
မြန်မာနိုင်ငံတွင် စစ်ကောင်စီက စက်သုံးဆီတင်သင်းမှုများအတွက် အမေရိကန်ဒေါ်လာကို လိုသလောက် ရောင်းမပေးတော့သဖြင့် စက်သုံးဆီတင်သွင်းမှုများ အခက်အခဲကြုံတွေ့ကာ
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
စက်သုံးဆီပြတ်လပ်ခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ပြင်ပ စက်သုံးဆီစျေးကွက်မှာလည်း ကြီးထွားလာနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းရှိ
စီးပွားရေးလုပ်ငန်းများရှိ ဒေါ်လာ ငွေကြေးများကို တစ်ဒေါ်လာလျှင် ငွေကျပ် ၁၈၅၀ ကျပ်ဖြင့် သိမ်းယူလိုက်ပြီး ဒေါ် လာသုံးစွဲမှုများကို ထိန်းချုပ်ခဲ့ကြောင်း၊ စစ်ကောင်စီ နိုင်ငံခြားငွေ သုံးစွဲမှု ကြီးကြပ်ရေးအဖွဲ့က
သွင်းကုန်အတွက် ဒေါ်လာများကို စိစစ်၍ ပြန်လည် ချပေးနေရာ ယခုအခါ စက်သုံးဆီ လုပ်ငန်းရှင်များအတွက် စက်သုံးဆီတင်သွင်းရန် ဒေါ်လာ လိုသလောက် ရောင်းမပေးတော့ကြောင်း၊
စက်သုံးဆီ တင်သွင်းသူများမှာလည်း ဒေါ်လာမရှိ၍ ဆီပြတ်လပ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။“စက်သုံးဆီ ပြတ်လပ်တယ်ဆိုတာ ဆီတင်သွင်းသူတွေမှာ ဒေါ်လာ မရှိတာ။ ရှိတဲ့ဒေါ်လာတွေကို ၁၈၅၀ နဲ့
စကစ က အကုန်သိမ်းသွားတာ။ စကစ က အခု တစ်ဒေါ်လာ ၂၁၀၀ ပြန်ရောင်းပေးမယ့် လိုသလောက် မပေးဘူး။ မပေးတော့ အပြင်က ဒေါ်လာ ဝယ်ပြီးတော့လည်း ဆီတင်သွင်းလို့မရဘူး။ မကိုက်ဘူး။
အခုက အပြင်မှာ တစ်ဒေါ်လာ ၃၀၀၀ ရောက်နေပြီ။ ဆီပြတ်တယ်ဆိုတာ ကိုယ့်မှာ ဝယ်ဖို့ ငွေမရှိတာ။ ငွေရှိရင် ငွေချေလိုက်ရင် ဆီသင်္ဘောတွေ ရောက်လာမှာပဲ။ ကျနော်တို့က ပြင်ပဒေါ်လာ ဝယ်ပြီး စက်သုံးဆီတင်သွင်းရင်
စျေးနှုန်းကို ကုန်ကျစရိတ်နဲ့ချိန်ပြီး ကြိုက်သလို ရောင်းခွင့်ပေးရင် သွင်းတာပေါ့။ အခုက စျေးနှုန်းက ကော်မတီက သတ်မှတ်တဲ့စျေးနှုန်းနဲ့ပဲ ရောင်းရတာ” ဟု စက်သုံးဆီတင်သွင်းသူတစ်ဦးက ပြောသည်။
လက်ရှိတွင် စက်သုံးဆီစျေးနှုန်းများသည် 92 တစ်လီတာလျှင် ကျပ် ၂၃၂၀ မှ ၂၈၅၅ အထိ နေရာအလိုက် စစ်တပ်၊ စက်သုံးဆီကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားပြီး ယင်းစျေးနှုန်းဖြင့်သာ
တစ်နိုင်ငံလုံး တပြေးညီ ရောင်းချရခြင်းဖြစ်သည်။ စက်သုံးဆီ ပြတ်လပ်နေသဖြင့် ဆီပြင်ပစျေးကွက်ပေါ်ထွန်းလာပြီး အဆိုပါ ပြင်ပစျေးကွက်တွင် ဓာတ်ဆီ 92 တစ်လီတာ နေရာဒေသကိုလိုက်၍
ငွေကျပ် ၅၀၀၀ မှ တစ်သောင်းကျော်အထိ စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။“ဆီသွားတိုးပြီး ဆီရောင်းမလားဆိုပြီး လာကောက်တယ်။ တစ်လီတာကို ၃၅၀၀ ပေးတယ်။ မရောင်းနိုင်ဘူး။
ဆီကောက်တဲ့သူတွေမေးကြည့်တော့ အပြင်မှာ ၄၀၀၀၊ လောက်နဲ့ ပြန်ရောင်းတယ်ပြောတယ်။ တချို့နေရာတွေလည်း တစ်ဘူး ၅၀၀၀ လောက်ရောင်းတာတွေ့တယ်” ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။
ပဲခူးဒေသခံတစ်ဦးကလည်း ပဲခူးတွင် ရေသန့်ဘူးများဖြင့် ရောင်းချသည့် ပြင်ပ ဆီဆိုင်လေးများ ပေါ်ထွန်းနေပြီး တစ်ဘူးလျှင် ငွေကျပ် ၃၅၀၀ မှ ၆၀၀၀ အကြား ရောင်းချသည်ဟု ပြောဆိုသည်။
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင်မူ ဓာတ်ဆီ 92 တစ်လီတာ ငွေကျပ် ၁၀၀၀၀ ကျော်အထိ ပြောဆိုရောင်းချမှု များရှိကြောင်း သိရှိရသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ျမန္မာနိုင္ငံတြင္ စစ္ေကာင္စီက စက္သုံးဆီတင္သင္းမႈမ်ားအတြက္ အေမရိကန္ေဒၚလာကို လိုသေလာက္ ေရာင္းမေပးေတာ့သျဖင့္ စက္သုံးဆီတင္သြင္းမႈမ်ား အခက္အခဲႀကဳံေတြ႕ကာ
စက္သုံးဆီျပတ္လပ္ျခင္းမ်ား ဆက္တိုက္ျဖစ္ေပၚေနၿပီး ျပင္ပ စက္သုံးဆီေစ်းကြက္မွာလည္း ႀကီးထြားလာေနေၾကာင္း ေစ်းကြက္အတြင္းမွ စုံစမ္းသိရွိရသည္။ အၾကမ္းဖက္စစ္ေကာင္စီက ျပည္တြင္းရွိ
စီးပြားေရးလုပ္ငန္းမ်ားရွိ ေဒၚလာ ေငြေၾကးမ်ားကို တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၁၈၅၀ က်ပ္ျဖင့္ သိမ္းယူလိုက္ၿပီး ေဒၚ လာသုံးစြဲမႈမ်ားကို ထိန္းခ်ဳပ္ခဲ့ေၾကာင္း၊ စစ္ေကာင္စီ နိုင္ငံျခားေငြ သုံးစြဲမႈ ႀကီးၾကပ္ေရးအဖြဲ႕က
သြင္းကုန္အတြက္ ေဒၚလာမ်ားကို စိစစ္၍ ျပန္လည္ ခ်ေပးေနရာ ယခုအခါ စက္သုံးဆီ လုပ္ငန္းရွင္မ်ားအတြက္ စက္သုံးဆီတင္သြင္းရန္ ေဒၚလာ လိုသေလာက္ ေရာင္းမေပးေတာ့ေၾကာင္း၊
စက္သုံးဆီ တင္သြင္းသူမ်ားမွာလည္း ေဒၚလာမရွိ၍ ဆီျပတ္လပ္မႈမ်ား ျဖစ္ေပၚလာျခင္းျဖစ္ေၾကာင္း သိရွိရသည္။“စက္သုံးဆီ ျပတ္လပ္တယ္ဆိုတာ ဆီတင္သြင္းသူေတြမွာ ေဒၚလာ မရွိတာ။ ရွိတဲ့ေဒၚလာေတြကို ၁၈၅၀ နဲ႕
စကစ က အကုန္သိမ္းသြားတာ။ စကစ က အခု တစ္ေဒၚလာ ၂၁၀၀ ျပန္ေရာင္းေပးမယ့္ လိုသေလာက္ မေပးဘူး။ မေပးေတာ့ အျပင္က ေဒၚလာ ဝယ္ၿပီးေတာ့လည္း ဆီတင္သြင္းလို႔မရဘူး။ မကိုက္ဘူး။
အခုက အျပင္မွာ တစ္ေဒၚလာ ၃၀၀၀ ေရာက္ေနၿပီ။ ဆီျပတ္တယ္ဆိုတာ ကိုယ့္မွာ ဝယ္ဖို႔ ေငြမရွိတာ။ ေငြရွိရင္ ေငြေခ်လိဳက္ရင္ ဆီသေဘၤာေတြ ေရာက္လာမွာပဲ။ က်ေနာ္တို႔က ျပင္ပေဒၚလာ ဝယ္ၿပီး စက္သုံးဆီတင္သြင္းရင္
ေစ်းႏႈန္းကို ကုန္က်စရိတ္နဲ႕ခ်ိန္ၿပီး ႀကိဳက္သလို ေရာင္းခြင့္ေပးရင္ သြင္းတာေပါ့။ အခုက ေစ်းႏႈန္းက ေကာ္မတီက သတ္မွတ္တဲ့ေစ်းႏႈန္းနဲ႕ပဲ ေရာင္းရတာ” ဟု စက္သုံးဆီတင္သြင္းသူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ စက္သုံးဆီေစ်းႏႈန္းမ်ားသည္ 92 တစ္လီတာလွ်င္ က်ပ္ ၂၃၂၀ မွ ၂၈၅၅ အထိ ေနရာအလိုက္ စစ္တပ္၊ စက္သုံးဆီႀကီးၾကပ္ေရးေကာ္မတီက သတ္မွတ္ထားၿပီး ယင္းေစ်းႏႈန္းျဖင့္သာ
တစ္နိုင္ငံလုံး တေျပးညီ ေရာင္းခ်ရျခင္းျဖစ္သည္။ စက္သုံးဆီ ျပတ္လပ္ေနသျဖင့္ ဆီျပင္ပေစ်းကြက္ေပၚထြန္းလာၿပီး အဆိုပါ ျပင္ပေစ်းကြက္တြင္ ဓာတ္ဆီ 92 တစ္လီတာ ေနရာေဒသကိုလိုက္၍
ေငြက်ပ္ ၅၀၀၀ မွ တစ္ေသာင္းေက်ာ္အထိ ေစ်းေပါက္လ်က္ရွိေၾကာင္း သိရွိရသည္။“ဆီသြားတိုးၿပီး ဆီေရာင္းမလားဆိုၿပီး လာေကာက္တယ္။ တစ္လီတာကို ၃၅၀၀ ေပးတယ္။ မေရာင္းနိုင္ဘူး။
ဆီေကာက္တဲ့သူေတြေမးၾကည့္ေတာ့ အျပင္မွာ ၄၀၀၀၊ ေလာက္နဲ႕ ျပန္ေရာင္းတယ္ေျပာတယ္။ တခ်ိဳ႕ေနရာေတြလည္း တစ္ဘူး ၅၀၀၀ ေလာက္ေရာင္းတာေတြ႕တယ္” ဟု စစ္ကိုင္းေဒသခံတစ္ဦးက ေျပာသည္။
ပဲခူးေဒသခံတစ္ဦးကလည္း ပဲခူးတြင္ ေရသန႔္ဘူးမ်ားျဖင့္ ေရာင္းခ်သည့္ ျပင္ပ ဆီဆိုင္ေလးမ်ား ေပၚထြန္းေနၿပီး တစ္ဘူးလွ်င္ ေငြက်ပ္ ၃၅၀၀ မွ ၆၀၀၀ အၾကား ေရာင္းခ်သည္ဟု ေျပာဆိုသည္။
ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္တို႔တြင္မူ ဓာတ္ဆီ 92 တစ္လီတာ ေငြက်ပ္ ၁၀၀၀၀ ေက်ာ္အထိ ေျပာဆိုေရာင္းခ်မႈ မ်ားရွိေၾကာင္း သိရွိရသည္။ ခရက္ဒစ္
Leave a Reply