
လုပ်စရာပ စ်မှတ်က မရှိဆင်းရဲသား စျေးသည်ကိုတောင်မရှောင်တော့ဘူး။ဖြစ်စဉ်က ဒီလိုပါ ယနေ့ မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်က ဆေးခန်း တခုရှေ့မှာ
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
ပုံထဲကဦးလေးက တွန်းလှည်းလေးနဲ့ရေခဲမုန့် ရောင်းနေပါတယ်။ အဲအချိန်မှာ ဆိုင်ကယ်နဲ့လူတယောက်က ရေခဲမုန့်သည် ဦးလေးရှေ့မှာရပ်ပြီး”ရေခဲမုန့်တခွက်ဝယ်မယ် ဘယ်လောက်လဲ”လို့ မေးတယ်
ရေခဲမုန့်သည် ဦးလေးက တခွက် (၅၀၀) လို့ ဖြေတော့ အဲဒီဆိုင်ကယ်နဲ့လူက လက်ထဲက (၁)သောင်းတန်ကိုပြပြီး တခွက်ဝယ်မယ် ပြန်အမ်းနိုင်လားလို့ မေးပါတယ် ( ပိုက်ဆံကိုတော့ ပြပဲပြပြီး မပေးပဲ သူကိုင်ထားပါတယ် )
ရိုးသားတဲ့ ရေခဲမုန့်သည် ဦးလေးကြီးကလဲ ရေခဲမုန့်နဲ့ အမ်းငွေ ပိုက်ဆံ(၉၅၀၀)ပြည့်အောင် ရေတွက်ပြီး လှမ်းပေးလိုက်တော့ အဲလူက ဆိုင်ကယ်ပေါ်မှ ပိုက်ဆံ ၁ သောင်းတန်ကို လှမ်းပေးတယ်။
သူပေးတဲ့ (၁)သောင်းတန်ကို ကြည့်လိုက်တော့ အကွက်တွေကွက်ပြီး သိသိသာသာထူထူကြီးနဲ့ ပုံမမှန်တာ တွေ့လို့ လှမ်းအော်ပြောတော့ ဆိုင်ကယ်ကို အတင်းမောင်းပြီး ထွက်ပြေးသွားပါတယ်။
ဖြစ်စဉ်ကို မြင်တဲ့ ဆေးခန်းက ဆရာဝန်မကြီးနဲ့ မိတ္တူ ဆိုင်က လူတွေလဲ ထွက်လာပြီး ပိုက်ဆံ(၁)သောင်းတန်ကို စစ်ဆေးကြည့်တော့ ဆေးသားတွေကွက်ပြီး ထူထူခေါက်ခေါက်ကြီးနဲ့ ဖြစ်နေတာကို တွေ့ရပါတယ်။
သေချာစဉ်းစားကြည့်ပါ။ ရေခဲမုန့်သည် ဦးလေးကြီးက တနေ့လုံးရောင်းမှ(၉၅၀၀)ဖိုး ရချင်မှ ရပါမယ်။ ဒီရေခဲမုန့် ရောင်းရမှ မိသားစု အိမ်စာရိတ်ထမင်းဖိုး ရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
ကိုယ်ချင်းစာတရားတောင် မထားကြတော့ဘူး။ လမ်းဘေး ရေခဲမုန့်သည်ကိုတောင် မချန်တော့ဘူး။ ရောင်းအားကြီးတဲ့ စားသောက်ဆိုင်ကြီးတွေမှာ သွားလုပ်လို့ လွတ်သွားရင်တောင် မပြောသေးပါဘူး။
ခုက လုပ်ထွက်ကြတယ်။ ဒီဖြစ်စဉ်ကို မြင်တဲ့ ဆေးခန်းမှ ဆရာဝန်မကြီးမှ ရေခဲမုန့်သည်ကို စာနာစိတ်နဲ့ ပိုက်ဆံစိုက်လှူ ပေးပြီး ကုသိုလ်ပြု လှူဒါန်းပေးလိုက်ပါတယ်။ ရေခဲမုန့်သည်ဦးလေးကြီးကလဲ စိတ်ထားလေးစားစရာပါ။
ဆရာဝန်မကြီးကို ကျေးဇူးအထပ်ထပ်တင်ရင်း ဖြစ်စဉ်ကို အိမ်က သူ့မိန်းမကို ပြန်ပြောပြပြီး ငွေကို မီ းရှို့လိုက် ပါမယ်တဲ့။ တခြားသူတွေ သူ့လို မဖြစ်ရအောင်တဲ့။ ဒါကတော့ ယနေ့ မော်လမြိုင်မြို့မှာ ဖြစ်သွားတဲ့ ဖြစ်စဉ် တခုပါ။
ခုတလော တကယ်လဲ (၁)သောင်းတန် ငွေတုတွေ ပြန့်နေတာလဲ အားလုံးကြားမိကြမှာပါ။ ကျန်တဲ့သူတွေလဲ သတိထားနိုင်အောင် ကာယကံရှင် တွေကို မေးမြန်းခွှင့်တောင်းပြီး တင်ပေးလိုက်ပါတယ်။
ခက်ခဲကြပ်တည်းကြတာချင်းအတူတူ လူသားချင်း ကိုယ်ချင်းစာတရာနဲ့ စာနာနိုင်ကြပါစေ။ ရေခဲမုန့်သည် ဦးလေးကြီးလို စျေးသည်တွေလဲ သတိထားနိုင်ကြပါစေ။ ခရက်ဒစ် ဇင်မိုး 15.8.2022 မော်လမြိုင်မြို့။
Zawgyi code ဖြင့် ဖတ်ရန်
လုပ္စရာပ စ္မွတ္က မရွိဆင္းရဲသား ေစ်းသည္ကိုေတာင္မေရွာင္ေတာ့ဘူး။ျဖစ္စဥ္က ဒီလိုပါ ယေန႕ ေမာ္လၿမိဳင္ၿမိဳ႕ ပန္းဘဲတန္းရပ္ကြက္က ေဆးခန္း တခုေရွ႕မွာ
ပုံထဲကဦးေလးက တြန္းလွည္းေလးနဲ႕ေရခဲမုန့္ ေရာင္းေနပါတယ္။ အဲအခ်ိန္မွာ ဆိုင္ကယ္နဲ႕လူတေယာက္က ေရခဲမုန့္သည္ ဦးေလးေရွ႕မွာရပ္ၿပီး”ေရခဲမုန့္တခြက္ဝယ္မယ္ ဘယ္ေလာက္လဲ”လို႔ ေမးတယ္
ေရခဲမုန့္သည္ ဦးေလးက တခြက္ (၅၀၀) လို႔ ေျဖေတာ့ အဲဒီဆိုင္ကယ္နဲ႕လူက လက္ထဲက (၁)ေသာင္းတန္ကိုျပၿပီး တခြက္ဝယ္မယ္ ျပန္အမ္းနိုင္လားလို႔ ေမးပါတယ္ ( ပိုက္ဆံကိုေတာ့ ျပပဲျပၿပီး မေပးပဲ သူကိုင္ထားပါတယ္ )
ရိုးသားတဲ့ ေရခဲမုန့္သည္ ဦးေလးႀကီးကလဲ ေရခဲမုန့္နဲ႕ အမ္းေငြ ပိုက္ဆံ(၉၅၀၀)ျပည့္ေအာင္ ေရတြက္ၿပီး လွမ္းေပးလိုက္ေတာ့ အဲလူက ဆိုင္ကယ္ေပၚမွ ပိုက္ဆံ ၁ ေသာင္းတန္ကို လွမ္းေပးတယ္။
သူေပးတဲ့ (၁)ေသာင္းတန္ကို ၾကည့္လိုက္ေတာ့ အကြက္ေတြကြက္ၿပီး သိသိသာသာထူထူႀကီးနဲ႕ ပုံမမွန္တာ ေတြ႕လို႔ လွမ္းေအာ္ေျပာေတာ့ ဆိုင္ကယ္ကို အတင္းေမာင္းၿပီး ထြက္ေျပးသြားပါတယ္။
ျဖစ္စဥ္ကို ျမင္တဲ့ ေဆးခန္းက ဆရာဝန္မႀကီးနဲ႕ မိတၱဴ ဆိုင္က လူေတြလဲ ထြက္လာၿပီး ပိုက္ဆံ(၁)ေသာင္းတန္ကို စစ္ေဆးၾကည့္ေတာ့ ေဆးသားေတြကြက္ၿပီး ထူထူေခါက္ေခါက္ႀကီးနဲ႕ ျဖစ္ေနတာကို ေတြ႕ရပါတယ္။
ေသခ်ာစဥ္းစားၾကည့္ပါ။ ေရခဲမုန့္သည္ ဦးေလးႀကီးက တေန႕လုံးေရာင္းမွ(၉၅၀၀)ဖိုး ရခ်င္မွ ရပါမယ္။ ဒီေရခဲမုန့္ ေရာင္းရမွ မိသားစု အိမ္စာရိတ္ထမင္းဖိုး ရမယ္ဆိုရင္ ဘယ္လိုလုပ္မလဲ။
ကိုယ္ခ်င္းစာတရားေတာင္ မထားၾကေတာ့ဘူး။ လမ္းေဘး ေရခဲမုန့္သည္ကိုေတာင္ မခ်န္ေတာ့ဘူး။ ေရာင္းအားႀကီးတဲ့ စားေသာက္ဆိုင္ႀကီးေတြမွာ သြားလုပ္လို႔ လြတ္သြားရင္ေတာင္ မေျပာေသးပါဘူး။
ခုက လုပ္ထြက္ၾကတယ္။ ဒီျဖစ္စဥ္ကို ျမင္တဲ့ ေဆးခန္းမွ ဆရာဝန္မႀကီးမွ ေရခဲမုန့္သည္ကို စာနာစိတ္နဲ႕ ပိုက္ဆံစိုက္လႉ ေပးၿပီး ကုသိုလ္ျပဳ လႉဒါန္းေပးလိုက္ပါတယ္။ ေရခဲမုန့္သည္ဦးေလးႀကီးကလဲ စိတ္ထားေလးစားစရာပါ။
ဆရာဝန္မႀကီးကို ေက်းဇူးအထပ္ထပ္တင္ရင္း ျဖစ္စဥ္ကို အိမ္က သူ႕မိန္းမကို ျပန္ေျပာျပၿပီး ေငြကို မီ းရွို႔လိုက္ ပါမယ္တဲ့။ တျခားသူေတြ သူ႕လို မျဖစ္ရေအာင္တဲ့။ ဒါကေတာ့ ယေန႕ ေမာ္လၿမိဳင္ၿမိဳ႕မွာ ျဖစ္သြားတဲ့ ျဖစ္စဥ္ တခုပါ။
ခုတေလာ တကယ္လဲ (၁)ေသာင္းတန္ ေငြတုေတြ ျပန့္ေနတာလဲ အားလုံးၾကားမိၾကမွာပါ။ က်န္တဲ့သူေတြလဲ သတိထားနိုင္ေအာင္ ကာယကံရွင္ ေတြကို ေမးျမန္းခႊင့္ေတာင္းၿပီး တင္ေပးလိုက္ပါတယ္။
ခက္ခဲၾကပ္တည္းၾကတာခ်င္းအတူတူ လူသားခ်င္း ကိုယ္ခ်င္းစာတရာနဲ႕ စာနာနိုင္ၾကပါေစ။ ေရခဲမုန့္သည္ ဦးေလးႀကီးလို ေစ်းသည္ေတြလဲ သတိထားနိုင္ၾကပါေစ။ ခရက္ဒစ္ ဇင္မိုး 15.8.2022 ေမာ္လၿမိဳင္ၿမိဳ႕။
Leave a Reply