
သရုပ်ဆောင် မြတ်နိုးအေး ကတော့ နွေဦးတော်လှန်ရေးအစထဲက ပြည်သူတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ခဲ့ပြီး လမ်းမထက်မှာ အတူတကွဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
ဒါအပြင် ဆိုရှယ်မီဒီယာတွေဖြစ်ကြတဲ့ Facebook , Instagram , Twitter နဲ့ Tiktok မှာ လည်း မြန်မာပြည်ရဲ့အခြေအနေတွေကို Speak out လုပ်ပေးခဲ့တာသူလဲ ဖြစ်ပါတယ်။လက်ရှိမှာ မြတ်နိုးအေး ကတော့
ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခံထားရပြီးနောက် လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ ၁၅ ရက်နေ့ကတော့ သရုပ်ဆောင် မြတ်နိုးအေး ရဲ့ ၂၆ နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။
မွေးနေ့အထိမ်းအမှတ်အနေနဲ့ မြတ်နိုးအေး ဟာ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ စာသားလေးတစ်ချို့ ရေးသားထားပါတယ်။ ” အသက် တစ်နှစ်ကြီးလာပြီအိမ်နဲ့အဝေးကို ရွှေ့ရင်းပြောင်းရင်း၊
အိပ်မက်တွေနဲ့ အဝေးကို ပြေးရင်းလွှားရင်း၊ စိတ်ဓါတ်တွေ တက်လိုက်ကျလိုက် ဖြစ်ရင်းနဲ့ ဖြတ်သန်းရတဲ့ ဒုတိယမြောက်မွေးနေ့ပေါ့။ ဒါပေမယ့်လည်း ဘာတွေပဲ ဒုက္ခရောက်ရောက်ပါ
အနောက်ကိုပြန်လှည့်ကြည့်လိုက်တိုင်း ကိုယ့်သမိုင်းမှာ နောင်တမရစေမယ့် ရပ်တည်ချက်နဲ့ ခံယူချက်တွေအတွက်တော့ လိပ်ပြာလုံလို့ ကျေနပ်ရပါတယ်။ရင်းခဲ့ရတဲ့ ငယ်ရွယ်နုပျိုမှုတွေ ဘဝတွေ အိပ်မက်တွေ ကတော့
ထားပါတော့လေ။ ကိုယ့်ထက်စွန့်လွှတ်ရတဲ့သူတွေကြားထဲမှာ ကိုယ့်ဆုံးရှုံးမှုတွေကို အသေးစိတ်ထိုင်ညည်းဖို့ မရဲဘူးလေ အသက်ကြီးလာလို့ ရင့်ကျက်သွားတာပဲလား ကြုံခဲ့ရတဲ့ အခြေအနေတွေကြောင့်ပဲလားတော့မသိဘူး
ဒီနှစ်မွေးနေ့မှာ အရင်တုန်းကလို အထူးတလည် ရင်ခုန်ပြီးတော့ ကျင်းပချင်စိတ်လည်း မရှိနေဘူး။ အတ္တတွေနဲ့ နောင်ဘဝ ဘာဖြစ်ပါစေ ညာဖြစ်ပါစေတွေနဲ့ တစ်ကိုယ်ရည်အကျိုးမျှော်မှန်းပြီးလည်း မလှူတန်းချင်တော့ဘူး။
တစ်ကိုယ်ရည်အကျိုးထက် ရင်းထားရတဲ့ ကိုယ့်ရဲ့တော်လှန်ရေး ရဲဘော်တွေ အားလုံး၊ ပြည်သူတွေအားလုံး လွတ်မြောက်နိုင်ဖို့ အကျိုးအတွက်ပဲ လှူချင်စိတ်ရှိတော့တယ်။” လို့ရေးသားထားပါတယ်။
မြတ်နိုးအေးဟာ အမှန် တရားဘက်က ရပ်တည်ခဲ့တဲ့ အတွက် လိပ်ပြာ လုံပြီး ဂုဏ်ယူမဆုံး ဖြစ်နေမိတယ်လို့ သူမရဲ့မွေးနေ့အမှတ်တရအနေနဲ့ ပြောပြထားတာကိုလဲ တွေ့ရပါတယ်။
ဒီကနေ့ကျရောက်တဲ့ မွေးနေ့မှစပြီး ဘေးကင်းကျန်းမာစွာနဲ့ မိသားစုနဲ့အတူ အမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
သ႐ုပ္ေဆာင္ ျမတ္နိုးေအး ကေတာ့ ေႏြဦးေတာ္လွန္ေရးအစထဲက ျပည္သူေတြနဲ႕ အတူ တစ္သားတည္း ရပ္တည္ခဲ့ၿပီး လမ္းမထက္မွာ အတူတကြဆႏၵထုတ္ေဖာ္ခဲ့သူတစ္ဦးျဖစ္ပါတယ္။
ဒါအျပင္ ဆိုရွယ္မီဒီယာေတြျဖစ္ၾကတဲ့ Facebook , Instagram , Twitter နဲ႕ Tiktok မွာ လည္း ျမန္မာျပည္ရဲ႕အေျခအေနေတြကို Speak out လုပ္ေပးခဲ့တာသူလဲ ျဖစ္ပါတယ္။လက္ရွိမွာ ျမတ္နိုးေအး ကေတာ့
ပုဒ္မ ၅၀၅ နဲ႕တရားစြဲဆိုခံထားရၿပီးေနာက္ လြတ္ေျမာက္နယ္ေျမတစ္ေနရာကို ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။ ဒီကေန႕ ၾသဂုတ္လ ၁၅ ရက္ေန႕ကေတာ့ သ႐ုပ္ေဆာင္ ျမတ္နိုးေအး ရဲ႕ ၂၆ ႏွစ္ျပည့္ေမြးေန႕ေလးပဲ ျဖစ္ပါတယ္။
ေမြးေန႕အထိမ္းအမွတ္အေနနဲ႕ ျမတ္နိုးေအး ဟာ သူမရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ စာသားေလးတစ္ခ်ိဳ႕ ေရးသားထားပါတယ္။ ” အသက္ တစ္ႏွစ္ႀကီးလာၿပီအိမ္နဲ႕အေဝးကို ေ႐ႊ႕ရင္းေျပာင္းရင္း၊
အိပ္မက္ေတြနဲ႕ အေဝးကို ေျပးရင္းလႊားရင္း၊ စိတ္ဓါတ္ေတြ တက္လိုက္က်လိဳက္ ျဖစ္ရင္းနဲ႕ ျဖတ္သန္းရတဲ့ ဒုတိယေျမာက္ေမြးေန႕ေပါ့။ ဒါေပမယ့္လည္း ဘာေတြပဲ ဒုကၡေရာက္ေရာက္ပါ
အေနာက္ကိုျပန္လွည့္ၾကည့္လိုက္တိုင္း ကိုယ့္သမိုင္းမွာ ေနာင္တမရေစမယ့္ ရပ္တည္ခ်က္နဲ႕ ခံယူခ်က္ေတြအတြက္ေတာ့ လိပ္ျပာလုံလို႔ ေက်နပ္ရပါတယ္။ရင္းခဲ့ရတဲ့ ငယ္႐ြယ္ႏုပ်ိဳမႈေတြ ဘဝေတြ အိပ္မက္ေတြ ကေတာ့
ထားပါေတာ့ေလ။ ကိုယ့္ထက္စြန့္လႊတ္ရတဲ့သူေတြၾကားထဲမွာ ကိုယ့္ဆုံးရႈံးမႈေတြကို အေသးစိတ္ထိုင္ညည္းဖို႔ မရဲဘူးေလ အသက္ႀကီးလာလို႔ ရင့္က်က္သြားတာပဲလား ႀကဳံခဲ့ရတဲ့ အေျခအေနေတြေၾကာင့္ပဲလားေတာ့မသိဘူး
ဒီႏွစ္ေမြးေန႕မွာ အရင္တုန္းကလို အထူးတလည္ ရင္ခုန္ၿပီးေတာ့ က်င္းပခ်င္စိတ္လည္း မရွိေနဘူး။ အတၱေတြနဲ႕ ေနာင္ဘဝ ဘာျဖစ္ပါေစ ညာျဖစ္ပါေစေတြနဲ႕ တစ္ကိုယ္ရည္အက်ိဳးေမွ်ာ္မွန္းၿပီးလည္း မလႉတန္းခ်င္ေတာ့ဘူး။
တစ္ကိုယ္ရည္အက်ိဳးထက္ ရင္းထားရတဲ့ ကိုယ့္ရဲ႕ေတာ္လွန္ေရး ရဲေဘာ္ေတြ အားလုံး၊ ျပည္သူေတြအားလုံး လြတ္ေျမာက္နိုင္ဖို႔ အက်ိဳးအတြက္ပဲ လႉခ်င္စိတ္ရွိေတာ့တယ္။” လို႔ေရးသားထားပါတယ္။
ျမတ္နိုးေအးဟာ အမွန္ တရားဘက္က ရပ္တည္ခဲ့တဲ့ အတြက္ လိပ္ျပာ လုံၿပီး ဂုဏ္ယူမဆုံး ျဖစ္ေနမိတယ္လို႔ သူမရဲ႕ေမြးေန႕အမွတ္တရအေနနဲ႕ ေျပာျပထားတာကိုလဲ ေတြ႕ရပါတယ္။
ဒီကေန႕က်ေရာက္တဲ့ ေမြးေန႕မွစၿပီး ေဘးကင္းက်န္းမာစြာနဲ႕ မိသားစုနဲ႕အတူ အျမန္ဆုံးျပန္လည္ဆုံစည္းနိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။ ခရက္ဒစ္
Leave a Reply