ဒါရိုက်တာ ကိုပေါက်ဟာ ပြည်သူတွေ ဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက်ကတော့ ရောက်ရာနေရာကနေတော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။ဒါအပြင် တော်လှန်ရေးကာလအတွင်း
ပြည်သူတွေသွေးမအေးသွားစေဖို့အတွက်လဲအချိန်တိုင်းနှိုးဆော် နေသူတစ်ဦးလဲ ဖြစ်ပါတယ်။ ဒါရိုက်တာ ကိုပေါက်ဟာ အနုပညာမှာ ဘက်စုံတော်လွန်းရုံတင်မက ဟင်းချက်တာလဲရမ်းကောင်းမွန်တာကိုတွေ့ရပါတယ်။
ဒါကြောင့်လဲ ရံဖန်ရံခါဆိုသလို အတူနေရဲဘော်တွေကို အရသာရှိတဲ့ဟင်းလျာတွေ ချက်ပြုတ်ကျွေးမွေးတတ်ပါတယ်။ကိုပေါက် ကတော့ နွေဦးတော်လှန်ရေးမှာ အညာသားတွေရဲ့
သမိုင်းတွင်စေတဲ့ပေးဆပ်မှု့တွေကို ပြောပြလိုက်ပါတယ်။” ရင်တွေလည်းနာလှပါပြီ။ အညာသားတွေရဲ့ ဇ နဲ့ ပေးဆပ်မှူက ကမ္ဘာကြီးကိုတုန်ဟီးစေတယ်။မြို့ကြီး ပြကြီးတွေက တချို့တချို့တွေ
ဒီတော်လှန်ရေးကို လူကြားကောင်းရုံလောက်ဟစ်ပြီး မဆိုင်သလိုနေတဲ့တချို့ တချို့တွေ ခံစားတတ်တဲ့ နှလုံးသားနာကျင်ရကောင်းမှန်းသိတဲ့ ဦးနှောက်အမှတ်သည်းခြေရှိတဲ့ဆုံးဖြတ်ချက်တွေနဲ့
ဒီတော်လှန်ရေးကို ပါဝင်လိုက်စမ်းပါ။အခုလုပ်နေတဲ့အာဏာရှင်ရဲ့လုပ်ရပ်တွေက ရှေ့ ဆက်ပြီး နိုင်ငံ ကောင်းဖို့လမ်းမမြင်တော့ဘူးဆိုတာကိုမြင်တတ်အောင်ကြည့်ပါ” လို့ ဒါရိုက်တာကိုပေါက်ဟာ
သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ဒါရိုက်တာ ကိုပေါက် ကတော့ ဘယ်အရာမဆို ခံယူချက်ကအရေးကြီးတယ်ဆိုတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply