ပရိသတ်ကြီးရေ ခင်ရတနာစိုးကတော့ သီချင်းဆိုပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို စတင်ရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အထူးသဖြင့် The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး First Winner up ဆုကြီးကိုပါရရှိထားခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာလည်း အောင်မြင်တဲ့
အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာရပ်တည်နိုင်အောင် ကြိုးစားနေခဲ့ပါသေးတယ်။ ခင်ရတနာစိုးကတော့ ကိုယ်ပိုင်သီချင်းတွေမထွက်ရှိနိုင်သေးတဲ့ ဒီအချိန်မှာတော့
ပြန်ဆိုတေးအဖြစ်နဲ့ သီချင်းလေးတွေကို သီဆိုနေခဲ့ပြီး အထူးသဖြင့် လူငယ်တွေ ပိုင်နိုင်စွာသီဆိုနိုင်ဖို့ ခက်ခဲတဲ့ မြန်မာသံသီချင်းကြီးတွေကို ပိုင်နိုင်စွာနဲ့ ပြန်လည်သီဆိုနေခဲ့ပါတယ်။ လတ်တလောမှာလည်း ခင်ခင်ကတော့
သူ့ရဲ့ဆရာဖြစ်သူ ထက်အာကာရဲ့ ပတ္တလားတီးခတ်မှုနဲ့ “သီရိဂေဟာ” လို့ အမည်ရတဲ့ မြန်မာသီချင်းကြီးကို ပြန်လည်သီဆိုခဲ့တဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် မျှဝေဖော်ပြလာခဲ့ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply