သားဖြစ်သူ နိုဝါ‌လေးအား အနီးကပ်ပြုစုရင်း ကိုဗစ်ကူးစက်ခံလိုက်ရကြောင်း ပြောလာတဲ့ ဇဏ်ခီ
ကိုဗစ်ဖြစ်နေတဲ့ ချစ်ရတဲ့တစ်ဦးတည်းသော သားလေးနိုဝါကို ကိုယ်တိုင်အနီးကပ် ဂရုစိုက်ပြုစုရင်း သူကိုယ်တိုင်ပါ ကူးစက်သွားကြောင်း
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပရိသတ်ကြီးအား ပြောပြလာတဲ့ ဇဏ်ခီပရိသတ်ကြီးရေ ခီမောင်နှံ ဟာဆိုရင် ပြောင်မြောက်လှတဲ့ အရည်အသွေးရှိတဲ့ ဇာတ်ကားတွေနဲ့ အနုပညာလောကကို ဝင်ရောက်လာခဲ့ကြတဲ့အရည်အချင်းပြည့်ဝသော
အနုပညာမောင်နှံ နှစ်ဖော် ဖြစ်ပါတယ်နော်။ မင်းသားဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီ ဆိုပြီး ခွဲခြား မမြင်တော့ဘဲ ခီမောင်နှံရယ်ဆိုပြီး ပရိသတ်တွေက ပူးတွဲချစ်ခင်ခြင်းကို ခံခဲ့ရတဲ့ သူတို့နှစ်ဦးဟာ ဒါရိုက်တာနဲ့ မင်းသား
လိုက်ဖက်ညီလွန်းလှသလို လက်တွေ့ဘဝမှာလည်း ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တာ ဖြစ်ပြီး ခီမောင်နှံ ဟာ တစ်ဦးတည်းသော သားလေးကိုလည်း ပိုင်ဆိုင်ထားပြီး
သားလေး နိုဝါကိုလည်း ပရိသတ်တွေက ချစ်နေရတာပါနော်။ ယနေ့မှာ ဆိုရင်တော့ ချစ်ရတဲ့သားလေး ကိုဗစ်ဖြစ်နေလို့ ပြုစုပေးရင်းနဲ့ သူ့ကိုပါ ကူးစက်သွားကြောင်းပရိသတ်ကြီးအား ဇဏ်ခီမှ အသိပေး ပြောပြလာပါတယ်။
ဇဏ်ခီက “ကိုင်း ကျနော်တို့ရဲ့ဘော့စ် ကိုကိုနိုဝါကို ဝိုင်းပြုစုရင်းနဲ့ သူ့ရဲ့ “၂ကြောင်းဂိုဏ်း” ထဲကို ကျနော် ပါဝင်သွားပါပြီ။ မခရစ္စ ကတော့ ခုထိ Wonder Woman ဖြစ်နေတုန်းဆိုပေမယ့် သိပ်မဟန်ဘူး။
သူလည်းမကြာခင် ၂ကြောင်းဂိုဏ်းထဲ join ရတော့မယ် ထင်ပါတယ်။လောလောဆယ် ကျနော်တို့တွေ အိမ်မှာ isolation လုပ်နေပါတယ်။ မဲကိစ္စအတွက်ကတော့ ကျနော်တို့ team ဆက်ပြီး လုပ်ကိုင်နေကြပါတယ်။
စာရင်းပိတ်နိုင်ဖို့ ၅%လောက်ပဲ ကျန်ပါတော့တယ်။ အခေါက်တိုင်းကြုံခဲ့တဲ့အတိုင်းပဲ နောက်ဆုံးကျန်တဲ့ သူတွေ အများစုကတော့ ကျနော်တို့ကို ပေးတဲ့နာမည်နဲ့ ဘဏ်ထဲကို ဝင်လာတဲ့နာမည်နဲ့ မတူတာကြောင့်ရယ်
ပြီးတော့ လက်မှတ်ဝယ်ပြီး ss မပို့ပေးသေးတာရယ် ကြောင့်ပါ။ စာရင်းအမြန်ဆုံး ပိတ်နိုင်ဖို့အတွက် အပေါ်ကအချက်နှစ်ချက်နဲ့ အကျုံးဝင်သူများ ကျေးဇူးပြုပြီး page ကို ဆက်သွယ်ပေး ကြပါဦးခင်ဗျ။
မဲဖေါက်ပေးဖို့ ရက်ကတော့ ခဏလေး စောင့်ပေးကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ်။ ကိုဗစ်နဲ့ကိစ္စပြတ်သွားရင် ပြန်ပြောပါ့မယ်။ အားလုံးလည်း ကျန်းမာရေး ဂရုစိုက်ကြပါဦး။” ဆိုပြီး
သားလေးနိုဝါကို အနီးကပ်ပြုစုပေးရင် ကိုယ်တိုင်လည်း ကိုဗစ်ပေါ့စတစ် ဖြစ်သွားပြီ ဖြစ်ကြောင်း ပြောကြားရင်းတော်လှန်ရေးအတွက် စီစဥ်ဆောင်ရွက်နေသော မဲကိစ္စအတွက်လည်း
လိုအပ်တာလေးတွေ ပြောကြားကာ အသိပေးသွားတာ ဖြစ်ပါတယ်နော် ပရိသတ်ကြီး။ ခီမောင်နှံကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်ကြီးတို့ကလည်း ဇဏ်ခီတို့သားအဖ ပြန်လည်ကျန်းမာလာအောင် ဝိုင်း၀န်းဆုတောင်းပေးကြပါအုံးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*