ရသမျှ ပိုက်ဆံတွေကို သုံးဖြုန်းပစ်သူလို့ သားဖြစ်သူ ပိုင်တံခွန်အပေါ် တချိန်က အထင်မှားခဲ့ဖူးကြောင်း စိတ်မကောင်းစွာ ဖွင့်ဟလာတဲ့ ပိုင်တံခွန်မိခင်

မင်္ဂလာပါ ပရိသတ်ကြီးရေ မော်ဒယ်လ်သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်ကတော့ ပရိသတ်အားလုံး မသိသူ မရှိတဲ့ နိုင်ငံကျော် မင်းသားတစ်လက်ပါပဲနော်။ ယခုကာလ တိုင်းပြည်အရေးအခင်း အချိန်မှာတော့

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

ချီးကျူးမှုတွေကို ခံရခဲ့သလို ဝေဖန်မှုတချို့ကိုလည်း ကြုံတွေ့နေရတဲ့ ပိုင်တံခွန်ဟာ တိလေးတွေကို ချစ်တတ်သူ တစ်ယောက်ဖြစ်သလို စိတ်ထားနူးညံ့ သိမ့်မွေ့သူ တစ်ဦးအဖြစ် လူသိများပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်ဟာ ယခုအချိန်မှာ အာရှနိုင်ငံများထိပါ ပေါက်ရောက် အောင်မြင်နေတာလည်း ဖြစ်ပြီး အထူးသဖြင့် ထိုင်းပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးမှုကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

သရုပ်ဆောင် ပိုင်တံခွန်ဟာ အောင်မြင်လာကာစ အချိန်မှာပဲ သိတတ်လိမ္မာစွာနဲ့ မိဘနှစ်ပါးအတွက် ခမ်းနားလှပတဲ့ တိုက်ကြီးတစ်လုံးကို သူ့စိတ်တိုင်းကျ ဆောက်လုပ်ကာ ပရိဘောဂ အပြည့်အစုံနဲ့ လိုလေသေးမရှိ

ဖြည့်စည်းပြီးစီးမှ မိဘနှစ်ပါးကို Surpriseလုပ်ကာ ကျေးဇူးဆပ်ကန်တော့ ခဲ့တဲ့ ဗီဒီယိုလေးဟာလည်း လူသိများခဲ့ပါတယ်။ လက်ရှိအချိန်မှာ အောင်မြင်မှုတွေနဲ့ ပြည့်ပြည့်စုံစုံနဲ့ တင့်တင့်တယ်တယ် နေနေရပေမယ့်

ပိုင်တံခွန်တို့ မိသားစုဟာ တချိန်က မပြည့်စုံတဲ့ အခြေအနေမှာ ရှိခဲ့ဖူးပါတယ်။ရန်ကုန်ကိုပြောင်းလာပြီးနောက် စီးပွားရေး ပျက်ကာ အိမ်ငှားဘဝနဲ့ ဒုက္ခတွေ ရောက်ခဲ့တာတွေလည်း ကြုံခဲ့ရတယ်လို့

ပိုင်တံခွန်ရဲ့ မိဘတွေက ပြောလာခဲ့ပါတယ်။ ထိုကဲ့သို့ အိမ်ငှားဘဝ စီးပွားရေး မကောင်းချိန်မှာ သားဖြစ်သူပိုင်တံခွန်က စတင်အောင်မြင် လာခဲ့သော်လည်း ရရှိတဲ့အနုပညာကြေးတွေကိုတော့ သူတို့ မသိရှိရသဖြင့်

သုံးဖြုန်းပစ်နေနေတယ်လို့ အထင်မှား အမြင်မှား ဖြစ်ခဲ့မိကြောင်းလည်း စိတ်မကောင်းစွာ ဖွင့်ဟလို့ ပြောပြလာခဲ့ပါတယ်။ ပိုင်တံခွန်ရဲ့မိခင် ဒေါ်ခင်ကြူမှ “ရန်ကုန်ကိုရောက်တော့ စီးပွားရေး အခက်အခဲ ဖြစ်သွားတဲ့အချိန်မှာ

အန်တီတို့ အိမ်ငှားနေ ခဲ့ရတယ်။ သားလေးက မိသားစုအတွက် အိမ်ဝယ် ပေးတဲ့အချိန်မှာ ပြောမပြ တတ်အောင် ခံစားရတယ်။အမေ့ကို အိမ်ပေးချင်လို့ နှစ်လလောက် အချိန်ယူပြီး လိုတာတွေ ဝယ်ဖြည့်ပြီးသူ ကြိုးစား ခဲ့တယ်၊

အစကတော့ သားလေးက သူရတဲ့ အနုပညာကြေးတွေကို သုံးဖြုန်းနေတယ်လို့ ကိုယ်က အထင်မှား ခဲ့တာပေါ့” ဆိုပြီး တချိန်က သားဖြစ်သူရဲ့သိတတ် လိမ္မာမှုကို အကျိုးအကြောင်း နောက်နှ သိရသဖြင့်

အထင်အမြင် လွဲမှားဖူးခဲ့တဲ့အကြောင်း ပွင့်လင်းရိုးသားစွာ ဖွင့်ဟ ပြောလာတာ ဖြစ်ပါတယ်နော်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

မဂၤလာပါ ပရိသတ္ႀကီးေရ ေမာ္ဒယ္လ္သ႐ုပ္ေဆာင္ မင္းသားေခ်ာ ပိုင္တံခြန္ကေတာ့ ပရိသတ္အားလုံး မသိသူ မရွိတဲ့ နိုင္ငံေက်ာ္ မင္းသားတစ္လက္ပါပဲေနာ္။ ယခုကာလ တိုင္းျပည္အေရးအခင္း အခ်ိန္မွာေတာ့

ခ်ီးက်ဴးမႈေတြကို ခံရခဲ့သလို ေဝဖန္မႈတခ်ိဳ႕ကိုလည္း ႀကဳံေတြ႕ေနရတဲ့ ပိုင္တံခြန္ဟာ တိေလးေတြကို ခ်စ္တတ္သူ တစ္ေယာက္ျဖစ္သလို စိတ္ထားႏူးညံ့ သိမ့္ေမြ႕သူ တစ္ဦးအျဖစ္ လူသိမ်ားပါတယ္။

သ႐ုပ္ေဆာင္ပိုင္တံခြန္ဟာ ယခုအခ်ိန္မွာ အာရွနိုင္ငံမ်ားထိပါ ေပါက္ေရာက္ ေအာင္ျမင္ေနတာလည္း ျဖစ္ၿပီး အထူးသျဖင့္ ထိုင္းပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္ အားေပးမႈကိုလည္း ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ ပိုင္တံခြန္ဟာ ေအာင္ျမင္လာကာစ အခ်ိန္မွာပဲ သိတတ္လိမၼာစြာနဲ႕ မိဘႏွစ္ပါးအတြက္ ခမ္းနားလွပတဲ့ တိုက္ႀကီးတစ္လုံးကို သူ႕စိတ္တိုင္းက် ေဆာက္လုပ္ကာ ပရိေဘာဂ အျပည့္အစုံနဲ႕ လိုေလေသးမရွိ

ျဖည့္စည္းၿပီးစီးမွ မိဘႏွစ္ပါးကို Surpriseလုပ္ကာ ေက်းဇူးဆပ္ကန္ေတာ့ ခဲ့တဲ့ ဗီဒီယိုေလးဟာလည္း လူသိမ်ားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ေအာင္ျမင္မႈေတြနဲ႕ ျပည့္ျပည့္စုံစုံနဲ႕ တင့္တင့္တယ္တယ္ ေနေနရေပမယ့္

ပိုင္တံခြန္တို႔ မိသားစုဟာ တခ်ိန္က မျပည့္စုံတဲ့ အေျခအေနမွာ ရွိခဲ့ဖူးပါတယ္။ရန္ကုန္ကိုေျပာင္းလာၿပီးေနာက္ စီးပြားေရး ပ်က္ကာ အိမ္ငွားဘဝနဲ႕ ဒုကၡေတြ ေရာက္ခဲ့တာေတြလည္း ႀကဳံခဲ့ရတယ္လို႔

ပိုင္တံခြန္ရဲ႕ မိဘေတြက ေျပာလာခဲ့ပါတယ္။ ထိုကဲ့သို႔ အိမ္ငွားဘဝ စီးပြားေရး မေကာင္းခ်ိန္မွာ သားျဖစ္သူပိုင္တံခြန္က စတင္ေအာင္ျမင္ လာခဲ့ေသာ္လည္း ရရွိတဲ့အႏုပညာေၾကးေတြကိုေတာ့ သူတို႔ မသိရွိရသျဖင့္

သုံးျဖဳန္းပစ္ေနေနတယ္လို႔ အထင္မွား အျမင္မွား ျဖစ္ခဲ့မိေၾကာင္းလည္း စိတ္မေကာင္းစြာ ဖြင့္ဟလို႔ ေျပာျပလာခဲ့ပါတယ္။ ပိုင္တံခြန္ရဲ႕မိခင္ ေဒၚခင္ၾကဴမွ “ရန္ကုန္ကိုေရာက္ေတာ့ စီးပြားေရး အခက္အခဲ ျဖစ္သြားတဲ့အခ်ိန္မွာ

အန္တီတို႔ အိမ္ငွားေန ခဲ့ရတယ္။ သားေလးက မိသားစုအတြက္ အိမ္ဝယ္ ေပးတဲ့အခ်ိန္မွာ ေျပာမျပ တတ္ေအာင္ ခံစားရတယ္။အေမ့ကို အိမ္ေပးခ်င္လို႔ ႏွစ္လေလာက္ အခ်ိန္ယူၿပီး လိုတာေတြ ဝယ္ျဖည့္ၿပီးသူ ႀကိဳးစား ခဲ့တယ္၊

အစကေတာ့ သားေလးက သူရတဲ့ အႏုပညာေၾကးေတြကို သုံးျဖဳန္းေနတယ္လို႔ ကိုယ္က အထင္မွား ခဲ့တာေပါ့” ဆိုၿပီး တခ်ိန္က သားျဖစ္သူရဲ႕သိတတ္ လိမၼာမႈကို အက်ိဳးအေၾကာင္း ေနာက္ႏွ သိရသျဖင့္

အထင္အျမင္ လြဲမွားဖူးခဲ့တဲ့အေၾကာင္း ပြင့္လင္းရိုးသားစြာ ဖြင့္ဟ ေျပာလာတာ ျဖစ္ပါတယ္ေနာ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*