
နိုင်ငံကျော်ထိပ်တန်းမင်းသမီးနှစ်ယောက်ဖြစ်တဲ့ အကယ်ဒမီဖွေးဖွေးနဲ့ အကယ်ဒမီဝတ်မှုံရွှေရည်တို့ဟာ သွေးသားနီးစပ်တော်တဲ့ ညီအစ်မတစ်ဝမ်းကွဲတွေပဲဖြစ်ပါတယ်။
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
တစ်ရက်ကြီး တစ်ရက်ငယ်ညီအစ်မတွေဖြစ်တဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ဟာ အနုပညာအလုပ်တွေအတူတူလုပ်ကိုင်တာ ရှားပါးတယ်ဆိုပေမယ့် အပြင်မှာတော့ မိသားစုတွေပီပီ
တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရှိကြတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လ (၉) ရက်နေ့နဲ့ (၁၀) ရက်နေ့ကတော့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့မွေးနေ့လေးဖြစ်ပြီး
ဖွေးဖွေးကတော့ မွေးနေ့မှာ အထွေအထူးမလုပ်ဖြစ်ခဲ့ပေမယ့် ဝတ်မှုံရွှေရည်ကတော့ သူမရဲ့မွေးနေ့မှာ ဘုန်းကြီးကျောင်းမှာဆွမ်းကပ်ကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် ဝတ်မှုံရွှေရည်က သူမနဲ့ ဖွေးဖွေးတို့ အတူတူလှူဒါန်းခဲ့ဖူးတဲ့ ကျောင်းဆောင်ရှေ့မှာလည်း အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ပြီး ပရိသတ်တွေကို ပြသလာပါတယ်။ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ကတော့
နာမည်ကြီးထိပ်တန်းမင်းသမီးတွေဖြစ်သလို ဆွေမျိုးရင်းတွေလည်းဖြစ်တာမို့ နှစ်ဖက်အဖိုး၊ အဖွားတွေနဲ့ ဆွေမျိုးတွေကိုရည်စူးပြီး ကျောင်းဆောင်တစ်ဆောင်ဆောက်လုပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
နိုင္ငံေက်ာ္ထိပ္တန္းမင္းသမီးႏွစ္ေယာက္ျဖစ္တဲ့ အကယ္ဒမီေဖြးေဖြးနဲ႕ အကယ္ဒမီဝတ္မႈံေ႐ႊရည္တို႔ဟာ ေသြးသားနီးစပ္ေတာ္တဲ့ ညီအစ္မတစ္ဝမ္းကြဲေတြပဲျဖစ္ပါတယ္။
တစ္ရက္ႀကီး တစ္ရက္ငယ္ညီအစ္မေတြျဖစ္တဲ့ ေဖြးေဖြးနဲ႕ ဝတ္မႈံေ႐ႊရည္တို႔ဟာ အႏုပညာအလုပ္ေတြအတူတူလုပ္ကိုင္တာ ရွားပါးတယ္ဆိုေပမယ့္ အျပင္မွာေတာ့ မိသားစုေတြပီပီ
တစ္ေယာက္နဲ႕တစ္ေယာက္ အဆက္အသြယ္ရွိၾကတာပဲျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ၾသဂုတ္လ (၉) ရက္ေန႕နဲ႕ (၁၀) ရက္ေန႕ကေတာ့ ေဖြးေဖြးနဲ႕ ဝတ္မႈံေ႐ႊရည္တို႔ရဲ႕ေမြးေန႕ေလးျဖစ္ၿပီး
ေဖြးေဖြးကေတာ့ ေမြးေန႕မွာ အေထြအထူးမလုပ္ျဖစ္ခဲ့ေပမယ့္ ဝတ္မႈံေ႐ႊရည္ကေတာ့ သူမရဲ႕ေမြးေန႕မွာ ဘုန္းႀကီးေက်ာင္းမွာဆြမ္းကပ္ကုသိုလ္ယူခဲ့တာပဲျဖစ္ပါတယ္။
ဒါ့အျပင္ ဝတ္မႈံေ႐ႊရည္က သူမနဲ႕ ေဖြးေဖြးတို႔ အတူတူလႉဒါန္းခဲ့ဖူးတဲ့ ေက်ာင္းေဆာင္ေရွ႕မွာလည္း အမွတ္တရဓာတ္ပုံရိုက္ကူးခဲ့ၿပီး ပရိသတ္ေတြကို ျပသလာပါတယ္။ေဖြးေဖြးနဲ႕ ဝတ္မႈံေ႐ႊရည္တို႔ကေတာ့
နာမည္ႀကီးထိပ္တန္းမင္းသမီးေတြျဖစ္သလို ေဆြမ်ိဳးရင္းေတြလည္းျဖစ္တာမို႔ ႏွစ္ဖက္အဖိုး၊ အဖြားေတြနဲ႕ ေဆြမ်ိဳးေတြကိုရည္စူးၿပီး ေက်ာင္းေဆာင္တစ္ေဆာင္ေဆာက္လုပ္လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္။ ခရက္ဒစ္
Leave a Reply