စပါးခွံမှလျှပ်စစ်ထုတ်လုပ်ပြီး ဖွဲနု မှ စားသုံးဆီ ထုတ်လုပ်တော့ မည့် အကြမ်းဖက် စစ်ကောင်စီ
ဆန်စပါးကြိတ်ခွဲမှု၏ စွန့်ပစ်စပါးခွံမှလျှပ်စစ်ထုတ်ရန်နှင့် ဖွဲနုမှစားသုံးဆီထုတ်လုပ်ရန် စိတ်ပါဝင်စားသူများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။လျှပ်စစ်ဓါတ်အားအလှည့်ကျရရှိမှုကြောင့် ဆန် စက်များပုံမှန်လည်ပတ်ရန်အခက်အခဲရှိနေခြင်းအား
ရေရှည်၌အဆင်ပြေစေရန်၊ စွန့်ပစ်စပါးခွံမှ လျှပ်စစ်ဓါတ်အားထုတ်လုပ်၍ မဟာဓါတ်အားလိုင်းကွန်ယက်နှင့်ချိတ်ဆက်ကာ ပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင်
ထုတ်လုပ်ရောင်းချနိုင်ရေးတို့အတွက် ဖိတ်ခေါ်ခြင်းဖြစ်သည်။ စပါးခွံဖြင့် လျှပ်စစ်ဓါတ်အားကို Boiler Turbine Generation စနစ်ဖြင့် ထုတ်လုပ်သွားမည်ဖြစ်ပြီး
စိတ်ပါဝင်စားသည့် ဆန်စက်ပိုင်ရှင်များအနေဖြင့် နည်းပညာနှင့်ချေးငွေများထုတ်ချေးသွားမည်ဖြစ်ပြီး မတ်လ(၃၁)နောက်ဆုံးထား စရင်းပေးသွားကြရန်တိုက်တွန်းထားသည်။အလားတူ ဆန်ကြိတ်ခွဲရာမှ
ဘေးထွက်ပစ္စည်းဖြစ်တဲ့ ဖွဲ့နုတွေကို ဖွဲနုဆီအဖြစ် ထုတ်လုပ်မည်ဖြစ်ပါသဖြင့် စိတ်ဝင်စားသည် ဆန်စက်ပိုင်ရှင်များအနေဖြင့် မတ်လ၃၁ရက်နေ့နောက်ဆုံးထားစာရင်းပေးသွင်းကြရန်ဖိတ်ခေါ်ထားသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*