ပရိသတ်ကြီးရေ အဆိုတော်အစ္စဏီကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အစ္စဏီဟာ အောင်မြင်မှုတွေရရှိနေဆဲအချိန်မှာပဲသူ့ရဲ့လူမှုရေးပြဿနာအရှုပ်အရှင်းတွေကြောင့် အကျဉ်းကျခံနေခဲ့ရပြီး အခုဆိုရင် ပြန်လည်လွတ်မြောက်လာပြီးနောက်
အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေလျက်ရှိပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ အစ္စဏီက မိခင်ကြီးနဲ့အတူ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကိုလုပ်ကိုင်ပြီး
အေးချမ်းစွာနဲ့ ဘဝကိုဖြတ်သန်းနေခဲ့ပါတယ်။ အဆိုတော်တစ်ယောက်အဖြစ် သီချင်းဆိုတဲ့အလုပ်အပြင် အခြားသောအလုပ်အကိုင်တွေလုပ်ကိုင်နေတဲ့ အစ္စဏီဟာ ဒီကနေ့မှာတော့ သူရဲ့အလုပ်အကိုင်အသစ်ကို
ပရိသတ်တွေဆီပြောပြလာပါတယ်။အစ္စဏီက “အစ္စဏီ အနုပညာအလုပ်အပြင် ဘာလုပ်လဲလို့မေးနေကြလို့ပါကျွန်တော်အခု Beer Beverage Wholesaler လုပ်နေပါတယ်။ အဓိက Corona Beer Budweiser Beer နဲ့
Heineken Beer တို့ ကို ဖြန့်ချီ ရောင်းချပေးနေပါပြီ။ ဝါတွင်းဆိုတော့ ပြောရမှာအားနာတယ်ဗျာ ” ဆိုပြီး အရက်ဘီယာတွေ လက်ကားရောင်းချတဲ့အလုပ်ကို လုပ်ကိုင်နေတယ်လို့ပြောလာပါတယ်။
အစ္စဏီကတော့ မိခင်ကိုရှာဖွေကျွေးမွေးနေရသူတစ်ယောက်ပီပီ အဆိုတော်အလုပ်အပြင် စီးပွားရေးအလုပ်တွေလုပ်ကိုင်နေလျက်ရှိပြီပဲဖြစ်ပါတယ်။
မိခင်ကြီးအပေါ်သိတတ်လွန်းတဲ့ သားလိမ္မာလေး အစ္စဏီရဲ့ အလုပ်အကိုင်တွေအဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply