မင်္ဂလာပါ ပရိသတ်ကြီးရေ မော်ဒယ်သရုပ်ဆောင်မလေး ဟန်နီနွေဦးကတော့ နိုင်ငံခြား ဘာသာတက္ကသိုလ်ကျောင်းသူ တစ်ဦးဖြစ်ပြီး ဂျာမန်ဘာသာရပ်ကို အထူးပြုလေ့လာ သင်ကြားနေသူလေး ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သူမဟာ ဘောလုံး အားကစားကိုလည်း ဝါသနာပါသူလေး ဖြစ်တာကြောင့်ကျောင်းတွင်းဘောလုံးအသင်းရဲ့ ခေါင်းဆောင် အဖြစ် တာဝန်ယူထားသူလေးပါ။ ဒါအပြင် ကိုရီးယားမင်းသမီးလေး အလား
ချောမောလှပမှု့တွေကို ပိုင်ဆိုင်ထားတာကြောင့် ယောက်ျားလေး ပရိသတ်တွေရဲ့ အထူး ချစ်ခင်အားပေးမှု့ကို အပြည့်အဝ ရရှိထားသူလေး တစ်ဦးလည်း ဖြစ်ပါ တယ်။ သူမရဲ့ချစ်စရာကောင်းတဲ့ အမူအယာလေးနဲ့
မြန်မာဆန်ဆန် ဆင်ယင်မှု ပုံစံလေးတွေကလည်း မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကို ရရှိထားစေပါသေးတယ်။ ဟန်နီနွေဦးဟာ ဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ
ပြည်သူတွေ တစ်သားတည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက် အပါအဝင် လည်းဖြစ်ပါတယ်။ သူမဟာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ တာကြောင့် ပုဒ်မ ၅၀၅ ကနဲ့
တရားစွဲဆိုခံရပြီးနောက် ယုံကြည်ချက် ခိုင်မာစွာနဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိ သွားခဲ့တာပဲဖြစ် ပါတယ်။တက်သစ်စ မင်းသမီးလေးလည်း ဖြစ်သလို လှပနုနယ်လွန်းသူ မိန်းကလေးငယ်လေးဟာ
ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိကာ ယုံကြည်ချက်အတွက် စိတ်ဓာတ်ပြတ်သားစွာနဲ့ တာဝန်ထမ်းဆောင်နေတာကြောင့် ပရိသတ်တွေ တအံတသြ ဖြစ်ခဲ့ကြ ရပါတယ်။သူမဟာ တော်လှန်ရေးအတွက်
အခြေခံစစ်ပညာသင်တန်းကို တက်ရောက်ခဲ့ပြီး တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေခဲ့တာ ဖြစ်ပြီးယခုအခါမှာတော့ ဟန်နီနွေဦး ဟာ
ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာ သင်တန်းကို တက်ရောက် အောင်မြင်ခဲ့၍ သင်တန်းဆင်း လာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမကတော့ လွတ်မြောက်နယ်မြေမှာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ရဲဘော်တစ်ဦးအဖြစ်
စတင်တာဝန် ထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေပါပြီနော်။ ပရိသတ်ကြီးရေ မော်ဒယ် ဟန်နီနွေဦး ရဲ့ ယုံကြည်ချက် အတွက် ပြတ်သားရဲရင့်တဲ့ စိတ်ဓာတ်လေးကတော့ လေးစားချီးကျူးစရာကောင်း လှပါတယ်နော်။
သူမရဲ့အောင်မြင်မှု့တွေကို စွန့်လွှတ်ပြီး တိုင်းပြည်အတွက် သူမ ချစ်သော ပရိသတ်ပြည်သူများအတွက် ရဲရင့်စွာ စွန့်စားနေတဲ့ သူမအတွက်ချီးကျူးစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply