ပြောသင့်ပြောထိုက်တဲ့အချိန်ရောက်နေပီမို့ ဆိုင်တွေမှာ သောက်စား မူးရူးပြီး social mediaမှာ ဂရက်ထနေတာတွေကို ရန်ရန်ချမ်းဆူပြီ
ဝါရင့်ဟစ်ဟော့အဆိုတော်တစ်ဦးဖြစ်တဲ့ ရန်ရန်ချမ်း ကတော့ တစ်ခေတ်တစ်ခါတုန်းက နာမည်ကြီး လူကြိုက်များခဲ့တဲ့ နာမည်ကျော်အက်ဆစ်အဖွဲ့ဝင်ပဲ ဖြစ်ပါတယ်။ သူဟာမြန်မာပြည်ကို
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
စစ်အာဏာသိမ်းတာကို လက်မခံနိုင်တာကြောင့် ပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသား ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီဘက်မှ ပုဒ်မ ၅၀၅ ဖြင့်တရားစွဲဆိုခံထားရပြီးနောက်
လက်ရှိမှာ မိသားစုနဲ့အတူ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ”ဒီပုံလေးကိုအကြောင်းပြုပြီး ခုရန်ကုန်ကညီငယ်တွေညီမငယ်တွေ တော်လှန်ရေးသပ်သပ် ပျော်ပါးနေကြတာ
သပ်သပ်ဖြစ်နေတာလေးကိုခိုင်းနိုင်းပြီးပြောပြချင်တယ်။၂၀၀၇ရွှေဝါရောင်အရေးအခင်းတုန်းကခုလိုပဲရဟန်း/ ပြည်သူအားလုံးပါဝင်ခဲ့ကြပြီးကမ္ဘာကသိခဲ့တဲ့လူထုလှုပ်ရှားမှုဖြစ်ခဲ့တယ်ဆိုတာအားလုံးအသိပဲ
အဲ့အချိန်တုန်းက ငါလည်းမင်းတို့လိုပဲဘာသိဘာသာအေးဆေးပဲနေခဲ့တယ် အဓိကကနိုင်ငံရေးအများကြီးနားမလည်သလို လူကပဲရင့်ကျက်မှုနောက်ကြတယ်ပဲ ပြောရမလားကိုယ်နေတတ်သလိုပဲနေရင်း
မင်းတို့ခုသောင်းကြမ်းသလိုဖွင့်တဲ့ Bar တွေ Club တွေသွားတယ်ဆိုတာထက်ပိုတဲ့သောင်းကြမ်းနည်းနဲ့ပျော်ပါးလာခဲ့ကြတာ အဲ့တော့ငါမင်းတို့ကိုနားလည်တယ်ဆိုတာသိစေချင်တယ်။ တစ်ချိန်ထဲမှာပဲငါတို့‌ေကာင်
”မောင်ကျော်” ကဆန္ဒပြပွဲတွေမှာ မမောမပန်းတက်ကြွစွာဒိုးနေတဲ့အချိန် သူ့မှန်းသိတဲ့ပြည်သူတွေကအားပေးကြနှုတ်ဆက်ကြပေါ့ အဲ့ချိန်ငါကလမ်းထဲကနေဘာတွေဖြစ်နေလည်းနားဆွင့်လိုက်
ရပ်ကွက်ထဲကဘော် ဒါတွေရိုက်ကူးရေးလုပ်တဲ့ နေရာတွေ(အဲ့တုန်းကသတင်းဌာနတွေကိုပို့ဖို့အရမ်းခက်ခဲတဲ့အချိန်ပေါ့) ကနေလိုက်ချောင်းလိုက်လုပ်နေရုံထက်မပိုခဲ့ဘူး ခုဏပြန်ဆက်ရရင် ဆန္ဒပြနေတဲ့အချိန် လူတွေကသူ့ကိုတွေ့လို့
ကိုယ့်ကိုမေးရင် ငါ့ကောင်က YCပါတယ်ရှေ့မှာ /နောက်မှာပါတယ်ဘာညာနဲ့ကိုယ့်ကိုပြောပေးခဲ့တယ်။ ခုနွေးဦးတော်လှန်ရေးဟာ ငါတို့နိုင်ငံလေးတစ်ကယ်ကြီး အရှိန်ရစပြုနေတာကိုဖျက်လို့ဖျက်စီးလုပ်လို့
စိတ်ကိုလုံးဝမထိန်းနိုင်တာရော 2007မှာဘာသိဘာသာနေခဲ့မိတဲ့အကြွေးကို စပ်ချင်တာရောကြောင့် စိတ်ရောကိုယ်ရောနှစ်ပြီးပါခဲ့တယ် ။ ဆိုလိုချင်တာက ငါလည်းမင်းတို့လိုပျော်ပါးတတ်တဲ့ကောင်ပဲ
ခုဒီတစ်ခေါက်ကတော့တိုင်းပြည်ကိုအောက်ဆုံးထိဆွဲချသွားတဲ့အတွက်အဲ့အချိန်မှာငါတို့တွေဟာ လူကြီး လူလတ် လူငယ် အားလုံးတစ်ညီတစ်ညွှတ်ထဲတိုက်ဖို့လိုတယ် အဲ့လိုတိုက်ရာမှာလည်းလူတိုင်းလ က်နက်ကိုင်ပြီးတောထဲသွားဖို့
မဖြစ်နိုင်တာမှန်ပေမဲ့ အသက်ပေးပြီးတိုက်နေရတဲ့သူတွေကိုငဲ့ကြရမယ် သူတို့ကအသက်ပေးနေတဲ့အချိန်(အထူးသဖြင့်ရန်ကုန်လိုနေရာမျိုး)မင်းတို့က ဆိုင်‌တွေမှာသောက်စားနေတာတွေ
social media လိုမျိုးမှာချမပြသင့်ဘူး သူတို့နေရာမှာမင်းတို့လို့သဘောထားကြည့်ဘယ်လိုခံစားရမလည်းစကစက ဒါမျိုးသဘောသိပ်ကြ ဖွင့်စမ်းဆိုင်တွေ ပျော်စမ်း ကွဲစမ်း ပြဲစမ်း လီ-းဖြစ်လားပေါ့ (sorry) နောက်ဆုံး‌ပြောချင်တာက
မနေနိုင်လို့ သောက်စား ပျော်ပါးချင်ကြတယ်ဆိုလည်း အများမြင်အောင်ချမပြနဲ့ မရဘူးပြချင်တယ်လုပ်တယ်ကွာ ဘာဖြစ်လည်းဆိုရင်တော့ စကစလူလို့ပဲ သဘောထားရတော့မှာပဲ ဒီလောက်ပါပဲ”လို့
ရေးသားထားတာကို တွေ့ရပါတယ် ။ ကဲ…စာဖတ် ပရိသတ်ကြီးရေ အဆိုတော် ရန်ရန်ချမ်း ဟာ အပျော်အပါးမက်နေတဲ့ အထူးသဖြင့်ရန်ကုန်ကလူငယ်တွေနဲ့ ပတ်သက်ပြီး သတိပေးလိုက်တာပဲ ဖြစ်ပါတယ်။
မနေနိုင်လို့ သောက်စားပျော်ပါးပြီး အများမြင်အောင်ချင်တယ်ဆိုရင်တော့ စကစလူလိုပဲ သဘောထားတော့မယ်လို့ သူ့ရဲ့သဘောထားကိုလဲ ပြတ်ပြတ်သားသား ပြောထားပါတယ်။ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*