
မော်ဒယ်လ်တစ်ယောက် ဖြစ်တဲ့ ခင်ရူပကတော့ ဖေ့ဘုတ်စ် ပေါ်မှာ အမြဲပွဲ ဖြစ်နေသူတစ်ယောက် ဖြစ်ပြီး ပရိသတ်ပြည်သူတွေရဲ့ ဝေဖန်မှုတွေကိုလည်းအကြိမ်ကြိမ် အခါခါ ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
ပြီးခဲ့တဲ့လကလည်း Tomorrow Land ဂီတဖျော်ဖြေပွဲကို သွားရောက် ပျော်ပါးခဲ့လို့ ပြည်သူတွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရသူတစ်ဦးလည်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခင်ရူပဟာ
သြဂုတ်လ (၁၆) ရက်နေ့မှာ ယခုကာလမှာ ခက်ခဲနေသူတွေအတွက် သူမတက်နိုင်တဲ့ ဖက်ကနေ ကူညီမယ်ဆိုပြီး အလကား မဟုတ်ဘဲ အွန်လိုင်း Live Sale အတွက် (၁၀) မိနစ်စာ ကြော်ငြာခကို ငွေကျပ် တစ်သိန်းနဲ့
ကူညီပေးမယ်ဆိုတဲ့ ပိုစ့်တင်ခဲ့တာကြောင့် ခက်ခဲကြပ်တည်းနေသူတွေကို ကူညီတယ်လည်း ဆိုသေး ပိုက်ဆံလည်း ယူဖို့ ကြံနေတယ် ဆိုပြီး ပရိသတ် ပြည်သူတွေရဲ့ ဝေဖန်မှုကို ထပ်မံရရှိခဲ့ တာပဲဖြစ်ပါတယ်။
ထို့အတွက် ယနေ့မှာတော့ မော်ဒယ်လ်ခင်ရူပက သူမအနေနဲ့ လူတွေအကြောင်း ပိုသိခဲ့ ရပါပြီဆိုပြီး တုန့်ပြန်လာခဲ့ပါတယ်။ ခင်ရူပက “ဘယ်လို နေနေ အပြစ်မလွတ်တဲ့ လူတွေ၊ သူတို့လုပ်ရင်
အကောင်း ကိုယ်လုပ်ရင် မကောင်း။ အရမ်းလည်း တရားကျတယ်။ စိတ်ဒုက္ခပေးရလို့ တိုက်ခိုက်ရလို့ ပျော်တယ် ကိုယ့်ဘဝ ပြီးပြည့်စုံတယ်ဆိုလည်း ဂုဏ်ယူပါတယ်။ သူတို့ ကုသိုလ်ထူး ကြတယ်နော်။
ကိုယ့်အပြစ်မလွတ်တောင် သူများကို ဘလိန်းခွင့် ရလို့။ ကျွန်မကတော့အသက်ရှင်သရွေ့တော့ ကျွန်မကြိုးစားနေရဦးမှာ ရုန်းကန်ရင်းနဲ့ဘဲ မတူညီသော ဝဋ်ကြွေးတွေလည်းကျေကြပါစေ မမုန်းပါဘူး
လူတွေ အကြောင်းပိုသိရလို့ ပိုနေတတ်ရမှာပေါ့ ” ဆိုပြီး ရေးသား တုန့်ပြန်လာခဲ့ တာဖြစ်ပါတယ်။ မော်ဒယ်လ် ခင်ရူပကတော့ သူမကိုစိတ်ဒုက္ခပေးရလို့ တိုက်ခိုက်ရလို့ ပျော်တယ် ကိုယ့်ဘဝအတွက်
ပြီးပြည့်စုံ ကြတယ်ဆိုလည်း ဂုဏ်ယူပါတယ် ဆိုပြီး ပြောဆိုလာခဲ့တာပါ။ ပြည်သူတွေ ပရိသတ်တွေကတော့ “ရေပေါ်ဆီ ခင်ရူပထံ ကြော်ငြာအပ်ကာ အလုပ်တွဲလုပ်ကြတဲ့ လုပ်ငန်းတွေကို Boyott လုပ်မယ်”ဆိုပြီး ပြတ်သားစွာ ပြောထားကြတာကို တွေ့ရပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ေမာ္ဒယ္လ္တစ္ေယာက္ ျဖစ္တဲ့ ခင္႐ူပကေတာ့ ေဖ့ဘုတ္စ္ ေပၚမွာ အၿမဲပြဲ ျဖစ္ေနသူတစ္ေယာက္ ျဖစ္ၿပီး ပရိသတ္ျပည္သူေတြရဲ႕ ေဝဖန္မႈေတြကိုလည္းအႀကိမ္ႀကိမ္ အခါခါ ခံရသူတစ္ဦးလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့လကလည္း Tomorrow Land ဂီတေဖ်ာ္ေျဖပြဲကို သြားေရာက္ ေပ်ာ္ပါးခဲ့လို႔ ျပည္သူေတြရဲ႕ ေဝဖန္မႈကို ျပင္းျပင္းထန္ထန္ ခံခဲ့ရသူတစ္ဦးလည္းပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ခင္႐ူပဟာ
ၾသဂုတ္လ (၁၆) ရက္ေန႕မွာ ယခုကာလမွာ ခက္ခဲေနသူေတြအတြက္ သူမတက္နိုင္တဲ့ ဖက္ကေန ကူညီမယ္ဆိုၿပီး အလကား မဟုတ္ဘဲ အြန္လိုင္း Live Sale အတြက္ (၁၀) မိနစ္စာ ေၾကာ္ျငာခကို ေငြက်ပ္ တစ္သိန္းနဲ႕
ကူညီေပးမယ္ဆိုတဲ့ ပိုစ့္တင္ခဲ့တာေၾကာင့္ ခက္ခဲၾကပ္တည္းေနသူေတြကို ကူညီတယ္လည္း ဆိုေသး ပိုက္ဆံလည္း ယူဖို႔ ႀကံေနတယ္ ဆိုၿပီး ပရိသတ္ ျပည္သူေတြရဲ႕ ေဝဖန္မႈကို ထပ္မံရရွိခဲ့ တာပဲျဖစ္ပါတယ္။
ထို႔အတြက္ ယေန႕မွာေတာ့ ေမာ္ဒယ္လ္ခင္႐ူပက သူမအေနနဲ႕ လူေတြအေၾကာင္း ပိုသိခဲ့ ရပါၿပီဆိုၿပီး တုန့္ျပန္လာခဲ့ပါတယ္။ ခင္႐ူပက “ဘယ္လို ေနေန အျပစ္မလြတ္တဲ့ လူေတြ၊ သူတို႔လုပ္ရင္
အေကာင္း ကိုယ္လုပ္ရင္ မေကာင္း။ အရမ္းလည္း တရားက်တယ္။ စိတ္ဒုကၡေပးရလို႔ တိုက္ခိုက္ရလို႔ ေပ်ာ္တယ္ ကိုယ့္ဘဝ ၿပီးျပည့္စုံတယ္ဆိုလည္း ဂုဏ္ယူပါတယ္။ သူတို႔ ကုသိုလ္ထူး ၾကတယ္ေနာ္။
ကိုယ့္အျပစ္မလြတ္ေတာင္ သူမ်ားကို ဘလိန္းခြင့္ ရလို႔။ ကြၽန္မကေတာ့အသက္ရွင္သေ႐ြ႕ေတာ့ ကြၽန္မႀကိဳးစားေနရဦးမွာ ႐ုန္းကန္ရင္းနဲ႕ဘဲ မတူညီေသာ ဝဋ္ေႂကြးေတြလည္းေက်ၾကပါေစ မမုန္းပါဘူး
လူေတြ အေၾကာင္းပိုသိရလို႔ ပိုေနတတ္ရမွာေပါ့ ” ဆိုၿပီး ေရးသား တုန့္ျပန္လာခဲ့ တာျဖစ္ပါတယ္။ ေမာ္ဒယ္လ္ ခင္႐ူပကေတာ့ သူမကိုစိတ္ဒုကၡေပးရလို႔ တိုက္ခိုက္ရလို႔ ေပ်ာ္တယ္ ကိုယ့္ဘဝအတြက္
ၿပီးျပည့္စုံ ၾကတယ္ဆိုလည္း ဂုဏ္ယူပါတယ္ ဆိုၿပီး ေျပာဆိုလာခဲ့တာပါ။ ျပည္သူေတြ ပရိသတ္ေတြကေတာ့ “ေရေပၚဆီ ခင္႐ူပထံ ေၾကာ္ျငာအပ္ကာ အလုပ္တြဲလုပ္ၾကတဲ့ လုပ္ငန္းေတြကို Boyott လုပ္မယ္”ဆိုၿပီး ျပတ္သားစြာ ေျပာထားၾကတာကို ေတြ႕ရပါတယ္။ ခရက္ဒစ္
Leave a Reply