
ဧရာဝတီတိုင်းမှာ စက်သုံးဆီရောင်းချတဲ့ဆိုင်တွေကို ဆီဆိုင်မပိတ်ဖို့၊ဈေးတင်မရောင်းဖို့နဲ့ အကန့်အသတ်နဲ့ မရောင်းဖို့ဆိုပြီး ပူးပေါင်းအဖွဲ့တွေက
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
ဒီကနေ့ သြဂုတ် ၁၅ ရက်ကစတင်ပြီး လိုက်လံစစ်ဆေးသတိပေးတာတွေလုပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဧရာဝတီတိုင်းထဲက ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတ ၊ဖျာပုံ၊ ဝါးခယ်မ၊
သာပေါင်း ၊ မြောင်းမြ ၊ ကျုံပျော် ၊ မအူပင် စတဲ့ မြို့နယ်တွေမှာ စက်သုံးဆီတွေရောင်းချတာ မရပ်ဖို့ ၊ အကန့်အသတ်နဲ့ မရောင်းဖို့ ၊ ဈေးတင်မရောင်းဖို့ ၊ ဆီပြတ်တာမဖြစ်စေဖို့ အဲ့ဒီစစ်ဆေးတဲ့အချက်တွေကို
ဖောက်ဖျက်တာတွေ့ရင် အပြစ်ပေးအရေးယူမယ်ဆိုပြီး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ကသတိပေးနေတာလို့သိရပါတယ်။ ”ရု တ်တရက် တစ်ခါမှ ရဲတွေစစ်သားတွေ လာမစစ်ဆေးဘူးတော့ လန့်သွားတာ၊
ဆီဈေးမကစားဖို့ ၊ မရောင်းဘဲမနေဖို့ ၊ အကန့်အသတ်နဲ့ မရောင်းဖို့ ၊ အဓိက လက်ရှိဖြစ်နေတဲ့ ဆီပြတ်လပ်နေတယ် ဆိုင်တွေပိတ်ရတယ်ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အရေးယူဖို့စစ်ဆေးတာလို့ပြောတယ်၊
စက်သုံးဆီ ရောင်းချတဲ့ဆိုင်တွေကိုပဲ သီးသန့်စစ်ဆေးတာပါ ၊ စက်သုံးဆီတွေမရောင်းတာ၊ ဈေးတက်ရောင်းတာ၊ အကန့်အသတ်နဲ့ရောင်းတာ ဆိုင်ပိတ်ထားတာတွေလုပ်ရင်
ဖမ်းဆီးအရေးယူအပြစ်ပေးမယ်လို့ပြောသွားတာ။”လို့ ဝါးခယ်မမြို့ရှိ စက်သုံးဆီရောင်းဝယ််ရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။ စက်သုံးဆီရောင်းချတဲ့ဆိုင်တွေကို လိုက်ပြီး စစ်ဆေးသတိပေးတာဟာ
စက်သုံးဆီတွေကို မရောင်းဘဲ သိုလှောင်ထားတာနဲ့ ဈေးတင်ရောင်းတာ၊ ဆိုင်ပိတ်ထားတာ၊စက်သုံးဆီတွေဆီပြတ်လပ်နေတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းတွေဖြန့်နေတာနဲ့ပတ်သက်လို့
စစ်ဆေးအရေးယူဖို့သတိပေး စစ်ဆေးနေတာဖြစ်တယ်လို့ သက်ဆိုင်ရာကနေသိရပါတယ်။ ”သက်သက်ဈေးကစားချင်လို့ နိုင်ငံဆူပူအောင် လုပ်ချင်လို့ ဆီတွေပြတ်လပ်နေတယ်လို့ လုပ်ဖို့ရည်ရွယ် ချက်ရှိရှိလုပ်လာလို့
သတိပေးစစ်ဆေးတာပါ၊စစ်ဆေးအသိပေးပြီးတဲ့နောက် ဖြစ်စဉ်တွေထပ်ရှိလာရင် အရေးယူ အပြစ်ပေးတာတွေလုပ်သွားမှာပါ၊ ဆီတွေတကယ်ပြတ်လပ်နေတာရှိရင်လည်း မိမိတို့ဒေသမှာ ရောင်းချနိုင်ဖို့
လိုအပ်သလို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်း ဆောင်ရွက်ဖို့ အသိပေးလို့တယ်။”လို့ စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။စစ်ဆေးသတိပေးတဲ့အဖွဲ့မှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊
မြို့နယ်ရဲတပ်ဖွဲ့၊စည်ပင်သာယာရေးအဖွဲ့၊မီးသတ်တပ်ဖွဲ့၊ စစ်တပ်၊လူဝင်မှုကြီးကြပ်ရေးဌာန၊စားသုံးသူရေးရာဌာန၊ သစ်တောဦးစီးဌာနနဲ့မြို့နယ်အဆင့်တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက
စစ်ဆေးသတိပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာ စက်သုံးဆီ ဒီဇယ်နဲ့ဓာတ်ဆီတွေ ပြတ်လပ်မှုကြောင့် ဆီဆိုင် ၄၇ ဆိုင်အရောင်းရပ်ဆိုင်းထားလိုက်ရပြီဖြစ်တယ်လို့သိရပြီး သြဂုတ် ၇ ရက်ကနေ ဒီကနေ့ ၁၅ ရက်အထိ
ဓာတ်ဆီ 92တလီတာ ၂၉၀၀ ကျပ်၊ဓာတ်ဆီ 95 တလီတာ ၃၀၅၀ ကျပ်၊ ဒီဇယ်တဂါလံ ၂၆၅၅၅ ကျပ်ဈေးပေါက်နေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ဧရာဝတီတိုင္းမွာ စက္သုံးဆီေရာင္းခ်တဲ့ဆိုင္ေတြကို ဆီဆိုင္မပိတ္ဖို႔၊ေဈးတင္မေရာင္းဖို႔နဲ႕ အကန႔္အသတ္နဲ႕ မေရာင္းဖို႔ဆိုၿပီး ပူးေပါင္းအဖြဲ႕ေတြက
ဒီကေန႕ ၾသဂုတ္ ၁၅ ရက္ကစတင္ၿပီး လိုက္လံစစ္ေဆးသတိေပးတာေတြလုပ္ေနတယ္လို႔ေဒသခံေတြဆီကသိရပါတယ္။ ဧရာဝတီတိုင္းထဲက ေက်ာင္းကုန္း၊ ပုသိမ္၊ ဟသၤာတ ၊ဖ်ာပုံ၊ ဝါးခယ္မ၊
သာေပါင္း ၊ ေျမာင္းျမ ၊ က်ဳံေပ်ာ္ ၊ မအူပင္ စတဲ့ ၿမိဳ႕နယ္ေတြမွာ စက္သုံးဆီေတြေရာင္းခ်တာ မရပ္ဖို႔ ၊ အကန႔္အသတ္နဲ႕ မေရာင္းဖို႔ ၊ ေဈးတင္မေရာင္းဖို႔ ၊ ဆီျပတ္တာမျဖစ္ေစဖို႔ အဲ့ဒီစစ္ေဆးတဲ့အခ်က္ေတြကို
ေဖာက္ဖ်က္တာေတြ႕ရင္ အျပစ္ေပးအေရးယူမယ္ဆိုၿပီး ပူးေပါင္းစစ္ေဆးေရးအဖြဲ႕ကသတိေပးေနတာလို႔သိရပါတယ္။ ”႐ု တ္တရက္ တစ္ခါမွ ရဲေတြစစ္သားေတြ လာမစစ္ေဆးဘူးေတာ့ လန႔္သြားတာ၊
ဆီေဈးမကစားဖို႔ ၊ မေရာင္းဘဲမေနဖို႔ ၊ အကန႔္အသတ္နဲ႕ မေရာင္းဖို႔ ၊ အဓိက လက္ရွိျဖစ္ေနတဲ့ ဆီျပတ္လပ္ေနတယ္ ဆိုင္ေတြပိတ္ရတယ္ဆိုတဲ့ကိစၥေတြနဲ႕ပတ္သက္ၿပီးေတာ့ အေရးယူဖို႔စစ္ေဆးတာလို႔ေျပာတယ္၊
စက္သုံးဆီ ေရာင္းခ်တဲ့ဆိုင္ေတြကိုပဲ သီးသန႔္စစ္ေဆးတာပါ ၊ စက္သုံးဆီေတြမေရာင္းတာ၊ ေဈးတက္ေရာင္းတာ၊ အကန႔္အသတ္နဲ႕ေရာင္းတာ ဆိုင္ပိတ္ထားတာေတြလုပ္ရင္
ဖမ္းဆီးအေရးယူအျပစ္ေပးမယ္လို႔ေျပာသြားတာ။”လို႔ ဝါးခယ္မၿမိဳ႕ရွိ စက္သုံးဆီေရာင္းဝယ္္ေရးလုပ္ငန္းရွင္တဦးကေျပာပါတယ္။ စက္သုံးဆီေရာင္းခ်တဲ့ဆိုင္ေတြကို လိုက္ၿပီး စစ္ေဆးသတိေပးတာဟာ
စက္သုံးဆီေတြကို မေရာင္းဘဲ သိုေလွာင္ထားတာနဲ႕ ေဈးတင္ေရာင္းတာ၊ ဆိုင္ပိတ္ထားတာ၊စက္သုံးဆီေတြဆီျပတ္လပ္ေနတယ္ဆိုၿပီး လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ သတင္းေတြျဖန႔္ေနတာနဲ႕ပတ္သက္လို႔
စစ္ေဆးအေရးယူဖို႔သတိေပး စစ္ေဆးေနတာျဖစ္တယ္လို႔ သက္ဆိုင္ရာကေနသိရပါတယ္။ ”သက္သက္ေဈးကစားခ်င္လို႔ နိုင္ငံဆူပူေအာင္ လုပ္ခ်င္လို႔ ဆီေတြျပတ္လပ္ေနတယ္လို႔ လုပ္ဖို႔ရည္႐ြယ္ ခ်က္ရွိရွိလုပ္လာလို႔
သတိေပးစစ္ေဆးတာပါ၊စစ္ေဆးအသိေပးၿပီးတဲ့ေနာက္ ျဖစ္စဥ္ေတြထပ္ရွိလာရင္ အေရးယူ အျပစ္ေပးတာေတြလုပ္သြားမွာပါ၊ ဆီေတြတကယ္ျပတ္လပ္ေနတာရွိရင္လည္း မိမိတို႔ေဒသမွာ ေရာင္းခ်နိဳင္ဖို႔
လိုအပ္သလို သက္ဆိုင္ရာအဖြဲ႕အစည္းေတြနဲ႕ပူးေပါင္း ေဆာင္႐ြက္ဖို႔ အသိေပးလို႔တယ္။”လို႔ စစ္ေဆးေရးအဖြဲ႕ တာဝန္ရွိသူတဦးကေျပာပါတယ္။စစ္ေဆးသတိေပးတဲ့အဖြဲ႕မွာၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕၊
ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊စည္ပင္သာယာေရးအဖြဲ႕၊မီးသတ္တပ္ဖြဲ႕၊ စစ္တပ္၊လူဝင္မႈႀကီးၾကပ္ေရးဌာန၊စားသုံးသူေရးရာဌာန၊ သစ္ေတာဦးစီးဌာနနဲ႕ၿမိဳ႕နယ္အဆင့္တာဝန္ရွိတဲ့ အဖြဲ႕အစည္းေတြက
စစ္ေဆးသတိေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဧရာဝတီတိုင္းမွာ စက္သုံးဆီ ဒီဇယ္နဲ႕ဓာတ္ဆီေတြ ျပတ္လပ္မႈေၾကာင့္ ဆီဆိုင္ ၄၇ ဆိုင္အေရာင္းရပ္ဆိုင္းထားလိုက္ရၿပီျဖစ္တယ္လို႔သိရၿပီး ၾသဂုတ္ ၇ ရက္ကေန ဒီကေန႕ ၁၅ ရက္အထိ
ဓာတ္ဆီ 92တလီတာ ၂၉၀၀ က်ပ္၊ဓာတ္ဆီ 95 တလီတာ ၃၀၅၀ က်ပ္၊ ဒီဇယ္တဂါလံ ၂၆၅၅၅ က်ပ္ေဈးေပါက္ေနတယ္လို႔ စက္သုံးဆီေရာင္းဝယ္ေရးလုပ္ငန္းရွင္ေတြဆီကေန သိရပါတယ္။ ခရက္ဒစ္
Leave a Reply