ပရိတ်သတ်တွေ ဝေဖန်မှု့အပြင် တေးရေးမိသားစုဖက်ကပါ တားဆီးထားပေမယ့် ပုံစံတစ်မျိုးပြောင်းပြီး ဆက်လက်လုပ်သွားမယ်ဆိုတဲ့ သက်မွန်ထက်နဲ့ ရွှေလက်အောင်မင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ တောသူ အချစ်သီချင်းလေး ကတော့ တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်သလို ယနေ့အချိန်ထိလည်း ရိုးမသွားတဲ့

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

အညာကျေးလက် သဘာဝကို ပေါ်လွင်စေတဲ့ သီချင်းကောင်း တစ်ပုဒ် ဖြစ်ပါတယ်နော်။ မကြာသေးမီ ကမှ အဆိုဝါသနာရှင် တက်သစ်စ အဆိုတော်မလေး သက်မွန်ထက်က တောသူအချစ် သီချင်းလေးကို ပြန်ဆိုခဲ့ပြီး

ရိုက်ကူးခဲ့တဲ့ MTVမှာ မဆီမလျော်သော သရုပ်ဆောင်မှု တွေကြောင့် အွန်လိုင်းပေါ်မှာ ဂယတ်ထခဲ့ပြီး ပရိသတ်ပြည်သူတွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ခံခဲ့ရတာလည်းဖြစ်ပါ တယ်။

ဒီနေ့မှာတော့ သက်မွန်ထက်နဲ့ သူ့ရဲ့ဆရာဖြစ်သူ ဒါရိုက်တာ ရွှေလက်အောင်မင်းမှ သီချင်း MTVကို ပြန်ဆင် ရိုက်ကူးသွားမယ့် အကြောင်းပြောပြ လာတာဖြစ်ပါတယ်။ “တောသူအချစ် သီချင်းMV ဖန်တီးမှုနဲ့ပတ်သက်ပြီး

ဝေဖန်တဲ့ ပရိသတ်တွေလည်း ရှိတော့ ကျွန်တော်တို့က ပရိသတ်ကို လေးစားသောအားဖြင့် MVကို ရှေ့မှာ ထွက်ထားတဲ့ ပုံစံနဲ့မတူဘဲ ပြန်လည်ပြင်ဆင်ပြီးရိုက်ကူး နေပါတယ်၊ ရှေ့မှာထွက်ထားတဲ့ MTVလေးလည်း ပါတယ်

အစအဆုံး ကြည့်လိုက်ရင်တော့ ဟာ ဒီလိုပ့လား ဆိုပြီး ဖြစ်သွားအောင် ကြိုးစားထားတယ်။”ဆိုပြီး ရွှေလက်အောင်မင်းက ပြောလာသလို သက်မွန်ထက်ကလည်း “သမီးရဲ့ဆရာ ညွှန်ကြားထားသည့်အတိုင်း

တောသဘာဝ အလှလေးတွေလည်း ထည့်ထားပါတယ်။ဘယ်လိုလေး ထွက်မလာမလဲဆိုတာ စောင့်ကြည့်ပေးပါ”လို့ ဆိုလာရင်း နောက်ထပ်လည်း ပြန်ဆိုတေးတွေ လုပ်ဖို့ရှိကြောင်းနှင့် ပရိသတ်တွေသဘောကျအောင်

သတိကြီးကြီး ထားပြီး လုပ်သွားမယ် ဖြစ်ကြောင်းပြော လာခဲ့ပါတယ်။ “ဆရာသက်ဉီးတို့ မိသားစုဖက်က ပြောပိုင်ခွင့်ရှိတာပေါ့။ဒါပေမယ့် ကျနော်တို့ဖက်ကလည်း ခွင့်ပြုချက် တောင်းတယ်

အနုပညာကြေးအားဖြင့်လည်း ကန်တော့တယ်။ ကျနော်တို့စာချုပ် ချုပ်မထားတာ တစ်ခုပဲ ရှိတာပေါ့။ ဒါပေမယ့်အနုပညာကြေး ကန်တော့ခဲ့တဲ့အပိုင်းမှာ စပြောထဲက Recording တွေ ဘာတွေ ရှိပါတယ်။ ဆိုရှယ်ကို အသုံးပြုမယ်ဆိုတာကိုလည်း

ပြောခဲ့တယ်။ နောက်တစ်ခုက Musicကို ပြန်တီးမယ်ဆိုတာကိုလည်း ပြော ခဲ့သလို အကနဲ့ ထုတ်မယ်ဆိုတာကို လည်းပြောခဲ့ တယ်။ နောက်ပြီး သမီး ဆိုမယ့် အသက်အရွယ် အတိုင်းအတာအရလည်းပြောခဲ့တယ်။

ပြီးတော့ ကျနော်တို့က နယ်ကပါ အဲ့လိုအဲ့လိုလေ လုပ်ချင်ပါ တယ်ပေါ့။ ကျနော်တို့လည်းနောက်ကျရင် ပြန်ဆိုတေးတွေ လုပ်ရင် သတိထားရတော့မယ် ကိုယ့်အတွက်လည်း ပညာတစ်ခုလည်း ရတာပေါ့။

ကျနော်တို့ဖက်ကတော့ ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်မမြင်ဘူး။ အတွေ့အကြုံတစ်ခု အသစ်ရသွားတာပေါ့။ နောက် ဆင်ခြင်လို့ ရအောင်ပေါ့။ ဆရာသက်ဉီးတို့ မိသားစုဖက်က ပြောချင်တာ ပြောလို့ရတာပေါ့။

ဒါပေမယ့်လို့ ကျနော်တို့ဖက်ကတော့ သူတို့ဖက်က ခွင့်ပြုထားတဲ့ ရီကော့တင်းရှိတယ်။ ကြည်ကြည်ဖြူဖြူနဲ့ လက်ခံထားတဲ့ အကြောင်းတရားတွေလည်း ရှိတယ်။

ရှိတော့ ကျနော်တို့က ဆက်လုပ်တာပေါ့။ ထမင်းစားပြီး ကြီးလာတာလေ ကိုယ့်အားပေးတဲ့ ပရိသတ်ကိုပေါ့ ဘယ်အုတ်နံရံကိုမှ ခေါင်းနဲ့ မတိုက်ဘူး။ ခေါင်းနဲ့တိုက်ရအောင်လို့ လည်း ကျနော် တို့က ကလေးကလား မဟုတ်ဘူး။

Music Videoရိုက်လာတာ ၁၀နှစ်ကျော် ရှိသွားပြီ။ ပြောချင်တာက ကလေး မဟုတ်ပါဘူး အားလုံးကို သိတယ်။ အားလုံးကိုလည်း ကျနော် ကြိုမြင်တယ်။ အားလုံး ကိုလည်း နားလည်တယ်။ဒါပေမယ့် ကျွန်တော့်အနေနဲ့

တကယ် သမီးလေးအပေါ်မှာ ထားတဲ့ စေတနာကော၊ ကိုယ်တိုင်ကလည်း ဖန်တီးချင်တဲ့ စိတ်တစ်ခုကြောင့်သာပရိသတ်ကိုချပြတာ အမှားပါရင် ပါကောင်းမှာပေါ့။ အမှားဆိုတာ လူတိုင်းနဲ့ မကင်းလို့မို့ ကျနော်ပရိသတ်ကို

ကျေးဇူးဆပ်ပါမယ်”လို့ ပြောဆို လာခဲ့ပါတယ်။ သက်မွန်ထက် မှလည်း အရင်ထွက်ထားတဲ့ ပုံစံနဲ့ မတူအောင် ကြိုးစားပြီး သရုပ်ဆောင်ထား လုပ်ထားတာမို့ အားပေးကြဖို့ တောင်းဆိုလာခဲ့တာကို တွေ့ရပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

မဂၤလာပါ ပရိသတ္ႀကီးေရ ေတာသူ အခ်စ္သီခ်င္းေလး ကေတာ့ တစ္ခ်ိန္က လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့တဲ့ သီခ်င္းတစ္ပုဒ္ ျဖစ္သလို ယေန႕အခ်ိန္ထိလည္း ရိုးမသြားတဲ့

အညာေက်းလက္ သဘာဝကို ေပၚလြင္ေစတဲ့ သီခ်င္းေကာင္း တစ္ပုဒ္ ျဖစ္ပါတယ္ေနာ္။ မၾကာေသးမီ ကမွ အဆိုဝါသနာရွင္ တက္သစ္စ အဆိုေတာ္မေလး သက္မြန္ထက္က ေတာသူအခ်စ္ သီခ်င္းေလးကို ျပန္ဆိုခဲ့ၿပီး

ရိုက္ကူးခဲ့တဲ့ MTVမွာ မဆီမေလ်ာ္ေသာ သ႐ုပ္ေဆာင္မႈ ေတြေၾကာင့္ အြန္လိုင္းေပၚမွာ ဂယတ္ထခဲ့ၿပီး ပရိသတ္ျပည္သူေတြရဲ႕ ေဝဖန္မႈေတြကို ျပင္းျပင္းထန္ထန္ ခံခဲ့ရတာလည္းျဖစ္ပါ တယ္။

ဒီေန႕မွာေတာ့ သက္မြန္ထက္နဲ႕ သူ႕ရဲ႕ဆရာျဖစ္သူ ဒါရိုက္တာ ေ႐ႊလက္ေအာင္မင္းမွ သီခ်င္း MTVကို ျပန္ဆင္ ရိုက္ကူးသြားမယ့္ အေၾကာင္းေျပာျပ လာတာျဖစ္ပါတယ္။ “ေတာသူအခ်စ္ သီခ်င္းMV ဖန္တီးမႈနဲ႕ပတ္သက္ၿပီး

ေဝဖန္တဲ့ ပရိသတ္ေတြလည္း ရွိေတာ့ ကြၽန္ေတာ္တို႔က ပရိသတ္ကို ေလးစားေသာအားျဖင့္ MVကို ေရွ႕မွာ ထြက္ထားတဲ့ ပုံစံနဲ႕မတူဘဲ ျပန္လည္ျပင္ဆင္ၿပီးရိုက္ကူး ေနပါတယ္၊ ေရွ႕မွာထြက္ထားတဲ့ MTVေလးလည္း ပါတယ္

အစအဆုံး ၾကည့္လိုက္ရင္ေတာ့ ဟာ ဒီလိုပ့လား ဆိုၿပီး ျဖစ္သြားေအာင္ ႀကိဳးစားထားတယ္။”ဆိုၿပီး ေ႐ႊလက္ေအာင္မင္းက ေျပာလာသလို သက္မြန္ထက္ကလည္း “သမီးရဲ႕ဆရာ ၫႊန္ၾကားထားသည့္အတိုင္း

ေတာသဘာဝ အလွေလးေတြလည္း ထည့္ထားပါတယ္။ဘယ္လိုေလး ထြက္မလာမလဲဆိုတာ ေစာင့္ၾကည့္ေပးပါ”လို႔ ဆိုလာရင္း ေနာက္ထပ္လည္း ျပန္ဆိုေတးေတြ လုပ္ဖို႔ရွိေၾကာင္းႏွင့္ ပရိသတ္ေတြသေဘာက်ေအာင္

သတိႀကီးႀကီး ထားၿပီး လုပ္သြားမယ္ ျဖစ္ေၾကာင္းေျပာ လာခဲ့ပါတယ္။ “ဆရာသက္ဉီးတို႔ မိသားစုဖက္က ေျပာပိုင္ခြင့္ရွိတာေပါ့။ဒါေပမယ့္ က်ေနာ္တို႔ဖက္ကလည္း ခြင့္ျပဳခ်က္ ေတာင္းတယ္

အႏုပညာေၾကးအားျဖင့္လည္း ကန္ေတာ့တယ္။ က်ေနာ္တို႔စာခ်ဳပ္ ခ်ဳပ္မထားတာ တစ္ခုပဲ ရွိတာေပါ့။ ဒါေပမယ့္အႏုပညာေၾကး ကန္ေတာ့ခဲ့တဲ့အပိုင္းမွာ စေျပာထဲက Recording ေတြ ဘာေတြ ရွိပါတယ္။ ဆိုရွယ္ကို အသုံးျပဳမယ္ဆိုတာကိုလည္း

ေျပာခဲ့တယ္။ ေနာက္တစ္ခုက Musicကို ျပန္တီးမယ္ဆိုတာကိုလည္း ေျပာ ခဲ့သလို အကနဲ႕ ထုတ္မယ္ဆိုတာကို လည္းေျပာခဲ့ တယ္။ ေနာက္ၿပီး သမီး ဆိုမယ့္ အသက္အ႐ြယ္ အတိုင္းအတာအရလည္းေျပာခဲ့တယ္။

ၿပီးေတာ့ က်ေနာ္တို႔က နယ္ကပါ အဲ့လိုအဲ့လိုေလ လုပ္ခ်င္ပါ တယ္ေပါ့။ က်ေနာ္တို႔လည္းေနာက္က်ရင္ ျပန္ဆိုေတးေတြ လုပ္ရင္ သတိထားရေတာ့မယ္ ကိုယ့္အတြက္လည္း ပညာတစ္ခုလည္း ရတာေပါ့။

က်ေနာ္တို႔ဖက္ကေတာ့ ဘယ္သူ႕ဘယ္သူ႕ကိုမွ အျပစ္မျမင္ဘူး။ အေတြ႕အႀကဳံတစ္ခု အသစ္ရသြားတာေပါ့။ ေနာက္ ဆင္ျခင္လို႔ ရေအာင္ေပါ့။ ဆရာသက္ဉီးတို႔ မိသားစုဖက္က ေျပာခ်င္တာ ေျပာလို႔ရတာေပါ့။

ဒါေပမယ့္လို႔ က်ေနာ္တို႔ဖက္ကေတာ့ သူတို႔ဖက္က ခြင့္ျပဳထားတဲ့ ရီေကာ့တင္းရွိတယ္။ ၾကည္ၾကည္ျဖဴျဖဴနဲ႕ လက္ခံထားတဲ့ အေၾကာင္းတရားေတြလည္း ရွိတယ္။

ရွိေတာ့ က်ေနာ္တို႔က ဆက္လုပ္တာေပါ့။ ထမင္းစားၿပီး ႀကီးလာတာေလ ကိုယ့္အားေပးတဲ့ ပရိသတ္ကိုေပါ့ ဘယ္အုတ္နံရံကိုမွ ေခါင္းနဲ႕ မတိုက္ဘူး။ ေခါင္းနဲ႕တိုက္ရေအာင္လို႔ လည္း က်ေနာ္ တို႔က ကေလးကလား မဟုတ္ဘူး။

Music Videoရိုက္လာတာ ၁၀ႏွစ္ေက်ာ္ ရွိသြားၿပီ။ ေျပာခ်င္တာက ကေလး မဟုတ္ပါဘူး အားလုံးကို သိတယ္။ အားလုံးကိုလည္း က်ေနာ္ ႀကိဳျမင္တယ္။ အားလုံး ကိုလည္း နားလည္တယ္။ဒါေပမယ့္ ကြၽန္ေတာ့္အေနနဲ႕

တကယ္ သမီးေလးအေပၚမွာ ထားတဲ့ ေစတနာေကာ၊ ကိုယ္တိုင္ကလည္း ဖန္တီးခ်င္တဲ့ စိတ္တစ္ခုေၾကာင့္သာပရိသတ္ကိုခ်ျပတာ အမွားပါရင္ ပါေကာင္းမွာေပါ့။ အမွားဆိုတာ လူတိုင္းနဲ႕ မကင္းလို႔မို႔ က်ေနာ္ပရိသတ္ကို

ေက်းဇူးဆပ္ပါမယ္”လို႔ ေျပာဆို လာခဲ့ပါတယ္။ သက္မြန္ထက္ မွလည္း အရင္ထြက္ထားတဲ့ ပုံစံနဲ႕ မတူေအာင္ ႀကိဳးစားၿပီး သ႐ုပ္ေဆာင္ထား လုပ္ထားတာမို႔ အားေပးၾကဖို႔ ေတာင္းဆိုလာခဲ့တာကို ေတြ႕ရပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*