုင်းတော့ စကားပြောဖြစ်ပေမယ့် သူ လဲ မြေပြင်ကို
တောက်လျှောက်ပို့နေတာဖြစ်လို့စက်လက် အကြောင်းတော့ မပြောခဲ့ဘူး။ ဘာလိုလဲ မောင်လေးဆိုတော့ စက်လက် Post လေး ပြဖြစ်တယ်။ စက်လက် သူ ဝယ်ပေးမယ်တဲ့။
ပျော်လိုက်တာဆိုတာ။
ကူကြ ညီကြတဲ့ ပြည်သူတွေ၊ ချစ်သော တွေကို တစ်ယောက်ချင်းစီ ကျေးဇူးအများကြီးတင်ပါတယ်။ ပွဲ ပိုကနိုင်စေရမယ်လို့ ကျနော်က အာမခံတယ်။လက်တွေ့ဘဲ ပိုဆန်စေရမယ်လို့ ကျနော်က အာမခံပါတယ်။ ခရက်ဒစ်တော်ဝင်နောင် (MasK.) Myanmar Defense Force.
Zawgyi code ဖြင့် ဖတ်ရန်
ပျော်လိုက်တာဆိုတာ။
Leave a Reply