တစ်ချိန်က “The World of the Married”, “Nevertheless” တို့လို K-Drama တွေနဲ့ ရေပန်းစားလာတဲ့ မင်းသမီးချော Han So Hee ဟာ “My Name” ထွက်ရှိအပြီးမှာလည်း
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပရိသတ်တွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း မင်းသမီးချောဟာ “Gyeongseong Grinch” ဆိုတဲ့ drama လေးကို မင်းသား Park Seon Joon နဲ့ အတူ
တွဲဖက်ရိုက်ကူးနေပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှာတော့ Han So Hee ဟာ ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးရင်း မျက်လုံးဒဏ်ရာရ ထိခိုက်သွားခဲ့တာကြောင့်
ပရိသတ်တွေကို စိတ်ပူစေခဲ့ပါတယ်။ ဒါပေမယ့် ရက်အနည်းငယ်ကြာ ကုသမှုခံယူပြီးနောက်မှာတော့ မင်းသမီးလေးဟာ “Gyeongseong Grinch” မှာ ပြန်လည်ပါဝင်သရုပ်ဆောင်ဖို့ ပြင်ဆင်နေရပေမယ့်
သူမရဲ့ဒဏ်ရာတွေက မသက်သာသေးဘူးလို့ သိရပါတယ်။ အဲ့လိုနဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာတော့ Han So Hee ဟာ သူမရဲ့ IG အကောင့်မှာ ထူးဆန်းတဲ့ ရုပ်ပုံတွေတင်ပြီးနောက်
ပရိသတ်တွေကို စိတ်ပူစေခဲ့ပါတော့တယ်။ သူမတင်ထားတဲ့ ပုံတွေအားလုံးဟာ စိတ်ကူးယဉ်ရခက်တဲ့ အဓိပ္ပါယ်နက်နဲတဲ့ ထူးဆန်းတဲ့ ပုံတွေဖြစ်ပြီး ရှင်းပြဖို့ စာတန်းမပြဘဲ
တင်ထားခဲ့ပါတယ်။ ဒီပန်းချီကားတွေမှာ ရှုပ်ထွေးမှုတွေ၊ စိတ္တဇဆန်မှုတွေ၊ ဒဏ်ရာ၊ အနာတရ၊ ထိခိုက်မှုတွေနဲ့အတူ လူနဲ့တိရစ္ဆာန်တွေ ပုံဖော်ထားမှုတွေနဲ့ ပြည့်နှက်နေပြီး
မင်းသမီးက သူမရဲ့ခံစားချက်တွေကို ဖော်ပြဖို့ ကြိုးစားနေတယ်လို့ ပြောနိုင်ပါတယ်။ အခုလို Han So Hee ရဲ့ ပို့စ်တွေကြောင့် netizens တွေကို အာရုံစိုက်မိစေခဲ့သလို ပရိသတ်တွေကလည်း သူမရဲ့
စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိလာခဲ့ပါတယ်။ အားလုံးကလည်း မင်းသမီးကို စိတ်ပူနေကြပြီး တချို့ကတော့ အားပေးစကား ပြောသွားခဲ့ကြပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply