သရုပ်ဆောင် မေနွယ်ထွန်းကတော့ မန္တလေးမြို့က နာမည်ကြီးဆယ်လီဘရစ်တီတစ်ယောက်ဖြစ်သလို ဇာတ်လမ်းတွဲနဲ့ ကြော်ငြာတွေကို ရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
မေနွယ်ထွန်းဟာ Single Mom ကလေးအမေအဖြစ် လူသိရှင်ကြားကြေငြာထားတာဖြစ်ပြီး ဒီကနေ့မှာတော့ သူမရဲ့ရင်သားကိုဝေဖန်ပြီး Body Shaming လုပ်ခံရကြောင်း အခုလိုပဲပြောလာပါတယ်။ မေနွယ်ထွန်းက “ကျမသည်
ကလေးတယောက်မွေးထားတဲ့ မိခင်ပါ။ ကို့ကလေးကို နို့တိုက်လို့ အပျိုတွေလို မဟုတ်တော့ပဲ ရင်သားတွဲကျနေတာကို ရှက်စရာလို့ မထင်ပါဘူးရှင့်။ သူများ အိမ်ထောင်သွား ဖျက်စီးနေတာလဲမဟုတ်
မကောင်းတာလုပ်စားနေတာလဲမဟူတ် လေ ရှင်တိုဲ့ကြည့်နေကျ ဟိုကားတွေထဲက မိန်းမတွေလိုတော့ လုံးတက်မနေသလို စီလီကွန်ထည့်ထားတာလဲ မဟုတ်ပါ။ သာမာန်အားဖြင့် အမျိုးသမီးတွေဟာ
ရင်သားကြီးလွန်းရင်လဲတွဲတက်ပါတယ်။ ဒါကြီးကို အပစ်တခုလို ပြောနေကြတာ နားမလည်န်ုင်လို့ပါ။ ကျမ ရင်သားကြီးချင်း သေးချင်း တွဲချင်း မတွဲချင်းသည် ကျမချစ်ရတဲ့ သူနဲ့သာ သက်ဆိုင်ပါသည်။
သင်တို့နဲ့ ယူမှာ မဟုတ်တဲ့အတွက်ကော သင်တို့ ကို င်ရမှာ မဟုတ်တဲ့အတွက်ရော သင်တို့နဲ့ မသက်ဆိုင်ပါ။ ကျမလူအဆင်ပြေဖို့ပဲ လိုပါတယ်ရှင့်။ အမျိုးသမီးတိုင်း အကဲ့ရဲ့ ခံရချင်း
Body Shaming လုပ်ခံရချင်းမှ ကင်းဝေးကြပါစေ” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။ မေနွယ်ထွန်းကတော့ သူမရဲ့ဖြစ်တည်မှုကို အပြစ်တစ်ခုလို လိုက်လံဝေဖန်ပြီးပြောဆိုနေကြတာကို နားမလည်နိုင်ဘူးလို့
ပြောလာတာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မေနွယ်ထွန်းကိုချစ်တဲ့သူတွေကတော့ သူမရဲ့ ဖြစ်တည်မှုအားလုံးကို လက်ခံချစ်ခင်ပြီးသားပါပဲနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply