အဆိုတော်အောင်ရင်ရဲ့ သားဖြစ်တဲ့ မိုးအောင်ရင်ကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ သူ့ရဲ့လူမှုရေးပြဿနာကြောင့် နှစ်အတော်ကြာ ပရိသတ်တွေနဲ့
အဆက်အသွယ်ပြတ်တောက်ခဲ့တာပဲဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာလည်း မိုးအောင်ရင်ဟာ မတရားတာကို သိသိကြီးနဲ့ ပြည်သူတွေနဲ့ သဘောထားဆန့်ကျင်စွာ
ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၁၃) ရက်နေ့ကတော့ မိုးအောင်ရင်ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ မိုးအောင်ရင်က သူ့ရဲ့မွေးနေ့မှာ သူကိုယ်တိုင် DJ တီးပြီး
မွေးနေ့လာတဲ့သူတွေကို ဖျော်ဖြေပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မိုးအောင်ရင်ရဲ့မွေးနေ့ပွဲက ဗီဒီယိုတွေကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။
မိုးအောင်ရင်ရဲ့မွေးနေ့ပွဲကို အဆိုတော် L ဆိုင်းဇီ၊ အစ္စဏီနဲ့ J Me တို့ကလည်း ပါဝင်ဖျော်ဖြေတင်ဆက်ပေးခဲ့ပါတယ်။ အချို့သော အနုပညာရှင်တွေက ပြည်သူတွေကို ငဲ့ညှာသောအားဖြင့်
အနုပညာအလုပ်တွေရပ်နားထားချိန်မှာ မိုးအောင်ရင်ကတော့ မွေးနေ့ပွဲကိုကြီးကျယ်ခမ်းနားစွာနဲ့ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply