
နိုင်ငံတကာမှာ နာမည်ကြီး NIVEA အလှကုန်ပစ္စည်းနဲ့ Hansaplast ထုတ်လုပ်တဲ့ Beiersdorf ကုမ္ပဏီဟာ မြန်မာနိုင်ငံမှ ထွက်ခွါတော့မယ်လို့ Beiersdorf Myanmar မှ
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
တာဝန်ရှိသူတစ်ဦးကမော်ကွန်းကို ပြောပါတယ်။ “အခုဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံတွင်းစျေးကွက် အခြေအနေတွေကြောင့် ဆက်လည်ပတ်ဖို့ မဖြစ်နိုင်တော့လို့ပါ။ Beiersdorf ကုမ္ပဏီရဲ့
လုပ်ငန်းကိစ္စအဝဝ ကိုလည်း လာမယ့် ဒီဇင်ဘာလကုန်ကျရင် DKSH ကို လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်” လို့ ၎င်းကပြောပါတယ်။ ကုမ္ပဏီဝန်ထမ်းတွေကိုတော့ လစာနှစ်နှစ်စာ လျော်ကြေးပေးပြီး
အနားပေးလိုက်တယ်လို့ ကနဦး သိထားရပေမယ့် မော်ကွန်းကအတည်ပြုနိုင်ဖို့ ကုမ္ပဏီတာဝန်ရှိသူတွေကို ဆက်သွယ်နေတုန်းပါ။ Beiersdorf ကုမ္ပဏီဟာ ဂျာမနီအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး
မြန်မာနိုင်ငံမှာတော့ Hansaplast နဲ့ NIVEA အလှကုန်ပစ္စည်းတွေကို အဓိကထုတ်လုပ်ရောင်းချတာပါ။ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံက အခုလိုထွက်ခွါသွားပေမယ့် ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကိုတော့
အရင်တိုင်းပဲဝယ်ယူအသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ အခုလွှဲပြောင်းပေးအပ်ခဲ့တဲ့ DKSH Myanmar ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၁၉၉၆ ကတည်းက လည်ပတ်နေတဲ့ကုမ္ပဏီဖြစ်ပြီး အဓိကကတော့ မိတ်ဘက်ကုမ္ပဏီတွေရဲ့
လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ဖြန့်ဖြူးရောင်းချပေးနေတာပါ။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောမြန်မာအပါအဝင် နာမည်ကြီး နိုင်ငံတကာကုမ္ပဏီတစ်ချို့မြန်မာနိုင်ငံကထွက်ခွါနေကြတာပါ။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
နိုင္ငံတကာမွာ နာမည္ႀကီး NIVEA အလွကုန္ပစၥည္းနဲ႕ Hansaplast ထုတ္လုပ္တဲ့ Beiersdorf ကုမၸဏီဟာ ျမန္မာနိုင္ငံမွ ထြက္ခြါေတာ့မယ္လို႔ Beiersdorf Myanmar မွ
တာဝန္ရွိသူတစ္ဦးကေမာ္ကြန္းကို ေျပာပါတယ္။ “အခုျဖစ္ေပၚေနတဲ့ ျမန္မာနိုင္ငံတြင္းေစ်းကြက္ အေျခအေနေတြေၾကာင့္ ဆက္လည္ပတ္ဖို႔ မျဖစ္နိုင္ေတာ့လို႔ပါ။ Beiersdorf ကုမၸဏီရဲ႕
လုပ္ငန္းကိစၥအဝဝ ကိုလည္း လာမယ့္ ဒီဇင္ဘာလကုန္က်ရင္ DKSH ကို လႊဲေျပာင္းေပးအပ္သြားမွာျဖစ္ပါတယ္” လို႔ ၎ကေျပာပါတယ္။ ကုမၸဏီဝန္ထမ္းေတြကိုေတာ့ လစာႏွစ္ႏွစ္စာ ေလ်ာ္ေၾကးေပးၿပီး
အနားေပးလိုက္တယ္လို႔ ကနဦး သိထားရေပမယ့္ ေမာ္ကြန္းကအတည္ျပဳနိုင္ဖို႔ ကုမၸဏီတာဝန္ရွိသူေတြကို ဆက္သြယ္ေနတုန္းပါ။ Beiersdorf ကုမၸဏီဟာ ဂ်ာမနီအေျခစိုက္ကုမၸဏီတစ္ခုျဖစ္ၿပီး
ျမန္မာနိုင္ငံမွာေတာ့ Hansaplast နဲ႕ NIVEA အလွကုန္ပစၥည္းေတြကို အဓိကထုတ္လုပ္ေရာင္းခ်တာပါ။ ကုမၸဏီအေနနဲ႕ ျမန္မာနိုင္ငံက အခုလိုထြက္ခြါသြားေပမယ့္ ကုမၸဏီရဲ႕ ထုတ္ကုန္ေတြကိုေတာ့
အရင္တိုင္းပဲဝယ္ယူအသုံးျပဳနိုင္မွာျဖစ္တယ္လို႔ဆိုပါတယ္။ အခုလႊဲေျပာင္းေပးအပ္ခဲ့တဲ့ DKSH Myanmar ကုမၸဏီဟာ ျမန္မာနိုင္ငံမွာ ၁၉၉၆ ကတည္းက လည္ပတ္ေနတဲ့ကုမၸဏီျဖစ္ၿပီး အဓိကကေတာ့ မိတ္ဘက္ကုမၸဏီေတြရဲ႕
လူသုံးကုန္ပစၥည္းအမ်ိဳးမ်ိဳးကို ျဖန့္ျဖဴးေရာင္းခ်ေပးေနတာပါ။ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း တယ္လီေနာျမန္မာအပါအဝင္ နာမည္ႀကီး နိုင္ငံတကာကုမၸဏီတစ္ခ်ိဳ႕ျမန္မာနိုင္ငံကထြက္ခြါေနၾကတာပါ။ ခရက္ဒစ္
Leave a Reply