ပရိသတ်ကြီးရေ သံစဉ်မောင် ကတော့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်ဘေဘီမောင်ရဲ့ ညီမချောလေးပဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သံစဉ်မောင်ကတော့ မော်ဒယ်လ်သရုပ် ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားသူ တစ်ယောက် ပဲဖြစ်ပါတယ်။မော်လ်ဒယ်တစ်ယောက်အနေနဲ့ စတင်ရပ် တည်ခဲ့ပြီး
နောက်ပိုင်းမှာ သရုပ် ဆောင်နယ်ပယ်ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး အောင်မြင်မှုတွေထိုက်သင့်သလောက် ရရှိနေခဲ့ပြီပဲဖြစ်ပါတယ်။
လက်ရှိကာလ မှာတော့ အနုပညာအလုပ်တွေပါးနေချိန်မှာ Photo Shooting နဲ့ Live Sale ကိုတွဲဖက်လုပ်ကိုင်လျက်ရှိနေတာဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ သံစဉ်မောင်က စေတနာနဲ့ အတိုးမယူဘဲ
ပိုက်ဆံချေးလိုက်သော်လည်း ပြန်မဆပ်ကြတဲ့ သူတွေနဲ့ သူမဆီကိုလိမ် လည်ပြီး အလှူလာခံ တဲ့ သူတွေကိုအားနာမှာမဟုတ်တော့ကြောင်းပြတ်သားစွာပြောလာပါတယ်သံစဉ်မောင်က
“အားနေပိုက်ဆံချေးချင်တဲ့သူနဲ့အကြောင်းမျိုးစုံပြပြီး အလှူခံနေတဲ့သူတွေရေ အခြေအနေအချိန်အခါကိုကြည့်ပါ ဘာအလုပ်တွေကောင်းနေတာမြင်လို့ အားမနာလျှာမကျိုး ကျွန်မဆီ ပဲလာနေရတာလဲ
တစ်ခါတည်းပြောလိုက်မယ် ဒီနေ့ကစပြီး ဘယ်သူ့ကိုမှပိုက်ဆံချေး မကူညီတော့ဘူး ကျွန်မပိုက်ဆံချေးလိုက်တဲ့သူတိုင်းကို အတိုးမယူ ဒီအတိုင်းကူညီပေးတာ ရှင်တို့အသိဆုံးနော် ပြီးရင်ရှင်တို့က ပိုက်ဆံပြန်ပေးဖို့ကို
ကတိမတိ မသိချင်ယောင်ဆောင် အလိုက်မသိ အားမနာတက်ပေ့မယ်ကျွန်မကခနခနတောင်းရမှာ အားနာတက်လွန်းတော့ တော်တော်ကိုအဆင်မပြေပါဘူးနော် အလှူခံတွေလည်းအလိမ်အညာတွေများပြီး
ခံရပေါင်းများလွန်းလို့ ဘယ်သူ့ကိုမှမယုံတော့ဘူး ပိုက်ဆံအဆင်ပြေရင်လည်း ကိုယ်တကယ် လှူသင့်တဲ့သူကို ကိုယ်တိုင်ရှာလှူမယ် လာပြီးအလှူလာမခံကြပါနဲ့တော့ ကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောလာတာဖြစ်ပါတယ်။
ပရိသတ်ကြီးရော သံစဉ်မောင် လို စေတနာနဲ့ ပိုက်ဆံချေးလိုက်ပေမဲ့ပြန်မဆပ်ကြတဲ့ သူတွေနဲ့ရော ကြုံဆုံဖူးကြပြီလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦး။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply