
ပြည်ပမှ နိုင်ငံခြားသုံးငွေအဖြစ် ရရှိတဲ့ ဝင်ငွေတွေကို ကျပ်ငွေနဲ့ လဲလှယ်ခြင်းကနေ ကင်းလွတ်ခွင့် ရရှိထားတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့ရဲ့ နိုင်ငံခြားဝင်ငွေ ၁၀၀ ရာခိုင်နှုန်းကို
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
၎င်းတို့ကိုယ်တိုင် ရာနှုန်း ပြည့်စီမံသုံးစွဲခွင့်ရှိပြီလို့ ဗဟိုဘဏ်က ကြေညာလိုက်ပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အဆိုပါ ကြေညာချက်အတွင်း
ကင်းလွတ်ခွင့်ရရှိသူတွေအနေနဲ့ ၎င်းတို့ရရှိတဲ့ နိုင်ငံခြားငွေကို ကိုယ်တိုင်သုံးစွဲနိုင်သလို AD ဘဏ်မဟုတ်တဲ့ အခြားသူတွေထံ ရောင်းချခြင်း၊ AD လိုင်စင်ရဘဏ်တွေထံ ရောင်းချခြင်းလည်း
ဆောင်ရွက်ခွင့်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။ ကင်းလွတ်ခွင့်ရသူတွေထံက ဝယ်ယူထားသူတွေအနေနဲ့ကတော့ ၎င်းတို့ ဝယ်ယူထားတဲ့ နိုင်ငံခြားငွေကို
မိမိကိုယ်တိုင် သုံးစွဲခြင်းနဲ့ AD လိုင်စင်ရဘဏ်တွေထံ ပြန်လည်ရောင်းချခြင်းကို ဝယ်ယူတဲ့နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်ကြဖို့ ညွှန်ကြားထားပါတယ်။ သို့သော် ဝယ်ယူထားတဲ့ နိုင်ငံခြားငွေကို
မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်းပြုရာတွင် နိုင်ငံဖြတ်ကျော် ဆောင်ရွက်တဲ့ cross border transactions အတွက် နိုင်ငံ ခြားသုံးငွေ စီမံခန့်ခွဲမှုကော်မတီရဲ့ ခွင့်ပြုချက်ကို ရယူဖို့မလိုဘဲ ဆောင်ရွက်နိုင်တယ်လို့
ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။ ဒီညွန်ကြားချက်ကြောင့် သွင်းကုန်လုပ်ငန်းတွေ နိုင်ငံ ခြားငွေဝယ်ယူမှုအတွက် ယခင် FESC ခွင့်ပြုချက် စောင့်ဆိုင်းနေရခြင်း၊ AD လိုင်စင်ရဘဏ်များရဲ့ ခွဲ တမ်းနဲ့
ရောင်းချမှုကို စောင့်ဆိုင်းနေရခြင်းတွေမှာ အထိုက်အလျောက် မြန်ဆန်ချော့မွေ့လာမယ်လို့ ကနဦးမှတ်ယူရကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးအဖွဲ့ Myanmar Enterprise Solutions က
သုံးသပ်ထားပါတယ်။ လက်ရှိ အမေရိကန်ဒေါ်လာ တဒေါ်လာကို ၂၉၅၀ ကနေ ၃၀၅၀ အထိ ပေါက်စျေးရှိနေကာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြစ်ပြီး ဒေါ်လာစျေးကွက်ပျက်နေပြီဖြစ်ကြောင်း သိရပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
သုံးသပ်ထားပါတယ်။ လက်ရှိ အမေရိကန်ဒေါ်လာ တဒေါ်လာကို ၂၉၅၀ ကနေ ၃၀၅၀ အထိ ပေါက်ဈေးရှိနေကာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြစ်ပြီး ဒေါ်လာဈေးကွက်ပျက်နေပြီဖြစ်ကြောင်း သိရပါတယ်။ ခရက်ဒစ်
Leave a Reply